KBZ Escrow Service and Accounts

  • လူကြီးမင်းတို့၏ ငွေပေး၊ငွေယူဆိုင်ရာကိစ္စရပ်များအားလုံးအတွက် KBZ Bank မှ Escrow Serviceကိုဝန်ဆောင်မှုပေးလျက်ရှိပါသည်။
  • ငွေပေး၊ငွေယူဆိုင်ရာကိစ္စများကိုစာချုပ်စာတမ်းများဖြင့် KBZ Bank မှThird Party Custodian အဖြစ် ကြားခံဆောင်ရွက်ပေးခြင်းကြောင့် လူကြီးမင်းတို့အနေဖြင့် ပိုမိုလုံခြုံသောငွေပေးချေမှုကိုဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
  • ပို့ကုန်/သွင်းကုန်လုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများ၊ မတည်ရင်းနှီးငွေထည့်ဝင်ခြင်း၊လူပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းများ၏ ချေးငွေကိစ္စများကို KBZ Bank မှ Third Party Custodian ကြားခံအနေဖြင့်တိကျသေချာစွာစီမံဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။
  • ဥပမာအားဖြင့် ပစ္စည်းဝယ်ယူရာတွင် ဝယ်ယူသူနှင့် ရောင်းချသူတို့အကြား Escrow Service ကိုအသုံးပြုပါက ဝယ်ယူသူမှပေးရန်ရှိသောကုန်ပစ္စည်းဖိုးကို Bank ၏ Escrow Account တွင်ထည့်ထားပြီးပစ္စည်းရောက်ရှိလာပါကဝယ်ယူသူနှင့် ရောင်းချသူတို့၏ သဘောတူညီမှုအရBank ၏ Escrow Account မှပေးချေပေးခြင်း ဖြစ်ပါသည်။
  • ထို့နည်းတူငွေပေးရန်ရှိသူနှင့်ရရန်ရှိသူတို့အကြားသဘောတူညီချက်ထားရှိမှုပေါ်မူတည်၍ငွေပေး၊ငွေယူကိစ္စရပ်များအားလုံးတွင် KBZ Escrow Service ကိုအသုံးပြုနိုင်ရန် [email protected] (သို့ ) 01-230-7049 သို့ ဆက်သွယ်ဆောင်ရွက် နိုင်ပါသည်။