ငွေစုဘဏ်အပ်ငွေစာရင်:
ငွေစုဘဏ်အပ်ငွေစာရင်း
ကမ္ဘောဇဘဏ်လီမိတက်၏ ငွေစုဘဏ်အပ်ငွေစာရင်းသည် အသက်(၁၈)ပြည့်ပြီးသော နိုင်ငံသားများအားလုံး ဖွင့်လှစ်နိုင်သော စာရင်း အမျိုးအစားတစ်မျိုးဖြစ်ပါသည်။ ငွေစုဘဏ်အပ်ငွေစာရင်းသည် အတိုးရရှိသောစာရင်း အမျိုးအစားဖြစ် ပါသည်။
ပုဂ္ဂိုလ်တစ်ဦးတည်းစာရင်း (သို့) တစ်ဦးထက်ပိုသော ပုဂ္ဂိုလ် များဖြင့် တွဲဖက်စာရင်းဖွင့်လှစ်နိုင်ခြင်း
တစ်နှစ်လျှင် အတိုးနှုန်း
– သိန်း ၁၀,၀၀၀ နှင့်အထက် ၁၀%
– သိန်း ၁၀,၀၀၀ အောက် ၉%
(ဇွန်လ (၁)ရက်၊ ၂၀၂၆ မှ စတင်၍ အကျုံးဝင်ပါသည်။)
(၃)လလျှင်တစ်ကြိမ်အတိုးထုတ်ယူနိုင်ခြင်း
အတိုးပေးသည့်လများတွင် အတိုးငွေမထုတ်ယူခဲ့ပါက နောက်လများအတွက် တိုးရင်းပေါင်း၍ တွက်ချက်ပေးခြင်း
ကိုယ်တိုင်ငွေထုတ်ယူနိုင်ခြင်းမရှိပါက ကိုယ်စားလှယ်ဖြင့် ငွေထုတ်ယူနိုင်ခြင်း (စာရင်းဖွင့်လှစ်ထားသည့် ဘဏ်ခွဲတွင်သာ)
နီးစပ်ရာမည်သည့်ကမ္ဘောဇဘဏ်ခွဲတွင်မဆို လွယ်ကူစွာဖြင့် ငွေသွင်း/ငွေထုတ်ပြုလုပ်နိုင်ခြင်း
ဘဏ်ဖွင့်ရက်များတွင် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ငွေသွင်းနိုင်ပြီး (၁)ပတ်လျှင် (၁)ကြိမ် ငွေထုတ်ယူနိုင်ပါသည်။
ဖွင့်လှစ်ထားရှိသည့် စာရင်းသို့ မည်သူမဆို ငွေပေးသွင်းနိုင်ခြင်း/စာရင်းပြောင်းပေးသွင်းနိုင်ခြင်း
နိုင်ငံတကာမှ ငွေလွှဲပေးပို့လိုပါက အဆိုပါဘဏ်စာရင်းသို့ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ခြင်း(မြန်မာကျပ်ငွေဖြင့်သာ ထည့်သွင်းပေးသည်)
ငွေစုဘဏ်အပ်ငွေစာရင်းစာအုပ်အား ဘဏ်တွင် အာမခံအဖြစ်ထားရှိ၍ ချေးငွေလျှောက်ထားနိုင်ခြင်း
ကမ္ဘောဇဘဏ်လီမိတက်၏ Online Banking ကို အသုံးပြု၍ အခြားသောဘဏ်လုပ်ငန်း ၀န်ဆောင်မှုများအား လုပ်ဆောင်နိုင်ခြင်း
ကနဦးအပ်ငွေ
၁,၀၀၀ ကျပ်
အနည်းဆုံးလက်ကျန်ငွေ
၁,၀၀၀ ကျပ်
၁၀,၀၀၀ ကျပ်
(အတိုးရရှိရန်)
အတိုးနှုန်း
တစ်နှစ်လျှင် အတိုးနှုန်း
– သိန်း ၁၀,၀၀၀ နှင့်အထက် ၁၀%
– သိန်း ၁၀,၀၀၀ အောက် ၉%
(ဇွန်လ (၁)ရက်၊ ၂၀၂၆ မှ စတင်၍ အကျုံးဝင်ပါသည်။)
အတိုးရရှိနိုင်ရန်အတွက် ငွေပေးသွင်းရမည့်ရက်
လဆန်း (၁) ရက်နေ့မှ (၇) ရက်နေ့ အထိ (၂၀၂၆ ခုနှစ် ဇွန်လအထိ)
အတိုးထုတ်ယူနိုင်မည့်လ
မတ်လကုန်၊ ဇွန်လကုန်၊ စက်တင်ဘာလကုန်နှင့် ဒီဇင်ဘာလကုန်
Why choose this Saving Deposit Account?

High Interest rate
တစ်နှစ်လျှင် အတိုးနှုန်း
သိန်း ၁၀,၀၀၀ နှင့်အထက် ၁၀%၊ သိန်း ၃,၀၀၀ မှ သိန်း ၁၀,၀၀၀ အောက် ၉%၊ သိန်း ၃,၀၀၀ အောက် ၈%
*စက်တင်ဘာလ ၁ ရက်၊ ၂၀၂၄ မှ စတင်၍ အကျုံးဝင်ပါသည်

Take out a loan
ငွေစုဘဏ်အပ်ငွေစာရင်း စာအုပ်အား ဘဏ်တွင် အာမခံအဖြစ်ထားရှိ၍ ချေးငွေလျှောက်ထားနိုင်ခြင်း

International transfers
နိုင်ငံတကာမှ ငွေလွှဲ ပေးပို့လိုပါက အဆိုပါ ဘဏ်စာရင်းသို့ တိုက်ရိုက် ငွေလွှဲပေးပို့နိုင်ခြင်း

Online banking
Online Banking ကို အသုံးပြု၍ အခြားသော ဘဏ်လုပ်ငန်း ၀န်ဆောင်မှုများအား လုပ်ဆောင်နိုင်ခြင်း
စာရင်းဖွင့်လှစ်ရာတွင် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ
- နိုင်ငံသားစိစစ်ရေးကတ်မူရင်း