ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ကြေညာခြင်း (၂၀၂၁) ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့သည် ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ဖြစ်သည့်အတွက် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်
မြင့်မားသောအတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းသစ် လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ ကမ္ဘောဇဘဏ်မှ customer များအတွက် ပိုမိုများပြားသော အတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းအား မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ Customer များအနေဖြင့် ကမ္ဘောဇဘဏ် ရက် ၃၀ အထူးငွေသား စာရင်းသေအပ်ငွေစာရင်းအား တစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် သွားရောက်ဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။ ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေ စာရင်းသစ်အား အောက်ပါ customer များမှ ပေးသွင်းငွေ ကျပ်ငွေ ၁,၀၀၀,၀၀၀ ဖြင့် ဖွင့်လှစ်နိုင်ပါသည်။ လူပုဂ္ဂိုလ်များ (တစ်ဦးချင်း သို့မဟုတ် နှစ်ဦး၊ သုံးဦးစသဖြင့် တွဲဖက်စာရင်းများ) အဖွဲ့အစည်းများ (NGO, INGO, Pagoda Trustees, Universities, etc)...
သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များ ကြေညာခြင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိသည် သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများ အားလုံးကို ပိတ်ထားမည်ဖြစ်ပြီး ပိတ်ရက်များအတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZ iBanking/mBanking နှင့် KBZPay များမှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၀၀ကျော်တွင် Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Service ဝန်ဆောင်မှုအား ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ Customer များ ပိုမိုအဆင်ပြေစေရန်အတွက် Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Service ဝန်ဆောင်မှုအား မြန်မာနိုင်ငံအနှံ့ရှိ ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၀၀ကျော်တွင် ငွေပမာဏ အကန့်အသတ်မရှိ (No Withdrawal Limit) ၊ တုံကင်ယူရန်မလို (No Token) စနစ်ဖြင့် ပိုမိုလွယ်ကူလျင်မြန်စွာ ငွေသားထုတ်ယူနိုင်ပြီဖြစ်ပါသည်။ အသေးစိတ်သိရှိလို့ပါက KBZ Bank Call Center 09951018555 (သို့)Phone: 01-2307162, 09-443211683 Email: kbz.westernunion@kbzbank.com တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Serviceဝန်ဆောင်မှုရယူနိုင်သည့် ဘဏ်ခွဲစာရင်းများ ကြည့်ရူရန် - ဘဏ်ခွဲများစာရင်း
အောက်တိုဘာလအတွင်း ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း KBZ i/mBanking တို့မှတဆင့် အခမဲ့ငွေလွှဲနိုင်ခြင်း ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များအနေဖြင့် အောက်တိုဘာလအတွင်း KBZ mBanking နှင့် iBanking တို့မှတဆင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်းအတွက် မြန်မာကျပ်ငွေကို မည်သည့် ငွေလွှဲပမာဏမဆို ငွေလွှဲခ "အခမဲ့" ဖြင့် လွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း
(၂၀၂၁)ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့အား ဘဏ္ဍာရေး နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်ပိတ်ရက်အဖြစ်ကြေညာခြင်း (၂၀၂၁) ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့သည် ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်းဆောင်ရွက်သည့် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့်
ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ဆောင်ရွက်မည်ဖြစ်သောကြောင့် အွန်လိုင်းဘဏ်ဝန်ဆောင်မှုများ ယာယီပြတ်တောက်မှုအား ကြိုတင်အသိပေးခြင်း ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသောကြောင့် iBanking၊ mBanking အပါအဝင် ATM ဝန်ဆောင်မှုများ၊ MPU E-commerce နှင့်သက်ဆိုင်သေ
ကမ္ဘောဇဘဏ်၏ စာရင်းသေအပ်ငွေစာရင်း customer များသို့ ကြေညာချက် လေးစားအပ်ပါသော စာရင်းသေအပ်ငွေစာရင်း customer များသို့ ကမ္ဘောဇဘဏ်အား ယုံကြည်စိတ်ချစွာရွေးချယ်ပြီး လူကြီးမင်း၏ ငွေကြေးများကို ကမ္ဘောဇဘဏ်တွင် စာရင်းသေအပ်ငွေစာရင်း အဖြစ် ရင်းနှီးမြှုပ်နှံခြင်းအတွက် အထူးကျေးဇူးတင်ရှိပါသည်။ လူကြီးမင်းအား ပိုမိုကောင်းမွန်သည့် ငွေကြေးစီမံခန့်ခွဲမှု နှင့် စာရင်းသေအပ်ငွေစာရင်းအပါအဝင် အခြားသော အချက်အလက်များအား ပိုမိုကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ရန် အစွမ်းကုန်ကြိုးစားလျှက်ရှိပါသည်။ လူကြီးမင်း၏ ငွေကြေးအား ရင်းနှီးမြှုပ်နှံနိုင်ရန် ကျေးဇူးပြု၍ အောက်ဖော်ပြပါ စာရင်းသေအပ်ငွေစာရင်း အတိုးနှုန်းများ နှင့် သက်တမ်းများအား ရည်ညွှန်းကိုးကား နိုင်ပါသည်။ ကမ္ယောဇဘဏ်တွင် စာရင်းသေအပ်ငွေစာရင်းအကောင့် ဖွင့်လိုပါကလည်း ဘဏ်ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ Normal Fixed DepositTenorIndividual/JointCorporate30 Days7.5%-60 days7.75%-90 days8%-180 days6.6%-270 days6.75%-360 days7.25%-720 days7.75%-1080...
လွယ်ကူစွာ ငွေသားထုတ်ယူနိုင်သည့် ငွေစာရင်းအကောင့်သစ်_ငွေစုဘဏ်အပ်ငွေစာရင်း Customer များအနေဖြင့် သတ်မှတ်ချက်များမရှိပဲ ငွေအပ်နှံခြင်း၊ ငွေထုတ်ယူခြင်းများ ပြုလုပ်နိုင်သော ငွေစာရင်းအကောင့်သစ်များဖြစ်သည့် ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်းတို့အပြင် ငွေစုဘဏ်အပ်ငွေစာရင်းကိုပါ ကမ္ဘောဇဘဏ်မှ ထပ်မံမိတ်ဆက်လိုက်ပါသည်။
Western Union (Inbound ငွေလွှဲပေးပို့ခြင်း) အထူးဝန်ဆောင်မှုကို ဘဏ်ခွဲပေါင်း (၅၀)တွင် လုပ်ဆောင်နိုင်ပါပြီ လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်ခွဲပေါင်း(၅၀)တွင် Western Union (Inbound ငွေလွှဲပေးပို့ခြင်း) ၏ အထူးဝန်ဆောင်မှုတစ်ရပ်ကို လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ ယင်းဝန်ဆောင်မှုမှာ ထုတ်ယူမည့်ငွေပမာဏကို ကန့်သတ်ထားခြင်းမရှိဘဲ မိမိထုတ်ယူလိုသည့် ပမာဏအတိုင်း အလွယ်တကူထုတ်ယူနိုင်မည့်အပြင် ငွေထုတ်ယူမည့် customer များအနေဖြင့် appointment ယူစရာမလိုဘဲ လိုအပ်သောစာရွက်စာတမ်းများနှင့်တကွ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်ထုတ်ယူနိုင်ပါသည်။ ■ ငွေလွှဲသူအမည်■ ငွေလွှဲလိုက်သည့်နိုင်ငံ■ ငွေလက်ခံမည့်သူ၏မှတ်ပုံတင်■ MTCN နံပါတ် (ငွေလွှဲသူမှ ငွေလွှဲလက်ခံမည့်သူထံသို့ ပေးပို့ထားသော ဂဏန်း၁၀လုံး ကုတ်နံပါတ်)■ ထုတ်ယူမည့်ငွေပမာဏ ငွေသားထုတ်ယူမည့်သူဘက်မှ ဝန်ဆောင်ခပေးဆောင်ရန်မလိုအပ်ပါ။ ဝန်ဆောင်မှုရရှိနိုင်သော ဘဏ်ခွဲများစာရင်းကို အောက်ဖော်ပြပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။ အသေးစိတ်သိရှိလို့ပါက Email: ...