KBZ Bank: Compliance Policy

Home / KBZ Bank: Compliance Policy

KBZ Bank: Compliance Policy

နိုင်ငံတကာဘဏ်လုပ်ငန်းစနစ်၏တာဝန်သိအဖွဲ့ဝင်တစ်ရပ်အနေဖြင့် ကမ္ဘောဇဘဏ်လီမိတက်သည် ၎င်းလုပ်ငန်းများအားဆောင်ရွက်လျက်ရှိသော စီရင်ပိုင်ခွင့်နယ်များ အတွင်းတွင်ကျင့်သုံးဆောင်ရွက် လျက်ရှိသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးဥပဒေများ နှင့်အညီလိုက်နာကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘောဇဘဏ်၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဥပဒေဆိုင်ရာအစီအစဉ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် အောက်ပါလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပါသည် –

  • Customer များကိုလည်းကောင်း၊ ၎င်းတို့ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းများကိုလည်းကောင်း UN၊ EU၊ US (Office of Foreign Asset Control (OFAC) အပါအဝင်) တို့က ထုတ်ပြန်ထားသည့် ပိတ်ပင်တားဆီး ထားသူများစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းအပြင် ကမ္ဘောဇဘဏ်က လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် စီရင်ပိုင်ခွင့်နယ်များတွင် ကျင့်သုံးဆောင်ရွက် လျက်ရှိသော ဒေသန္တရစည်းမျဉ်းစည်းကမ်းများ နှင့်တိုက်ဆိုင်စစ်ဆေးခြင်း၊
  • သက်ဆိုင်ရာတားဆီးပိတ်ပင်မှုဆိုင်ရာ ဥပဒေ သို့မဟုတ် စည်းမျဉ်းများ အရ သို့မဟုတ် ကမ္ဘောဇဘဏ်၏ ဆုံးရှုံးနိုင်ခြေအန္တရာယ်လိုအပ်ချက်နှင့်ကိုက်ညီမှုမရှိသည့် ငွေကြေးလွှဲပြောင်းမှုများ ပိတ်ပင်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
  • အောက်ပါဖြစ်ရပ်များဖြစ်နိုင်သည်ဟု ကမ္ဘောဇဘဏ်ကယုံကြည်သည့် စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိက်ငွေလွှဲပြောင်းမှုများ၊ customer ဆက်ဆံရေးများ သို့မဟုတ် ငွေကြေးလွှဲပြောင်းမှု လုပ်ငန်းဆောင်ရွက်ပေးခြင်းများအပေါ် ကန့်သတ်ခြင်း သို့မဟုတ် ပိတ်ပင်ခြင်း –
    • ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် တားဆီးပိတ်ပင်မှုဥပဒေများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ချိုးဖောက်နိုင်ဖွယ်ရှိခြင်း
    • တစ်ဦးချင်းစီဖြစ်စေ၊ လုပ်ငန်းအဖွဲ့အစည်းအလိုက်ဖြစ်စေ၊ ဖြစ်စေ UN၊ EU၊ OFAC သို့မဟုတ် ဒေသန္တရတားဆီးပိတ်ပင်မှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းများစာရင်းတွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက် နေခြင်း
    • တားဆီးပိတ်ပင်ခြင်းခံထားရသည့် နိုင်ငံ/ဒေသများတွင်နေထိုင်ခြင်း သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခြင်း
    • ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် တားဆီးပိတ်ပင်မှုဆိုင်ရာဥပဒေများအား ရှောင်တိမ်းနိုင်ဖွယ်ရှိခြင်း သို့မဟုတ် ထိုသို့သော တားဆီးပိတ်ပင်ရေးဥပဒေများ၏ အနှစ်သာရနှင့်ဆန့်ကျင်ဖက်ဖြစ်နေခြင်း

ငွေကြေးခဝါချမှုကို ခြေရာခံနိုင်ရေးအတွက် ပုံမှန်မဟုတ်သည့် customer ၏ပြုမူဆောင်ရွက်ချက်နှင့် သင်္ကာမကင်းဖွယ်ရှိသည့် ငွေကြေးလှုပ်ရှားမှုများကို ခေတ်မီသုံးသပ်မှုပြုလုပ်ပြီး ထောက်လှမ်းကာ လုပ်ငန်းအားအတည်ပြု၍ အလိုအလျောက်စစ်ဆေးခြင်းနှင့် ငွေကြေးလွှဲပြောင်း မှုကို ကြပ်မတ်စောင့်ကြည့်သည့်လုပ်ငန်းကိုဆောင်ရွက်နိုင်ရန် ကမ္ဘောဇဘဏ်သည် Oracle Financial Services Analytical Applications (OFSAA) စနစ်ကိုအသုံးပြုလျက်ရှိပါသည်။

ကမ္ဘာ့ပိတ်ပင်တားဆီးမှုစာရင်း၊ ဩဇာတိက္ကမကြီးမားသူများစာရင်း၊ Global Regulatory and Law Enforcement စာရင်း၊ သတင်း မီဒီယာနှင့် အခြား သောသတင်းအချက်အလက်များ နှင့် တိုက်ဆိုင်စစ်ဆေးရာတွင် တိကျပြီး၊ ယုံကြည်စိတ်ချရသည့်အချက်အလက်များပေးနိုင်သည့် REFINITIV World Check database စနစ်ကို ကမ္ဘောဇဘဏ်က ဝယ်ယူအသုံးပြုလျက်ရှိပါသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအား အပြည့်အ၀အကောင်အထည်ဖော်နိုင်ရန် လိုအပ်လာပါက ကမ္ဘောဇဘဏ်အနေ ဖြင့် customer များအနေဖြင့် နောက်ထပ်သတင်းအချက်အလက်များပေးရန် တောင်းခံသွားမည်ဖြစ််ပါသည်။