Announcements

အခြေခံဘဏ်ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်သွားနိုင်ရန် နံနက် ၉နာရီခွဲမှ နေ့လည် ၂ နာရီအထိ ဘဏ်ခွဲများဖွင့်လှစ်ထားမည်

အခြေခံဘဏ်ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်သွားနိုင်ရန် နံနက် ၉နာရီခွဲမှ နေ့လည် ၂ နာရီအထိ ဘဏ်ခွဲများဖွင့်လှစ်ထားမည်

ကမ္ဘောဇဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ဝန်ထမ်းလုံလောက်မှု အခက်အခဲများ ကြုံတွေ့နိုင်ပါသောကြောင့် လူကြီးမင်းတို့အနေဖြင့် စိတ်ရှည်သီးခံနားလည်ပေးကြပါရန် အထူးမေတ္တာရပ်ခံလိုပါသည်။ အချိန်တိုအတွင်း ဘဏ်ခွဲများ ဖွင့်ခြင်း၊ ပိတ်ခြင်းတို့ရှိနိုင်ပါသဖြင့် အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါသည်။ 

ကမ္ဘောဇဘဏ်ခွဲများကို အများပြည်သူ အလုပ်ပိတ်ရက်များအတွင်း ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း

ကမ္ဘောဇဘဏ်ခွဲများကို အများပြည်သူ အလုပ်ပိတ်ရက်များအတွင်း ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့သည် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်ပါသောကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း

System Downtime Alert

System Downtime Alert

System maintenance ပြုလုပ်သွားမည်ဖြစ်သောကြောင့် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ည(၁၀:၀၀) နာရီမှ ၁၇ ရက်နေ့ မနက်(၆:၀၀) နာရီအထိ KBZ Bank ၀န်ဆောင်မှုအများစုကို ခေတ္တအသုံးပြုနိုင်မည် မဟုတ်ပါကြောင်း

MPU Debit ကတ် စတင်အသုံးပြုရန်  အီလတ်ထရောနစ် PIN နံပါတ်

MPU Debit ကတ် စတင်အသုံးပြုရန် အီလတ်ထရောနစ် PIN နံပါတ်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ  ၂၀၂၁ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့မှစ၍ customer များ MPU Debit ကတ် လျှောက်ထားပါက (သို့) ကတ်အသစ်ပြန်လည် လဲလှယ်ပါက E-PIN  (OTP ကုဒ်) အား ဘဏ်တွင်မှတ်ပုံတင်ထားသော ဖုန်းနံပါတ် သို့ ပေးပို့သွားမည် ဖြစ်ပါသည်။ Customer များအနေဖြင့် PIN ပေးပို့လာမည့် စာအိတ်အား စောင့်ဆိုင်းရန်မလိုအပ်တော့ပါ။ MPU Debit ကတ်အား စတင်အသုံးပြုရန်၊ customer များအနေဖြင့် နီးစပ်ရာ ဘဏ်ခွဲသို့ သွားရောက်၍ အောက်ပါအချက်များကို လုပ်ဆောင်ရပါမည်။ ၁။ ATM စက်ထဲသို့ MPU Debit ကတ်အား ထည့်ပါ။ ၂။ သင်၏ ဖုန်းသို့ပေးပို့သော OTP ကုဒ် ၆လုံးအား ရိုက်ထည့်ပါ။...

Prepaid Card Top Up Limit

Prepaid Card Top Up Limit

လေးစားအပ်ပါသော KBZ Prepaid Card အသုံးပြုသူ customer များ  Prepaid card များ၏ top up ပြုလုပ်နိုင်သော နေ့စဉ်ပမဏအား USD 500.00 အထိ ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။  Customer များအနေဖြင့် Visa နှင့် Master prepaid card များကို KBZ m/iBanking မှဖြစ်စေ (သို့မဟုတ်) ကမ္ဘောဇဘဏ်ခွဲကောင်တာများတွင် ဖြစ်စေ သွားရောက်ပြီး top up ပြုလုပ်နိုင်ပါသည်။  KBZ m/iBanking မှ prepaid card top up ပြုလုပ်ပုံအဆင့်ဆင့်  လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။ 

Western Union (Inbound ငွေလွှဲပေးပို့ခြင်း) ဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်ခွဲများတွင် ပြန်လည်လုပ်ဆောင်နိုင်ပါပြီ

Western Union (Inbound ငွေလွှဲပေးပို့ခြင်း) ဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်ခွဲများတွင် ပြန်လည်လုပ်ဆောင်နိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ  မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်ခွဲများတွင် Western Union (Inbound ငွေလွှဲပေးပို့ခြင်း) ဝန်ဆောင်မှုကို ပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ ငွေထုတ်ယူမည့်  customer များအနေဖြင့် ဘဏ်ခွဲများသို့ သွားရောက်သည့်အခါတွင် ငွေလက်ခံသူကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ပြီး ငွေလွှဲသူအမည် နှင့် ငွေလွှဲလိုက်သည့်နိုင်ငံအပါအဝင် အောက်ပါတို့ကို တပါတည်း ယူဆောင်သွားရမည်ဖြစ်ပါသည်။ – မှတ်ပုံတင်– MTCN နံပါတ် (ငွေလွှဲသူမှ ငွေလွှဲလက်ခံမည့်သူထံသို့ ပေးပို့ထားသော ဂဏန်း၁၀လုံး ကုတ်နံပါတ်)– ထုတ်ယူမည့်ငွေပမာဏ  ငွေသားထုတ်ယူရာတွင် မြန်မာကျပ်ငွေဖြင့်သာ ထုတ်ယူနိုင်မည်ဖြစ်ပြီး တစ်ပတ်လျှင် ၅၀၀,၀၀၀ကျပ် ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ငွေသားထုတ်ယူမည့်သူဘက်မှ ဝန်ဆောင်ခပေးဆောင်ရန်မလိုအပ်ပါ။ ဝန်ဆောင်မှုရရှိနိုင်သော ဘဏ်ခွဲများစာရင်းကို အောက်ဖော်ပြပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။ အသေးစိတ်သိရှိလို့ပါက Email:  [email protected] (သို့) Phone: 01-2307162,...

ကမ္ဘောဇဘဏ် Customer များ အနေဖြင့် ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား ကြိုတင် Appointment ရယူပြီးမှသာ လုပ်ဆောင်နိုင်မည်

ကမ္ဘောဇဘဏ် Customer များ အနေဖြင့် ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား ကြိုတင် Appointment ရယူပြီးမှသာ လုပ်ဆောင်နိုင်မည်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား Appointment ရယူရန်မလိုအပ်ဘဲ ကင်းလွတ်ခွင့်များ ရှိနေသည်ဟူသော ကောလဟာလများ ပျံ့နှံ့လျက်ရှိနေသည်ကို ကမ္ဘောဇဘဏ်အနေဖြင့် ကြားသိထားပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့  စိတ်အနှောက်အယှက်ကင်းဝေးစေရန် ငွေသားထုတ်ယူခြင်း ဝန်ဆောင်မှုအား ကြိုတင် Appointment ရယူပြီးမှသာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။   ငွေသားထုတ်ယူလိုသော customer များအနေဖြင့် ကျွန်ုပ်တို့၏ KBZPay အက်ပလီကေးရှင်းမှ တဆင့် ကြိုတင် Appointment ရယူရန် လိုအပ်ပါသည်။ အသေးစိတ်အား အောက်ဖော်ပြပါ လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။  https://bit.ly/3wYWfPy ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အို customer များအနေဖြင့် အသေးစိတ်အချက်အလက်အား 09 9510 18555 သို့မဟုတ် 8555သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

တစ်နှစ်လျှင် အတိုးနှုန်း ၇.၇၅% နှင့် ၈% ရရှိနိုင်သော ကမ္ဘောဇဘဏ်၏ ရက် ၉၀ စာရင်းသေအပ်ငွေစာရင်း အသစ်နှစ်ခု

တစ်နှစ်လျှင် အတိုးနှုန်း ၇.၇၅% နှင့် ၈% ရရှိနိုင်သော ကမ္ဘောဇဘဏ်၏ ရက် ၉၀ စာရင်းသေအပ်ငွေစာရင်း အသစ်နှစ်ခု

2021) ခုနှစ်၊ ဇွန်လ ၁၇ ရက်မှစ၍ ကမ္ဘောဇဘဏ်၏ ရက် ၉၀ စာရင်းသေအပ်ငွေစာရင်းအသစ် နှစ်ခုဖြစ်သော ငွေသားစာရင်းသေမဲ့အပ်နှံခြင်း အတိုးနှုန်း ၇.၇၅% နှင့် အထူးငွေသား စာရင်းသေအပ်နှံခြင်း အတိုးနှုန်း ၈% အားမိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အို Customer များအတွက် Senior Citizens – KBZPay စင်တာအား ဖွင့်လှစ်

ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အို Customer များအတွက် Senior Citizens – KBZPay စင်တာအား ဖွင့်လှစ်

ကမ္ဘောဇဘဏ် အနေဖြင့် ရန်ကုန်မြို့ရှိ အသက် (၆၀) နှင့်အထက် customer များအား ဝန်ဆောင်မှုများ ပေးအပ်ရာတွင် ပိုမိုအဆင်ပြေနိုင်စေရန်အတွက် Senior Citizens – KBZPay စင်တာအား ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေးထားပါသည်။ အဆိုပါ စင်တာတွင် အောက်ပါဝန်ဆောင်မှုများအား တနင်္လာနေ့မှ သောကြာနေ့ မနက် ၉နာရီ ၃၀မိနစ်မှ ညနေ ၃နာရီ အတွင်း ရယူနိုင်မည် ဖြစ်ပါသည်။ ■ KBZPay အကောင့်ဖွင့်လှစ်ခြင်း■ ကိုယ်ပိုင်ဘဏ်အကောင့်အား KBZPay အကောင့်နှင့် ချိတ်ဆက်ခြင်း■ ကမ္ဘောဇဘဏ်နှင့် KBZPay အကောင့်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပြင်ဆင်ခြင်း■ KBZPay အေးဂျင့် မှ ငွေထုတ်ခြင်း (ဝန်ဆောင်ခပေးဆောင်ရမည်ဖြစ်သည်) အထက်ဖော်ပြပါ ဝန်ဆောင်မှုများ ရယူလိုသော သက်ကြီးရွယ်အိုcustomer များအနေဖြင့် 09 9510...

ဇွန်လ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်မှစ၍ Cheque နှင့် Payment Order (PO) ပုံစံအသစ်များကို စတင် ပြောင်းလဲအသုံးပြုပါရန်

ဇွန်လ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်မှစ၍ Cheque နှင့် Payment Order (PO) ပုံစံအသစ်များကို စတင် ပြောင်းလဲအသုံးပြုပါရန်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ကမ္ဘောဇဘဏ်အသုံးပြုသော customer များအနေဖြင့် ၁.၆.၂၀၂၁ ခုနှစ်မှစတင်ပြီး ကမ္ဘောဇဘဏ် နှင့် အခြားမိတ်ဖက်ဘဏ်များ၏ MICR ချက်လက်မှတ်နှင့် PO များအသုံးပြုရာတွင် ပုံစံအသစ်များကို စတင်အသုံးပြုရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။ ချက်လက်မှတ်ပုံစံအဟောင်းနှင့် PO အဟောင်းများကို ဆက်လက်အသုံးမပြုပါရန်လည်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ Customer များအနေဖြင့် cheque နှင့် PO ပုံစံအဟောင်းများ လက်ဝယ်တွင်ရှိပါက ၄.၆.၂၀၂၁ အထိ မိမိတို့ ဘဏ်စာရင်းဖွင့်ခဲ့သော ဘဏ်ခွဲတွင် အခမဲ့လဲလှယ်နိုင်ပါသည်။  ၁.၆.၂၀၂၁ မှ ၄.၆.၂၀၂၁ အတွင်း ချက်လက်မှတ် နှင့် PO ပုံစံအဟောင်းများ အသုံးပြုမှုအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုံစံဟောင်း တစ်စောင်လျှင် ၂,၀၀၀ ကျပ် နှင့် ၇.၆.၂၀၂၁ နောက်ပိုင်းအတွက်...