E-commerce

E-commerce ဆိုသည်မှာ Merchant များအနေဖြင့် Website များပေါ် မှ မိမိတို့ ရောင်းချလိုသော ထုတ်ကုန်ပစ္စည်းများ၊ Service များကို ရောင်းချခြင်း၊ VISA, Master (Debit/Credit) Card နင့် MPU Card ကိုင်ဆောင် သူများအနေဖြင့် Website များပေါ်မှရောင်းချသော ထုတ်ကုန်ပစ္စည်းများကို ၀ယ်ယူ သော စနစ်မျိုးဖြစ်သည်။


E-commerce ရဲ့ အကျိုးကျေးဇူးတွေကဘာတွေရှိလဲ။

E-commerce ကိုသုံးခြင်းဖြင့် အချိန်ကုန်သက်သာပြီး လိုချင်သောပစ္စည်းများကို Website များပေါ်မှ ၀ယ်ယူနိုင် ခြင်း၊ ၂၄ နာရီ ရောင်းဝယ်နိုင်ခြင်း၊ အခြားကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်းနှင့် Merchant များအနေဖြင့် စျေးကွက်ကို နိုင်ငံတကာ အထိချဲ့ထွင်နိုင်ခြင်း၊ ရောင်းအားများမြင့်တင် နိုင်ခြင်းစသော အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

KBZ Payment Gateway ရဲ့ အားသာချက်က ဘာလဲ။

KBZ Payment Gateway ဖြင့် ချိတ်ဆက်ထားသော Website များမှ VISA, Master (Debit/Credit)Card များဖြင့် ငွေပေးချေ နိုင်သည့်အပြင် 3D Secure System ကို အသုံးပြုထားသောကြောင့် ပိုမိုလုံခြုံစိတ်ချရပါသည်။

Payment Gateway ဆိုတာဘာလဲ။

PaymentGateway ဆိုုသည်မှာ ၀ယ်သူနှင့်ရောင်းသူတိ့ု အကြားတွင် ငွေပေး၊ ငွေယူမှုကြားခံဆောင်ရွက်ခြင်းမျိုး ဖြစ်သည်။ ၀ယ်လိုုသူမှှ Websiteများပေါ်တွင် ငွေပေးချေ သည့်အခါ Payment Gateway မှဝယ်ယူသူ၏ ငွေပေးချေမှု စနစ်မှန်ကန်မှုရှိမရှိ စစ်ဆေးပေးပြီး ငွေလက်ခံခြင်းမျိုး ဖြစ်သည်။ သတ်မှတ်ထားသော ကာလသို့ရောက်သောအခါPayment Gatewayမှ Merchant ၏ Bank Accountထဲသို့ငွေပေးချေခြင်းဖြစ်သည်။ ဤသိုု့ဝယ်ယူသူနှင့် ရောင်းသူ
ကြားတွင် ငွေပေး၊ငွေယူ ကိစ္စ ဆောင်ရွက်ခြင်းကိုPayment Gateway ဟုခေါ်ဆိုပါသည်။

MPU Card ကို Ecommerce တွင် အသုံးပြုနိုုင်ပါသလား။

MPU Card ကို Ecommerce တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါသည်။

Why choose KBZ Payment Gateway?

Simple to use

Use KBZs extensive international network to transfer money anywhere in the world

Increase Sale

Open an account in the currency of your choosing (USD, SGD, Euro)

Convenient

Make daily withdrawals of up to $5000

Secure

Get access to all of KBZs latest online banking services

Requirements to access VISA and Master Cards with KBZ Payment Gateway

  • Merchants who want to use KBZ Payment Gateway must have their own E-commerce website with a good security system
  • Must open a Foreign Currency (USD) Company Account in Kanbawza Bank