Trade Finance

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတွင် ပိုမိုပါ၀င်လာသည်နှင့်အမျှ တိုးတက်လာသော လူကြီးမင်းတို့၏ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုအဆင်ပြေစေရန် ငွေပေးချေခြင်း နှင့် ချေးငွေ လိုအပ်ချက်များအတွက် ကျွန်ုပ်တို့၏ KBZ ဘဏ် မှ ကူညီပေးရန် အဆင်သင့်ရှိနေပါသည်။ ကုန်သွယ်ရေး ၀န်ဆောင်မှုများအတွက်သီးခြားအသင်းတစ်ခုထားရှိ၍ လူကြီးမင်းတို့၏ ပို့ကုန်၊သွင်းကုန် ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ အတွက် ပိုမိုမြန်ဆန်၍ ထိရောက်သော ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ KBZ ဘဏ်မှ ကုန်သွယ်ရေးဆိုင်ရာ အောက်ပါဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိပါသည်။

ပို့ကုန်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု

KBZ ဘဏ်မှ လူကြီးမင်းတို့၏ ပို့ကုန်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးလိုအပ်ချက်များ နှင့် လူကြီးမင်းတို့ တင်ပို့ရောင်းချလိုက်သော ကုန်ပစ္စည်း တန်ဖိုးငွေရရှိရန် ကူညီပေးရန် အသင့်ရှိနေပါသည်။ ပို့ကုန်ဆိုင်ရာစုံလင်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသေးစိတ်ကြည့်ရှုနိုင်ရန် ဖိတ်ခေါ်ပါသည်။

သွင်းကုန်ဆိုင်ရာ ဝန်ဆောင်မှု

KBZ ဘဏ်မှ လူကြီးမင်းတို့၏ သွင်းကုန်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးလိုအပ်ချက်များ နှင့် လူကြီးမင်းတို့ မှာယူတင်သွင်းလိုက်သော ကုန်ပစ္စည်း အတွက် ကုန်ဖိုးငွေ ပေးချေရာတွင် ကူညီပေးရန် အသင့်ရှိနေပါသည်။ သွင်းကုန်ဆိုင်ရာစုံလင်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသေးစိတ်ကြည့်ရှုနိုင်ရန် ဖိတ်ခေါ်ပါသည်။

ဘဏ်အာမခဝန်ဆောင်မှု

KBZ ဘဏ်မှ လူကြီးမင်းတို့၏ အကျိုးခံစားခွင့်ရှိသူများအား ငွေပေးချေမှုအာမခံချက်အတွက် ဘဏ်အာမခံပေးခြင်း နှင့် ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးမှုများ လျော့ပါးစေရန်အတွက် ကူညီပေးရန် အသင့်ရှိနေပါသည်။ ဘဏ်အာမခံဆိုင်ရာစုံလင်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသေးစိတ်ကြည့်ရှုနိုင်ရန် ဖိတ်ခေါ်ပါသည်။

ကုန်စည်စီးဆင်းမှု/ သိုလှောင်မှုစီမံခန့်ခွဲခြင်းနှင့် အကြံပြုချက်

KBZ ဘဏ်မှ လူကြီးမင်းတို့၏ ပြည်တွင်းနှင့်နိုင်ငံတကာ ကုန်စည်စီးဆင်းမှု/သိုလှောင်မှုဆိုင်ရာ ဖြစ်စဉ်တွင် လုပ်ငန်းလည်ပတ်ငွေ တိုးတက်ကောင်းမွန်မှုရှိစေရန်အတွက် ကူညီပေးရန် အသင့်ရှိနေပါသည်။ ထောက်ပံ့ရေးကွင်းဆက်ချေးငွေ ပံ့ပိုးခြင်းဆိုင်ရာစုံလင်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသေးစိတ်ကြည့်ရှုနိုင်ရန် ဖိတ်ခေါ်ပါသည်။

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများအတွက် ဝန်ဆောင်မှု

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ကမ္ဘောဇဘဏ်မှ အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများအတွက် ဝန်ဆောင်မှု

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ကမ္ဘောဇဘဏ်မှ အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

Call Us Now

General Enquiries:
+959880593367, +959880593360

Trade Processing Centre:
+95 1 2307169, +959 455832464