Overdraft

တစ်ဦးတည်းပိုင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိမိတို့၏ လုပ်ငန်းများဆက်လက်ချဲ့ထွင် ဆောင်ရွက် နိုင်ရန်၊ လုပ်ငန်းများတိုးတက်အောင်မြင်စေရန်နှင့် လုပ်ငန်းအရင်းအနှီးများကို တိုးပွားလာစေရန်အတွက် ကမ္ဘောဇဘဏ်လီမိတက်တွင် ချေးငွေစာရင်းဖွင့်လှစ်၍ ဆောင်ရွက်နိုင်ပါသည်။


ချေးငွေသက်တမ်း

  • ၁ နှစ်
  • (ချေးငွေသက်တမ်းတိုးအား ပြန်လည်လျှောက်ထား
    နိုင်ပါသည်။)
     

အတိုးနှုန်း

  • ၁၁.၅ % (တစ်နှစ်)

ချေးငွေလျှောက်ထားရန်အတွက် လိုအပ်သည့်အချက်အလက်များ

လုပ်ငန်းနှင့် ပတ်သက်၍

  • သက်တမ်းရှိလုပ်ငန်းလိုင်စင် (လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ သက်ဆိုင်ရာဌာနမှ ထုတ်ပေးသည့်လိုင်စင်၊ စက်မှုလုပ်ငန်းဖြစ် ပါက ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်တင်ပြရမည်)
  • ဘဏ္ဍာရေးရှင်းတမ်းများ (အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်အပါအဝင် ၃ နှစ်စာ တင်ပြရပါမည်)၊ ကျပ်သိန်း (၁၀၀)နှစ်အထက်ချေးငွေ လျှောက်ထားလျှင် CPA မှ တံဆိပ်တုံးရိုက်နှိပ်လက်မှတ်ရေးထိုး အတည်ပြုပေးရပါမည်။
  • အခွန်ပြေစာများ (အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်အပါအဝင် ၃ နှစ်စာ တင်ပြရမည်)
  • လုပ်ငန်းဓာတ်ပုံများ (လုပ်ငန်းလည်ပတ်လုပ်ကိုင်နေပုံများ၊ ကုန်တင်ကုန်ချ၊ ထုပ်ပိုးနေပုံများ၊ ကုန်ချောဓာတ်ပုံများ) ၁ကွက်လျှင် ၂ပုံစီဖြင့် အနည်းဆုံး ၆ကွက်အတွက် ၁၂ ပုံ တင်ပြရမည်။ လုပ်ငန်းအပါ်မူတည်၍ ဓာတ်ပုံများတင်ပြရပါမည်။

လျှောက်ထားသူများနှင့် ပတ်သက်၍

  • မှတ်ပုံတင်မိတ္တူများCopy of National ID
  • အိမ်ထောင်စုစာရင်းမိတ္တူများ
  • ရ-ယ-က မှ ၄င်းရပ်ကွက်နေအိမ်တွင် နေထိုင်ကြောင်း ထောက်ခံချက် (အာမခံတင်သောနေအိမ်တွင် နေထိုင်ပါက နေထိုင်ကြောင်း ရ-ယ-က ထောက်ခံချက်)
  • အိမ်ထောင်မရှိသူဖြစ်ပါက လူပျို/အပျိုဖြစ်ကြောင်း ရ-ယ-က ထောက်ခံချက်
  • ခင်ပွန်း/ဇနီးကွယ်လွန်ခဲ့ပါက နောက်အိမ်ထောင်မပြုကြောင်း ရ-ယ-က ထောက်ခံချက်
    (မှတ်ချက်။ ။ မိတ္တူ(၂)စုံစီပြုစု၍ လျှောက်ထားသူတစ်ဦးမှ လက်မှတ်ရေးထိုးတင်ပြရပါမည်။)

အာမခံပစ္စည်းနှင့် ပတ်သက်၍

  • မြေပိုင်ဆိုင်မှုနှင့် ပတ်သက်သောဂရန်၊ မှတ်ပုံတင်စာချုပ်နှင့် ဆက်စပ်စာချုပ်များ
  • မြေပုံ၊ မြေရာဇဝင်၊ မြေစာရင်းပုံစံ ၁၀၅ နှင့် ၁၀၆ (ဘဏ်ချေးငွေအကြောင်းပြချက်ဖြင့် ၆ လ အတွင်း ထုတ်ယူထားခြင်းဖြစ်ရပါမည်)
  • အိမ်အဆောက်အဦ ဓါတ်ပုံများ (ရှေ့၊ နောက်၊ ဘေး၊ ၀ဲ၊ ယာ၊ အတွင်းပုံ၊ အထပ်လိုက်ပုံများ) ၁ကွက်လျှင် ၃ပုံစီရိုက်ပေးရပါမည်။
  • အဆောက်အဦမှာ အသစ်ဆောက်လုပ်ပြီးဖြစ်ပါက အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း သက်သေခံလက်မှတ် (B.C.C) တင်ပြရပါမည်။

    ကမ္ဘောဇဘဏ်မှ လက်ခံသည့် အာမခံပစ္စည်းအမျိုးအစားများမှာ

    • မရွှေ့မပြောင်းနိုင်သောပစ္စည်းများ
    • အစိုးရအာမခံငွေတိုက်စာချုပ်
    • စက်ပစ္စည်းများ
    • စာရင်းသေအပ်ငွေစာရင်းစာအုပ် (သို့မဟုတ်) ငွေစုဘဏ်စာရင်းစာအုပ်
    • ကောက်ပဲသီးနှံ (သို့မဟုတ်) ကုန်စည်ပစ္စည်းများ
    • ရွှေနှင့် ရွှေထည်ပစ္စည်းများ
    • အစုရှယ်ယာများ