ဦးဇော်လင်းအောင်အမှုဆောင်အရာရှိချုပ်ကမ္ဘောဇဘဏ်လီမိတက် ဦးဇော်လင်းအောင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ပုဂ္ဂလိကပိုင်ဘဏ်လုပ်ငန်းဖြစ်သည့် ကမ္ဘောဇ (KBZ) ဘဏ်လီမိတက်၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘောဇ ဘဏ် သို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ချိန်မှစ၍ ဘဏ်လုပ်ငန်း၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးခဲ့သည်။ CEO ရာထူအားမဆက်ခံမီက ဦးဇော်လင်းအောင်သည် ဘဏ်၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာအဖြစ် ၇ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် Head of Public Policy and Government Affairs အဖြစ်လည်းကောင်း၊ စင်ကာပူနိုင်ငံရှိ ကမ္ဘောဇဘဏ် ကိုယ်စားလှယ်ရုံးတွင် Chief Representative အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ယခုလက်ရှိ အချိန်တွင် လစဉ် ငွေလွှဲပြောင်းမှုလုပ်ငန်းစဉ်ပေါင်း ၅၅ သန်းကျော်အတွက် ဝန်ဆောင်မှု ပေးလျက်ရှိသည့် KBZPay...
ကမ္ဘောဇဘဏ်၏ အမှုဆောင် အရာရှိချုပ်အဖြစ် အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်ကို ရွေးချယ်ခန့်အပ်၊
Mr. Mike DeNoma အနေဖြင့် (၆၆) နှစ်မြောက်မွေးနေ့တွင် တာဝန်များမှ အနားယူမည် ဧပြီလ ၆၊ ၂၀၂၂၊ ရန်ကုန် – ကမ္ဘောဇဘဏ်တွင် အမှုဆောင် အရာရှိချုပ်အဖြစ် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော Mr. Mike DeNoma သည် ဧပြီလ ၂၀၂၂တွင် ကျရောက်မည့် သူ၏ ၆၆ နှစ်မြောက်မွေးနေ့တွင် လုပ်ငန်းတာဝန်များမှ အနားယူမည် ဖြစ်ပါသည်။ Mr. Mike DeNoma သည် ဒစ်ဂျစ်တယ် နည်းပညာများကို ဆန်းသစ်တီထွင်မှု နှင့် လူတိုင်း လက်လှမ်းမီနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများကို တိုးတက် အောင်မြင်စေရန်၊ ပြည်တွင်းမှ အတတ်ပညာရှင်များကို နောင်အနာဂတ်တွင် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ခေါင်းဆောင်များအဖြစ် မွေးထုတ်ပေးရန် နှင့် အုပ်ချုပ်မှုဆိုင်ရာ...
KBZPay နှင့် ပိုမို ကောင်းမွန်သည့် ငွေသားမဲ့အသုံးပြုမှု အတွေ့အကြုံ ရရှိစေရန် ပုံစံသစ်၊ ထပ်ဆောင်း လုပ်ဆောင်ချက်အသစ်များဖြင့် အက်ပလီကေးရှင်း ဗားရှင်းအသစ် စတင်မိတ်ဆက်
မြန်မာနိုင်ငံ၏ ဦးဆောင် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည့် KBZPay က ပိုမိုကောင်းမွန်သော အက်ပလီကေးရှင်း အသုံးပြုမှု အတွေ့အကြုံ ရရှိစေရန် ဆန်းသစ်သော ပုံစံသစ်တစ်ခုဖြင့် Android နှင့် iOS နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည့် KBZPay မိုဘိုင်းအက်ပလီကေးရှင်း ဗားရှင်းအသစ်တစ်ခုကို မိတ်ဆက်လိုက်ပါသည်။
Pwint Thit Sa Transparency Reporting
ကမ္ဘောဇဘဏ်ကနေ ပွဲဦးထွက်ပါဝင်ခဲ့တဲ့၂၀၂၀ ပြည့်နှစ်ပွင့်သစ်စ အစီရင်ခံစာမှာ ကုမ္ပဏီပေါင်း (၂၆၀) အတွင်း နံပါတ် (၇) ချိတ်ခဲ့ပြီး ပြည်တွင်းဘဏ် (၂၉) ခုအနက် တတိယနေရာကို ရရှိခဲ့တဲ့အတွက် ကမ္ဘောဇဘဏ်အနေနဲ့ နောက်ထပ် ထူးခြားတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုကို လှမ်းတက်နိုင်ခဲ့ပြီဆိုတာ ဒီနေ့ အသိပေးလိုက်ရပါတယ်။ ဒီလို အားတက်စရာ ရလဒ်တွေက သမာဓိရှိတဲ့ စီးပွားရေးလုပ်ငန်းဖြစ်အောင် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ကိုင်ဆောင်ရွက်ဖို့ ရှေးရှုဆောင်ရွက်မယ်ဆိုတဲ့ ကမ္ဘောဇဘဏ်ရဲ့ ကတိကဝတ်ကို သက်သေပြလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက “ကျွန်မတို့ ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီးတွေကြားမှာ စီမံအုပ်ချုပ်မှု အကောင်းဆုံးနဲ့ ပွင့်လင်းမြင်သာမှု အရှိဆုံး ထိပ်တန်း (၁၀) နေရာမှာ အမည်ရေးထိုးနိုင်ခဲ့တဲ့အတွက် အရမ်းပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါက လွန်ခဲ့တဲ့နှစ်တွေအတွင်း အသွင်ကူးပြောင်းရေးအတွက်...
KBZPay အသုံးပြုသူများက ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း စုစုပေါင်း မြန်မာကျပ်ငွေ (၃၂၀.၉) သန်း ထည့်ဝင်လှူဒါန်းခဲ့၊ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွက် KBZPay အလှူဒါန လုပ်ဆောင်ချက်တွင် ထည့်သွင်းထားသည့် အလှူခံအဖွဲ့အစည်းများ စာရင်းအသစ်ထုတ်ပြန်
KBZPay အသုံးပြုသူများသည် KBZPay အက်ပလီကေးရှင်းတွင် ပါရှိသော “အလှူဒါန” လုပ်ဆောင်ချက်ကို အသုံးပြုပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အချိန်ကာလအတွင်း မြန်မာကျပ်ငွေ (၃၂၀.၉) သန်းကျော် ပါဝင်လှူဒါန်းခဲ့ကြပြီး မိမိတို့၏ သဒ္ဓါတရား ထက်သန်စိတ်ကို ဆက်လက် ပြသခဲ့ကြသည်။
2C2P နှင့် KBZPay တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုကွန်ရက် တိုးချဲ့နိုင်ရန် ဆောင်ရွက်မည်
အရှေ့တောင်အာရှ၏ ထိပ်တန်း ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သော 2C2P နှင့် မြန်မာနိုင်ငံ၏ ထိပ်တန်းမိုဘိုင်းပိုက်ဆံအိတ်ဖြစ်သော KBZPay တို့သည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုကွန်ရက် တိုးချဲ့နိုင်ရေးအတွက် မိတ်ဖက်ပူးပေါင်းမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။
‘ချိတ်ဆက်’ နှင့် KBZPay တို့မှ KBZPay Integration ဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုး
‘ချိတ်ဆက်’ Freelancing Platform နှင့် KBZPay တို့မှ KBZPay Integration ဆိုင်ရာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာလိုက်ပါသည်။
ကမ္ဘောဇဘဏ်နှင့် Tranglo တို့ပူးပေါင်းပြီး နိုင်ငံခြားငွေလွှဲ ပေးပို့မှုများကို ကမ္ဘောဇဘဏ် ဝန်ဆောင်မှု အသုံးပြုသူ၏ ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်ရန် ဝန်ဆောင်မှုပေးမည်
ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ၊ ၇ ရက်နေ့ – မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်နှင့် နယ်စပ်ဖြတ်ကျော် ငွေလွှဲပေးပို့ရန် အဓိက ဝန်ဆောင်မှုပေးနေသည့် အာရှထိပ်တန်း ကုမ္ပဏီများအနက် တစ်ခုအပါအဝင်ဖြစ်သော Tranglo တို့သည် ငွေလွှဲဝန်ဆောင်မှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံခြားငွေလွှဲများကို ကမ္ဘောဇဘဏ် customer များ၏ ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်ရန် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်အရ ပေးအပ်သွားမည့် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ မလေးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယား အစရှိသော နိုင်ငံများမှ မြန်မာ အလုပ်သမားများမှာ ပိုမို လွယ်ကူ၊ မြန်ဆန်ပြီး လုံခြုံစိတ်ချရသော လမ်းကြောင်းဖြင့် မိမိတို့၏ မိသားစုထံ ငွေပေးပို့နိုင်ပြီ ဖြစ်ပါသည်။...
ကမ္ဘောဇဘဏ်နှင့် KBZPay တို့မှ ယခုနှစ်အတွက် Asian Banking & Finance Awards 2020 ဆုများအတွင်း ထိပ်တန်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခံရ
ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် - မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည် ၎င်း၏ မိုဘိုင်းဦးစားပေးငွေပေးချေမှုပလက်ဖောင်းဖြစ်သည့် KBZPay နှင့်အတူ (၁၅) ကြိမ်မြောက် Asian Banking and Finance Awards (ABF Awards) နှင့် (၉) ကြိမ်မြောက် ABF Wholesale Banking Awards ဆုရွေးချယ်ပွဲများတွင် ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းငွေပေးချေမှုနယ်ပယ်အတွင်း ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင် နိုင်ခဲ့မှုကြောင့် အသိအမှတ်ပြုဆုများ ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရကြောင်း ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
KBZPay ၏ MPU Cash-In လုပ်ဆောင်ချက်ဖြင့် MPU ကတ်ကိုင်ဆောင်ထားသူများ မိုဘိုင်းပိုက်ဆံအိတ်အတွင်းသို့ ချက်ချင်း ငွေဖြည့်သွင်းနိုင်မည်
အွန်လိုင်းငွေပေးချေမှု ပြုလုပ်ရာတွင် အသုံးပြုရန် e-commerce မှတ်ပုံတင်ထားသည့် Myanmar Payment Union (MPU) ကဒ် ကိုင်ဆောင်သူအားလုံး ယခုအချိန်တွင် ၎င်းတို့၏ KBZPay မိုဘိုင်းပိုက်ဆံအိတ် အတွင်းသို့ ချက်ချင်း ငွေဖြည့်သွင်းနိုင်မည့် ငွေကြေးလုပ်ဆောင်ချက်ကို ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။