Lien Loan mm

Home / Lien Loan mm

Lien Loan ဆိုသည်မှာ မိမိတို့ အပ်ငွေစာရင်းရှိ အပ်ငွေ လက်ကျန်ကို အပေါင်ပြု၍  ချေးငွေရယူခြင်း ဖြစ်ပါသည်။ Customer များအနေဖြင့်  မိမိတို့၏ အတိုးဝင်ငွေဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ရန်အတွက် Lient Loan ကိုလျှောက်ထားရယူနိုင်ပါသည်။

ကိုလျှောက်ထားမည်ဆိုပါက မိမိတို့ ငွေစုဘဏ်စာရင်း နှင့် စာရင်းသေအပ်ငွေစာရင်းများ ဖွင့်လှစ်ထားသော ဘဏ်ခွဲတွင်သာ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • နိုင်ငံသား မှတ်ပုံတင်ကတ်
  • အိမ်ထောင်စုစာရင်း
  • နေထိုင်ကြောင်းထောက်ခံစာ

Fixed Deposit အာမခံချေးငွေကို ဘဏ်ခွဲတွင်သာမက Fixed Deposit သက်တမ်းအလိုက် i/mBanking မှတဆင့် လျှောက်ထားနိုင်ပြီး  Fixed Deposit သက်တမ်းကုန်ဆုံးသည့်အချိန်တွင် ချေးငွေကို အလိုအလျောက် ပြန်လည်ပေးဆပ်သွားမည်ဖြစ်ပါသည်။ ချေးငွေကို သက်တမ်းမပြည့်ခင်ကြိုတင်၍ ပေးဆပ်လိုပါက အနည်းဆုံး ပမာဏအနေဖြင့် ချေးငွေ၏ ၅၀ ရာခိုင်နှုန်းမှစ၍ (၂) ကြိမ်အထိခွဲ၍ ပြန်လည် ပေးဆပ်နိုင်ပါသည်။ အတိုးကို လစဥ်ကောက်ခံသွားမည်ဖြစ်ပြီး အတိုးပေးရန် နောက်ကျခဲ့ပါက လစဥ်ပေးဆောင်ရမည့် အတိုးပမာဏပေါ် တွင် နောက်ကျကြေး ၁၂ % ပေးဆောင်ရမည်ဖြစ်ပါသည်။

Benefit

လွယ်ကူအဆင်ပြေသော နည်းလမ်းများဖြင့် ချေးငွေအား ပြန်လည်ပေးဆပ်နိုင်ပါသည်။

ချေးငွေခွင့်ပြုသည့် လုပ်ငန်းစဉ် မြန်ဆန်သောကြောင့် ချေးငွေကို မြန်မြန်ဆန်ဆန်ရရှိနိုင်ပါသည်။

ချေးငွေကို စာရွက်စာတမ်းများစွာ မလိုအပ်ဘဲ အလွယ်တကူ လျှောက်ထားနိုင်ပါသည်။

Other Information

  • Interest

၁၂%

  • Service Charges

၀.၅%

  • Holiday Treatment

ချေးငွေ လျှောက်ထားခြင်း

– i/mBanking မှတဆင့် ချေးငွေလျှောက်ထားသောရက်သည် ဘဏ်ပိတ်ရက်ဖြစ် ပါက ရုံးဖွင့်ရက်မှသာလျှောက်ထား သောချေးငွေပမာဏ ကိုသုံးစွဲနိုင်မည်ဖြစ်ပါသည်။

ချေးငွေ ပြန်လည်ပေးဆပ်ခြင်း

– ချေးငွေသက်တမ်းကုန်ဆုံးရက်သည် ဘဏ်ပိတ်ရက်ဖြစ်ပါက ဘဏ်ပိတ်ရက်မတိုင်မီ ရုံးဖွင့်ရက်တွင် ချေးငွေပမာဏကို နှုတ်ယူမည်ဖြစ်ပါသည်။

– i/mBanking မှတဆင့် ချေးယူထားသော ချေးငွေသက်တမ်းမကုန်ဆုံးခင် ဘဏ်ပိတ်ရက်၌ ချေးငွေကို ကြိုတင်ပေးဆပ်လိုပါက ပေးဆပ်ရမည့်အတိုးအား ရုံးဖွင့်ရက်အထိ တွက်ချက် ကောက်ခံသွားမည်ဖြစ်ပါသည်။