CAREERS

မြန်မာ့ဘဏ်လုပ်ငန်း၏ အနာဂတ်ကို အတူတကွပူးပေါင်းပုံဖော်ကြပါစို့

KBZ Bank တွင် အလုပ်လုပ်ကိုင်ခြင်းသည် ရိုးရှင်းသော အလုပ်အကိုင်တစ်ခုကို ရွေးချယ်ခြင်းထက် လူသန်းပေါင်းများစွာ၏ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမီစေရန် ရည်ရွယ်သည့် ကြီးမားသော ခရီးစဉ်တွင် ပါဝင်ခွင့်ရခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဦးဆောင်ပုဂ္ဂလိကဘဏ်ကြီးဖြစ်သည့် KBZ Bank အနေဖြင့် အကောင်းမွန်ဆုံးသော လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားပြီး၊ သင့်ဘက်မှ ကျွမ်းကျင်မှုနှင့် စိတ်အားထက်သန်မှုတို့ဖြင့် ပူးပေါင်းလက်တွဲရန်သာ လိုအပ်ပါသည်။

KBZ Bank သည် ဝန်ထမ်းများကို ခန့်အပ်ရုံသာမက ၎င်းတို့၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက်ပါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိပါသည်။ ဝန်ထမ်းများ၏ လုပ်ငန်းခွင်သက်တမ်းတစ်လျှောက် တိုးတက်မှုလမ်းကြောင်း ဖြောင့်တန်းစေရန်၊ ခိုင်မာသော အထောက်အပံ့များ ရရှိစေရန်နှင့် ရေရှည်တည်ငြိမ်မှုရှိစေရန် အတွက်ကိုလည်း စနစ်တကျ ထောက်ပံ့ပေးထားပါသည်။

ဝန်ထမ်းများ၏ နေ့စဉ်ကြိုးပမ်းအားထုတ်မှုရလဒ်များသည် ရုံးခန်းပြင်ပရှိ လူမှုပတ်ဝန်းကျင်အထိ ကြီးမားစွာ အကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်ပြီး KBZ Bank တွင် တာဝန်ထမ်းဆောင်ခြင်းဖြင့် အောက်ပါကဏ္ဍများကို တိုက်ရိုက်မောင်းနှင်သူအဖြစ် ပါဝင်နိုင်မည်ဖြစ်ပါသည်

  • စီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေးခြင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SME) များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန် ပံ့ပိုးပေးနိုင်ခြင်း။
  • ဒစ်ဂျစ်တယ်နည်းပညာ ဆန်းသစ်တီထွင်ခြင်း ခေတ်မီလုံခြုံသော မိုဘိုင်းလ်ဘဏ်စနစ်များမှတစ်ဆင့် နည်းပညာနှင့် သုံးစွဲသူအကြား ကွာဟချက်ကို ပေါင်းကူးပေးခြင်း။
  • လူမှုအသိုက်အဝန်းကို အကျိုးပြုခြင်း ဘဏ်ဝန်ဆောင်မှုများကို နေရာဒေသမရွေး လွယ်ကူစွာ ရယူသုံးစွဲနိုင်စေခြင်းဖြင့် ပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်းကို မြှင့်တင်ပေးခြင်း။

KBZ Bank တွင် ရာထူးအဆင့်အတန်းထက် တာဝန်ယူနိုင်စွမ်းနှင့် ကိုယ်ပိုင်တီထွင်ကြံဆမှု (Entrepreneurial Spirit) ကို ပိုမိုတန်ဖိုးထားပါသည်။ တက်ကြွလျင်မြန်သော လုပ်ငန်းခွင်ယဉ်ကျေးမှု (Agile Culture) အတွင်း သင့်အကြံပြုချက်များသည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဒစ်ဂျစ်တယ်စီမံကိန်းအသစ်များကို ဦးဆောင်၍ဖြစ်စေ၊ ဝန်ဆောင်မှုလုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်၍ဖြစ်စေ.. မြန်မာနိုင်ငံ၏ ယုံကြည်ရဆုံးသော ဘဏ်ကြီး၏ ခိုင်မာသော ကျောထောက်နောက်ခံပြုမှုနှင့်အတူ ဆန်းသစ်တီထွင်နိုင်ရန်အတွက် လုပ်ပိုင်ခွင့်ကို အပြည့်အဝရရှိမည် ဖြစ်ပါသည်။

ဝန်ထမ်းများကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စိတ်ကူးသစ်များ ဖော်ထုတ်နိုင်ရန် အထူးဖန်တီးထားသော လုပ်ငန်းခွင်တစ်ခုဖြစ်ပါသည်။

ညီညွတ်မှု၏ စွမ်းအားနဲ့အတူ ကျွန်ုပ်တို့သည် ရည်မှန်းချက်များကို အတူတကွ ကြိုးပမ်းအကောင်အထည်ဖော်ကြပါသည်။

သင်၏ တိုးတက်မှုခရီးစဉ်အား ရပ်တန့်သွားမသွားစေရန်အတွက် အစဉ်အမြဲ လေ့လာသင်ယူနိုင်စေဖို့ ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲများမှသည် လူငယ်မျိုးဆက်သစ်များအတွက် အထူးအစီအစဉ်များအထိ စီစဉ်ပေးလျက်ရှိပါသည်။

KBZ Bank သည် တက်ကြွသော CSR လုပ်ငန်းစဉ်များမှတစ်ဆင့် လူမှုအသိုက်အဝန်း တိုးတက်ရေးအတွက် အစဉ်တစိုက်ပါဝင်ရန် ကတိကဝတ်ပြုထားပါသည်။

ဝန်ထမ်းများ၏ အရေးကြီးသော ဘဝမှတ်တိုင်တိုင်း၊ အောင်မြင်မှုတိုင်းကို KBZ Bank က အတူတကွ ဝမ်းမြောက်ဝမ်းသာ ဆင်နွှဲပေးလျက်ရှိပါသည်။

KBZ Bank ဝန်ထမ်းများအတွက် အထူးခံစားခွင့် အစီအစဉ်

KBZ Bank သည် အားလုံးအတူတကွ ဖွံ့ဖြိုးတိုးတက်မည့် စီးပွားရေးဂေဟစနစ်တစ်ခု တည်ဆောက်ရေးကို ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းခံစားခွင့်အစီအစဉ် (Employee Benefit Program – EBP) သည် ကြီးမားလှသော ဝန်ထမ်းအင်အားနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို မဟာဗျူဟာကျကျ ချိတ်ဆက်ပေးထားပြီး၊ သက်ဆိုင်သူအားလုံး အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကွန်ရက်တစ်ခုကို ဖန်တီးပေးထားပါသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ကြီးနှင့် မဟာဗျူဟာမြောက် လက်တွဲပြီး လူအများအပြားထံသို့ မိမိ၏အမှတ်တံဆိပ်ကို ပရိုမိုးရှင်း ပြုလုပ်လိုက်ပါ။

တိုက်ရိုက်ချိတ်ဆက်နိုင်ခြင်း တက်ကြွသော KBZ Bank ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များထံသို့ တိုက်ရိုက်ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

အမှတ်တံဆိပ် ပိုမိုခိုင်မာလာခြင်း – လူတိုင်းယုံကြည်ရသော ထိပ်တန်းဘဏ်ကြီးတစ်ခုနှင့် လက်တွဲခြင်းဖြင့် လုပ်ငန်းဂုဏ်သတင်းကို ပိုမိုခိုင်မာစေမည် ဖြစ်ပါသည်။

စီးပွားရေးအရ အပြန်အလှန် အထောက်အကူပြုခြင်း – ဟိုတယ်၊ စားသောက်ဆိုင်၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍစသည့် လုပ်ငန်းများနှင့်အတူ အပြန်အလှန် ပံ့ပိုးကူညီမှုမှတစ်ဆင့် အောင်မြင်နေသော ကွန်ရက်ကြီးအတွင်း ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။

စတင်လက်တွဲရန် –  EBP ၏ တရားဝင်မိတ်ဖက်လုပ်ငန်းအဖြစ် ပါဝင်ရန် ebclaims@kbzbank.com သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများသည် ပိုမိုးကောင်းမွန်သော အကျိုးခံစားခွင့်များနှင့် ထိုက်တန်သည်ဖြစ်၍ KBZ Bank သည် ဝန်ထမ်းများ၏ လူနေမှုဘဝ ပိုမိုမြင့်မားလာစေရန်အတွက် တစ်နိုင်ငံလုံးရှိ ထိပ်တန်းအမှတ်တံဆိပ်များနှင့် ချိတ်ဆက်ကာ အထူးခံစားခွင့်များကို စီစဉ်ပေးထားပါသည်။

သီးသန့် လျှော့ဈေးအစီအစဉ်များ – ထိပ်တန်းဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် အရောင်းဆိုင်ကြီးများတွင် အထူးသက်သာသော နှုန်းထားများဖြင့် ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။

လွယ်ကူစွာ အသုံးပြုနိုင်ခြင်း – အကျိုးခံစားခွင့်များ ရယူရန်အတွက် မိတ်ဖက်လုပ်ငန်းများတွင် တရားဝင် KBZ ဝန်ထမ်းကတ် (Employee ID Card) ကို ပြသလိုက်ရုံသာ ဖြစ်ပါသည်။

အစဉ်မပြတ် တိုးချဲ့ချိတ်ဆက်မှု – ဝန်ထမ်းများအတွက် အကောင်းဆုံးသော အကျိုးခံစားခွင့်များ အမြဲရရှိနေစေရန် နည်းပညာပစ္စည်းဆိုင်များမှစ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအထိ မိတ်ဖက်လုပ်ငန်းအသစ်များကို အစဉ်မပြတ် တိုးချဲ့ရှာဖွေ ချိတ်ဆက်ပေးလျက်ရှိပါသည်။

ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် ပျော်ရွှင်မှုကို အဓိကထားသော အဖွဲ့အစည်းကို ဖော်ပြရမည်ဆိုလျှင်  KBZ Bank ၏ ဝန်ထမ်းခံစားခွင့်များမှာ လစာငွေတစ်ခုတည်းထက် များစွာပိုမိုကျယ်ပြန့်ပါသည်။

ဘဝလူနေမှုပုံစံ အထူးခံစားခွင့်များ ဝန်ထမ်းများ၏ လုပ်ငန်းခွင် စိတ်ကျေနပ်မှုကို အဓိကထားသည့် ခိုင်မာသော “အကျိုးခံစားခွင့်နှင့် အခွင့်အရေးများ”  ပေးအပ်ထားခြင်း။

ဂရုစိုက်မှုအပြည့်ရှိသော လုပ်ငန်းခွင် – ဝန်ထမ်းများ၏ ဘဝတိုးတက်မှု၊ ကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် အပြည့်အဝ ရင်းနှီးမြှုပ်နှံပေးသည့် လုပ်ငန်းခွင်ဖြစ်ခြင်း။

KBZ Bank နှင့် လက်တွဲပါ – သင့်ရဲ့ အလုပ်အကိုင်နဲ့ လူနေမှုဘဝကို မြှင့်တင်လိုက်ပါ။ [KBZ Careers တွင် အလုပ်အကိုင်များ ဝင်ရောက်လေ့လာရန်]