CBM Appeals

Home / CBM Appeals

လေးစားရပါသော KBZ ဘဏ်လုပ်ငန်းဝန်ဆောင်မှု သုံးစွဲသူများ

ဘဏ်လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းမဟုတ်သော ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများအားလုံးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က ချမှတ်ထားသည့် ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (FIL) နှင့်အညီ  လိုင်စင်ရယူပြီး လုပ်ငန်းလည်ပတ်လျက် ဝန်ဆောင်မှုများ ပေးနေခြင်းဖြစ်ပါသည်။ အခန်း ၅၊ အပိုဒ် ၁၃ အရ လိုင်စင်ရ ဘဏ်လုပ်ငန်းများအားလုံးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုအပ်သလို အခါအားလျော်စွာ ညွှန်ကြားလာသည့်  ၂၀၁၄ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ နှင့်  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ AML/CTF များအပါအဝင် အမိန့်ထုတ်ပြန်ချက်များ၊ စည်းမျဥ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာကျင့်သုံးရပါသည်။ 

မိမိတို့ဘဏ်လုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဆိုပါညွှန်ကြားချက်များအရ အကောင့်အချို့အား  မဖြစ်မနေ ယာယီတားမြစ်ခဲ့ရပါသည်။ အဆိုပါညွှန်ကြားချက်များကို လိုက်နာကျင့်သုံးရန်ပျက်ကွက်ခဲ့ပါကလည်း ဘဏ်လုပ်ငန်းများအနေဖြင့် ဒဏ်ငွေ၊  ထောင်ဒဏ်[3] နှင့် ဘဏ်လုပ်ငန်း လိုင်စင် ရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူခံရနိုင်ပါသည်။[4]

ကမ္ဘောဇဘဏ်သည် လုပ်ငန်းဆိုင်ရာ ဥပဒေကျင့်ဝတ်များကို အပြည့်အဝ လိုက်နာကျင့်သုံးရသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ ဝန်ထမ်းများနှင့် သုံးစွဲသူများ၏ ဘေးကင်းလုံခြုံရေးနှင့် အစဉ်တစိုက် ကူညီပံ့ပိုးပေးနိုင်ရေးတို့အပြင်  တာဝန်သိ လုပ်ငန်းတစ်ခုအနေဖြင့် အလေးထားဆောင်ရွက်ရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချမှတ်ထားပါသည်။

အထက်ဖော်ပြပါ အချက်အလက်များသည် သုံးစွဲသူများအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မည်သည့်အချိန်တွင် မည်သို့မည်ပုံအားဖြင့် ပြန်လည်အကြောင်းပြန်လာမည်ကို မိမိတို့ဘဏ်အနေဖြင့် အတိအကျမသိနိုင်သော်ငြားလည်း ကျွန်ုပ်တို့အနေဖြင့် အကောင်းဆုံးကူညီပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ပေးသွားမည့်အပြင် မြန်မာပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ဆက်လက်အကျိုးပြုလုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

လူကြီးမင်းတို့၏ နားလည်ပေးမှုနှင့် စဉ်ဆက်မပြတ်ပံ့ပိုးမှုတို့အတွက် အထူးကျေးဇူးတင်ရှိပါသည်။

အသိပေးချက်
■ ကမ္ဘောဇဘဏ်၏ call center ဖုန်းနံပါတ်မှာ 09951018555 (သို့) 8555 ဖြစ်ပါသည်။ ကမ္ဘောဇဘဏ် ဝန်ထမ်းများအနေဖြင့် အရေးကြီးသောငွေကြေးဆိုင်ရာ အချက်အလက်များဖြစ်သည့် PIN နံပါတ်များ၊ OTP ကုဒ်နှင့် Credit/Debit  ကတ်အပါအဝင် အခြားဘဏ်ကတ်များ၏ CVC နှင့် PIN နံပါတ်များအား ဖုန်းမှတစ်ဆင့် ဖြစ်စေ၊ အီးမေးလ်မှတစ်ဆင့် ဖြစ်စေ၊ လူမှုကွန်ယက်မှတစ်ဆင့်ဖြစ်စေ လုံးဝတောင်းခံမည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။ 
■ သင့်အကောင့်လုံခြုံမှုအတွက် PIN နံပါတ် နှင့် OTP ကုဒ်ကို မည်သူနှင့်မျှ မဝေမျှပါနှင့်။ 

[3] အခန်း ၁၄ အကြမ်းဖက်မှုတိုက်ဖျက်ရေး ငွေရေးကြေးရေးဆိုင်ရာ ဥပဒေ၊ အခန်း ၁၁ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ နှင့် အခန်း ၂၆ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ၂၀၁၆ ခုနှစ်
[4] အခန်း  ၅၊ အပိုဒ် ၁၅  ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ၂၀၁၆ ခုနှစ်