News MM

ကမ္ဘောဇဘဏ်မှ COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့် ပြည်တွင်းရှိ အသေးစားလုပ်ငန်းရှင်များအတွက် COVID-19 Credit Assistance Program for SMEs အစီအစဉ်ဖြင့် ပံ့ပိုးကူညီမည်

ကမ္ဘောဇဘဏ်မှ COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့် ပြည်တွင်းရှိ အသေးစားလုပ်ငန်းရှင်များအတွက် COVID-19 Credit Assistance Program for SMEs အစီအစဉ်ဖြင့် ပံ့ပိုးကူညီမည်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ - COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတစ်ဝန်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အတွက် ကမ္ဘောဇဘဏ်မှ လက်ရှိ SME customers များနှင့် customers အသစ်များအား အရေးပေါ် ငွေကြေးထောက်ပံ့မှုပေးအပ်နိုင်ရန် COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်သည့် အဆိုပါ အစီအစဉ်မှတစ်ဆင့် SME လုပ်ငန်းရှင်များ အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် ကာလအတွင်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမှ သက်သာရာရစေရန် အောက်ပါ ငွေကြေးထောက်ပံ့မှု သို့မဟုတ် ချေးငွေ ပုံစံအမျိုးမျိုးကို ရွေးချယ်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

ဇွန် 11, 2020ဇန်နဝါရီ 14, 2022 In News MM
ကမ္ဘောဇဘဏ်မှ COVID-19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးမှုများကို ပံ့ပိုးကူညီနိုင်ရန်နှင့် အခြား ပရောဂျက်များ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ၅၀၀ KVA မီးစက်ကြီး တပ်ဆင်လှူဒါန်း

ကမ္ဘောဇဘဏ်မှ COVID-19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးမှုများကို ပံ့ပိုးကူညီနိုင်ရန်နှင့် အခြား ပရောဂျက်များ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ၅၀၀ KVA မီးစက်ကြီး တပ်ဆင်လှူဒါန်း

ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် တပ်ဆင်ထားသော COVID-19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မည့် စက်အား အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် အရေးတကြီး လိုအပ်နေသည့် မီးစက်ကြီးတစ်လုံးအား ဝယ်ယူတပ်ဆင်လှူဒါန်းခဲ့ပါသည်။

မေ 17, 2020ဇန်နဝါရီ 14, 2022 In News MM
ကမ္ဘောဇဘဏ်မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျား၊ မ တန်းတူညီမျှရေး လှုပ်ရှားမှုတစ်ခုတွင် ပါဝင်ကူညီပံ့ပိုး

ကမ္ဘောဇဘဏ်မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျား၊ မ တန်းတူညီမျှရေး လှုပ်ရှားမှုတစ်ခုတွင် ပါဝင်ကူညီပံ့ပိုး

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ မတ်လ ၇ ရက်နေ့ – ကမ္ဘောဇဘဏ်မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် “ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” ဟု အမည်ပေးထားသည့် ကျား၊ မ တန်းတူညီမျှရေး လှုပ်ရှားမှုတစ်ခုတွင် ပြည်သူအားလုံး အတူတကွ ပါဝင်ကူညီပံ့ပိုးကြရန် ဖိတ်ခေါ်လျက် ရှိပါသည်။ အဆိုပါ လှုပ်ရှားမှုမှာ နိုင်ငံတကာ အသိအမှတ်ပြု ဆုပေါင်းများစွာဖြင့် အောင်မြင်မှု ရရှိခဲ့သည့် “ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ” ကာတွန်းရုပ်ရှင်တိုတစ်ခုအပေါ် အခြေခံ၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိ အွန်လိုင်း စာမျက်နှာ (www.facebook.com/toourliveswewant)   တွင် အများပြည်သူ ကြည့်ရှု့နိုင်ရန် ပြသလျက်ရှိပါသည်။ ၂၀၂၀...

မတ် 7, 2020ဇန်နဝါရီ 17, 2022 In News MM
ကမ္ဘောဇဘဏ်နှင့် London Business School တို့ ပူးပေါင်း၍ MBAကျောင်းသားများ ပြင်ပလုပ်ငန်းခွင် အတွေ့အကြုံကို လက်တွေ့ လေ့လာသင်ကြားနိုင်ရန်ဆောင်ရွက်

ကမ္ဘောဇဘဏ်နှင့် London Business School တို့ ပူးပေါင်း၍ MBAကျောင်းသားများ ပြင်ပလုပ်ငန်းခွင် အတွေ့အကြုံကို လက်တွေ့ လေ့လာသင်ကြားနိုင်ရန်ဆောင်ရွက်

လန်ဒန်နှင့် ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ – London Business School သည် လက်တွေ့လုပ်ငန်းခွင်အတွင်းမှ စိန်ခေါ်မှုများကို သင်ရိုး ညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားနိုင်ရန် အတွက် ကမ္ဘောဇဘဏ်နှင့် ၂၀၁၉ ခုနှစ် MBA တန်းခွဲတွင် ပူးပေါင်းခဲ့ပါသည်။ ယခုပူးပေါင်းမှုမှ တစ်ဆင့် အားလုံးပါဝင်သောဘဏ္ဍာရေးဖြစ်လာစေဖို့ ရည်ရွယ်ထားသည့် ကမ္ဘောဇဘဏ်၏ KBZPay မိုဘိုင်းအက်ပလီကေးရှင်းအား စတင်မိတ်ဆက်ရာတွင် သိသာထင်ရှားသည့် ရလဒ်များ ဖော်ဆောင်ပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ဘဏ္ဍာရေးစနစ်တစ်ခု ဖြစ်ပေါ်လာစေရန် ရှေ့တန်းမှနေ၍ ဦးဆောင်ကြိုးပမ်းခဲ့သည့် ကမ္ဘောဇဘဏ်သည် ခေတ်မီနည်းပညာသစ်များ၏ အကူအညီဖြင့် ဘဏ်ခွဲပြင်ပအထိ ဝန်ဆောင်မှုပေး နိုင်ရန် KBZPay ကို စတင်မိတ်ဆက်ခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်း KBZPay သည်...

ဖေ‌ဖော်ဝါရီ 25, 2020ဖေ‌ဖော်ဝါရီ 25, 2020 In News MM
ကမ္ဘောဇဘဏ်၏ မျိုးဆက်သစ် ခေါင်းဆောင်များ ဦးစီးဆောင်ရွက်လျက်ရှိသည့် အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်အား ဖော်ထုတ်ပြသ

ကမ္ဘောဇဘဏ်၏ မျိုးဆက်သစ် ခေါင်းဆောင်များ ဦးစီးဆောင်ရွက်လျက်ရှိသည့် အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်အား ဖော်ထုတ်ပြသ

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့ – မြန်မာနိုင်ငံသည် ကမ္ဘာ့တစ်ဝန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး နိုင်ငံများအတွင်း ပါဝင်လာသည်နှင့်အညီ ကမ္ဘောဇဘဏ်အနေဖြင့် ဒေသခံပြည်သူများ၏ ဘဝနေထိုင်မှု အဆင့်အတန်း ပိုမို  မြင့်မားလာစေရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး တိုက်တွန်းအားပေးရန်နှင့် နိုင်ငံ၏ ဘဏ်လုပ်ငန်း ဂေဟစနစ် ပိုမို အဆင်ပြေချောမွေ့လာစေရန် လိုအပ်သည့် အသွင်ကူးပြောင်းမှုများကို အရှိန်အဟုန်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ကမ္ဘောဇဘဏ်သည် ဘဏ်ဝန်ဆောင်မှု ရယူသူများ အတွက် ခိုင်ခိုင်မာမာ ရပ်တည်၍ တစ်စိုက်မတ်မတ် ဝန်ဆောင်မှုပေးခဲ့ရာမှ မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်လာခဲ့သည်။ လက်ရှိ နည်းပညာခေတ်မှသည် နောင်လာမည့် ဆယ်စုနှစ်များအထိ မြန်မာနိုင်ငံနှင့်...

ဖေ‌ဖော်ဝါရီ 3, 2020ဇန်နဝါရီ 14, 2022 In News MM
KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များ၏ အကျိုးစီးပွား တိုးတက်စေရေးအတွက် လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှုအသစ် ပေးအပ်မည်

KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များ၏ အကျိုးစီးပွား တိုးတက်စေရေးအတွက် လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှုအသစ် ပေးအပ်မည်

KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များအတွက် လုပ်ငန်းငွေ လည်ပတ်မှု ပိုမိုချောမွေ့အဆင်ပြေစေရေး အထောက်အကူပေးနိုင်ရန် KBZPay လွယ်ကူထုတ်ယူချေးငွေ ဟု ခေါ်ဆိုသည့် ကာလတို ငွေကြေးထောက်ပံ့မှုစနစ် ဝန်ဆောင်မှုအသစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။

ဇန်နဝါရီ 7, 2020ဇန်နဝါရီ 17, 2022 In News MM
KBZPay မိုဘိုင်းပိုက်ဆံအိတ်ဖြင့် YCDCဘေလ်များကို စတင် ပေးဆောင်နိုင်ပြီ

KBZPay မိုဘိုင်းပိုက်ဆံအိတ်ဖြင့် YCDCဘေလ်များကို စတင် ပေးဆောင်နိုင်ပြီ

KBZPay အသုံးပြုသူများမှာ အက်ပလီကေးရှင်းအတွင်းရှိ ရိုးရှင်းလွယ်ကူသည့် အဆင့် အနည်းငယ်ဖြင့် ပေးဆောင်ရန်ရှိသော အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန် များကို သက်သောင့်သက်သာဖြင့် အဆင်ပြေချောမွေ့စွာ ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။ ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၇ ရက် – မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည့် KBZPay က အသုံးပြုသူများအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သို့ ပေးဆောင်ရမည့် အခွန်အခ အမျိုးမျိုးအား အဆင်ပြေချောမွေ့စွာဖြင့် အလွယ်တကူပေးဆောင်နိုင်ရန် YCDC ဘေလ် လုပ်ဆောင်ချက်အသစ် တစ်ခုကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အားပေးကူညီမှုဖြင့် စက်တင်ဘာလ ၆ ရက်နေ့တွင် YCDC နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး YCDC ဘေလ်ပေးဆောင်ရန်...

စက်တင်ဘာ 13, 2019စက်တင်ဘာ 13, 2019 In News MM
KBZPay မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး အစီအစဉ်များကို တက္ကသိုလ်ကျောင်းများတွင် အထူးအလေးပေး လှုပ်ရှားဆောင်ရွက်နေ

KBZPay မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး အစီအစဉ်များကို တက္ကသိုလ်ကျောင်းများတွင် အထူးအလေးပေး လှုပ်ရှားဆောင်ရွက်နေ

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် – မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအတွက် ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ ပို့ချပေးနိုင်ရန် KBZPay နှင့် တက္ကသိုလ်ကျောင်းများ၏ စုပေါင်းအင်အားတစ်ရပ် ဖြင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲများစွာ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀,၀၀၀) ကျော် တက်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ တက္ကသိုလ်ကျောင်းပေါင်း (၂၉) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများသည် တက်ရောက်သူများအတွက် မိမိတို့ တစ်ကိုယ်ရည်သုံး ငွေကြေးဆိုင်ရာ...

ရန်ကုန်ဘဏ်ခွဲများတွင် ရရှိနိုင်သော ဝန်ဆောင်မှုများ

ရန်ကုန်ဘဏ်ခွဲများတွင် ရရှိနိုင်သော ဝန်ဆောင်မှုများ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ မတ်လ ၁၅ ရက်နေ့မှစတင်ပြီး ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲများကို အောက်တွင်ဖော်ပြထားသော ပြည်သူများ အတွက်မရှိမဖြစ်လိုအပ်သည့် ဘဏ်ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ယခုလိုမရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများပေးရန် ဘဏ်ခွဲများပြန်လည်ဖွင့်လှစ်ရာတွင် အဆင်မပြေမှုများရှိနိုင်ပါသဖြင့် လူကြီးမင်းတို့ နားလည်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲများစာရင်းကို အောက်တွင် ဆက်လက်ကြည့်ရှူနိုင်ပါသည်။ အပတ်စဉ်အလိုက် ဘဏ်ဝန်ဆောင်မှုများကို ပိုမိုဆောင်ရွက်ပေးသွားနိုင်ရန် ရည်ရွယ်ထားပြီး နောက်ဆုံးသတင်းအချက်အလက်များကို  www.kbzbank.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ကမ္ဘောဇဘဏ်အနေဖြင့် ATM များကို အစဉ်အမြဲ online ဖြစ်နေရန် ကြိုးစားဆောင်ရွက်နေပြီး စက်အတွင်းသို့ ငွေများ ဆက်လက်ဖြည့်သွင်းပေးသွားမည်ဖြစ်ပါသည်။  Corporate ငွေထုတ်ယူခြင်းနှင့် ဝန်ဆောင်မှုများ/အင်တာနေရှင်နယ် ဘဏ်ဝန်ဆောင်မှုများ/နိုင်ငံခြားငွေ နှင့် လစာဝန်ဆောင်မှုများအတွက် ကမ္ဘောဇဘဏ် call center 09-951018555 (သို့) ...

ဩဂုတ် 29, 2019မတ် 18, 2021 In News MM
မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆန်ဆုံး မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူ အရေအတွက်သန်း (၃၀) အထိ ရှိလာစေရန် ရည်မှန်းထား

မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆန်ဆုံး မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူ အရေအတွက်သန်း (၃၀) အထိ ရှိလာစေရန် ရည်မှန်းထား

နေ့စဉ် ထောင်ပေါင်းများစွာသော ပြည်သူများကို မိုဘိုင်းဦးစားပေး စီးပွားရေးစနစ်ဆီသို့ ခေါ်ဆောင်ပေးလျက်ရှိသည့် မြန်မာနိုင်ငံတစ်ဝန်းမှ ကမ္ဘောဇဘဏ်ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် (၆) လခန့် အချိန်တိုအတွင်း အသုံးပြုသူ အရေအတွက် တစ်သန်း ကျော်လွန်ခဲ့ပြီ ဖြစ်ပါသည်။ ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ ၂၀၁၉ ခုနှစ် – မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် ယခု ရက်သတ္တပတ်အတွင်း တစ်သန်းမြောက်သော KBZPay အသုံးပြုသူ အရေအတွက်ကို ကျော်လွန်ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆုံး မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါသည်။ KBZPay စတင် စမ်းသပ်မိတ်ဆက်ခဲ့သည့် လွန်ခဲ့သော ခြောက်လမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်း အင်အား (၁၈,၀၀၀) ရှိ...