ပြည်ပ ငွေလွှဲလုပ်ငန်း

Home / ဝန်ဆောင်မှုများ / ငွေလွှဲလုပ်ငန်း / ပြည်ပ ငွေလွှဲလုပ်ငန်း

ပြည်ပ ငွေလွှဲလုပ်ငန်း

ပြည်တွင်းရှိ နိုင်ငံတကာမှ ကုမ္ပဏီများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အသင်းဖွဲ့များနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းလုပ် ကိုင်နေသောကုမ္ပဏီများအနေဖြင့် ကမ္ဘောဇဘဏ်လီမိတက်၏ နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ နိုင်ငံတကာသို့ လွယ်ကူလျင်မြန်စွာဖြင့် အပြန်အလှန်ငွေလွှဲပေးပို့နိုင်ပါသည်။

ငွေလွှဲပေးပို့နိုင်မည့်နည်းလမ်းများ

(1) Inward Remittance

  • Western Union (Inbound)
  • Kasikorn Bank (K Plus Mobile Application)
  • KrungThai Bank (APG Web Application)
  • KEB Hana Bank (Hana EZ Mobile Application) 
  • International Fund Transfer to KBZ Accounts (Thunes)
  • Ria (Inbound)
  • Merchant Trade (Inbound)
  • Inward Telegraphic Transfer (via SWIFT)

(2) Outward Remittance

  • Outward Telegraphic Transfer (via SWIFT)

Western Union (Inbound ငွေလွှဲပေးပို့ခြင်း)

Western union သည် အမေရိကန်နိုင်ငံအခြေစိုက် ငွေကြေးဆိုင်ရာအဖွဲအစည်းတခုဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ မိသားစုနှင့် မိတ်ဆွေများထံသို့ ငွေလွှဲပေးပို့ရာတွင် လွယ်ကူလျင်မြန် ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ရန် ဆောင်ရွက်ပေးသော အွန်လိုင်းဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ MTCN ဂဏန်း၁၀လုံးဖြင့် ငွေသားထုတ်ယူမှုပြုလုပ်နိုင်ပါမည်။

ဝန်ဆောင်ခ

  • ငွေလက်ခံသူထံမှ ဝန်ဆောင်ခ ကောက်ခံခြင်း မရှိပါ။

ငွေလွှဲပေးပို့နိုင်သော နိုင်ငံများ

  • မြောက်ကိုရီးယား၊အာမေနီးယား နှင့် အီရန် နိုင်ငံများမှအပ ကမ္ဘာတစ်လွှားရှိနိုင်ငံများအားလုံးမှ ပေးပို့နိုင်ပါသည်။

အများဆုံးငွေလွှဲနိုင်သော ငွေပမာဏ

  • အများဆုံးငွေလွှဲပေးပို့နိုင်မည့်ပမာဏသည် ငွေလွှဲပေးပို့သည့်နိုင်ငံနှင့် service operators များ၏ ကန့်သတ်ချက်များအလိုက် သတ်မှတ်ပမာဏများအတိုင်းပေးပို့နိုင်မည်ဖြစ်ပါသည်။

ငွေလွှဲထုတ်ယူရန်လိုအပ်သောစာရွက်စာတမ်းများ

  • လက်ခံမည့်သူ၏နိုင်ငံသားမှတ်ပုံတင်
  • MTCN ဂဏန်း ၁၀လုံး
  • ငွေလွှဲပေးပို့သူ၏ အမည်
  • ငွေလွှဲလက်ခံသူ၏ အမည်
  • ငွေလွှဲထုတ်ယူမည့် ငွေပမာဏ
  • ငွေလွှဲပေးပို့သည့်နိုင်ငံ
  • ငွေလက်ခံသူကိုယ်တိုင်ထုတ်ယူရခြင်း

Kasikorn Bank (K Plus Mobile Application)

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် Kasikorn Bank ရဲ့ K Plus Mobile App ကို အသုံးပြုပြီး မြန်မာနိုင်ငံရှိမိသားစုဝင်များရဲ့ KBZPay အကောင့်ထဲသို့ အချိန်နဲ့တပြေးညီ တိုက်ရိုက်ငွေလွှဲပြောင်းနိုင်ပါပြီ။

ငွေလွှဲနိုင်သည့်နိုင်ငံများ

  • ထိုင်း

ဝန်ဆောင်ခ

  • ငွေလက်ခံသူထံမှ ဝန်ဆောင်ခ ကောက်ခံခြင်း မရှိပါ။

အများဆုံးငွေလွှဲနိုင်သော ငွေပမာဏ

  • အများဆုံးလွှဲပေးပို့နိုင်မည့်ပမာဏသည် ငွေလွှဲပေးပို့သည့်နိုင်ငံနှင့် Service Operators များ၏ ကန့်သတ်ချက်များအလိုက် သတ်မှတ်ပမာဏများအတိုင်းပေးပို့နိုင်မည်ဖြစ်ပါသည်။

ငွေလက်ခံရာတွင် လိုအပ်သောအချက်အလက်များ

  • ငွေလက်ခံသူ အနေဖြင့် KBZPay Level 2 အကောင့်တစ်ခုခုရှိရန် လိုအပ်ပါသည်။

ငွေလွှဲလက်ခံသူအတွက် အကျိုးကျေးဇူးများ

  • KBZPay အကောင့်များမှ တိုက်ရိုက် ငွေလက်ခံနိုင်ခြင်း။
  • မြန်မာကျပ်ငွေဖြင့် အချိန်နှင့်တပြေးညီ အလွယ်တကူငွေလက်ခံနိုင်ခြင်း။
  • ကမ္ဘောဇဘဏ်ခွဲများ၊ ATM စက်များ၊ KBZPay စင်တာများ နှင့် KBZPay အေးဂျင့်များထံတွင်  အလွယ်တကူ ငွေထုတ်ယူနိုင်ခြင်း။

Krungthai Bank (APG Web Application)

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် Krungthai Bank(APG Web Application) ကနေ ကမ္ဘောဇဘဏ်မှတဆင့် မြန်မာနိုင်ငံရှိမိသားစုများထံသို့ တိုက်ရိုက်ငွေလွှဲနိုင်ပါပြီ။

ငွေလွှဲနိုင်သည့်နိုင်ငံများ

  • ထိုင်း

ဝန်ဆောင်ခ

  • ငွေလက်ခံသူထံမှ ဝန်ဆောင်ခ ကောက်ခံခြင်း မရှိပါ။

အများဆုံးငွေလွှဲနိုင်သော ငွေပမာဏ

  • အများဆုံးငွေလွှဲပေးပို့နိုင်မည့်ပမာဏသည် ငွေလွှဲပေးပို့သည့်နိုင်ငံနှင့် service operators များ၏ ကန့်သတ်ချက်များအလိုက် သတ်မှတ်ပမာဏများအတိုင်းပေးပို့နိုင်မည်ဖြစ်ပါသည်။

ငွေလက်ခံရာတွင် လိုအပ်သောအချက်အလက်များ

ငွေလက်ခံသူအနေဖြင့် ကမ္ဘောဇဘဏ်တွင် ဖွင့်လှစ်ထားသော Savings, Current, Call Deposit, Cash အကောင့်တစ်ခုခုရှိရန် လိုအပ်ပါသည်။

  • ငွေလက်ခံသူ၏အမည်
  • ငွေလက်ခံသူ၏ ဘဏ်အကောင့်နံပါတ်

ငွေလွှဲလက်ခံသူအတွက် အကျိုးကျေးဇူးများ

  • ကမ္ဘောဇဘဏ်အကောင့်မှ တိုက်ရိုက် ငွေလက်ခံနိုင်ခြင်း။
  • မြန်မာကျပ်ငွေဖြင့် အချိန်နှင့်တပြေးညီ အလွယ်တကူငွေလက်ခံနိုင်ခြင်း။
  • ကမ္ဘောဇဘဏ်ခွဲများ နှင့် ATM စက်များတွင် အလွယ်တကူ ငွေထုတ်ယူနိုင်ခြင်း။

KEB Hana Bank (Hana EZ Mobile Application)

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် KEB Hana Bank ရဲ့ Hana EZ App ကို အသုံးပြုပြီး မြန်မာနိုင်ငံရှိမိသားစုဝင်များရဲ့ ကမ္ဘောဇဘဏ်အကောင့် (သို့)  KBZPay အကောင့်ထဲသို့ အချိန်နဲ့တပြေးညီ တိုက်ရိုက်လွှဲပြောင်းနိုင်ပါပြီ။

ငွေလွှဲနိုင်သည့်နိုင်ငံများ

  • ကိုရီးယား

ဝန်ဆောင်ခ

  • ငွေလက်ခံသူထံမှ ဝန်ဆောင်ခ ကောက်ခံခြင်း မရှိပါ။

အများဆုံးငွေလွှဲနိုင်သော ငွေပမာဏ

  • အများဆုံးငွေလွှဲပေးပို့နိုင်မည့်ပမာဏသည် ငွေလွှဲပေးပို့သည့်နိုင်ငံနှင့် service operators များ၏ ကန့်သတ်ချက်များအလိုက် သတ်မှတ်ပမာဏများအတိုင်းပေးပို့နိုင်မည်ဖြစ်ပါသည်။

ငွေလက်ခံရာတွင် လိုအပ်သောအချက်အလက်များ

ငွေလက်ခံသူ အနေဖြင့် ကမ္ဘောဇဘဏ်တွင် ဖွင့်လှစ်ထားသော Savings, Current, Call Deposit အကောင့်တစ်ခုခုရှိရန် လိုအပ်ပါသည်။

  • ငွေလက်ခံသူ၏အမည်
  • ငွေလက်ခံသူ၏ ဘဏ်အကောင့်နံပါတ် (သို့) ငွေလက်ခံသူ၏ KBZPay ဖုန်းနံပါတ် (KBZPay အကောင့်သည် Level 2 ဖြစ်ရန်လိုအပ်ပါသည်။)

ငွေလွှဲလက်ခံသူအတွက် အကျိုးကျေးဇူးများ

  • ကမ္ဘောဇဘဏ်အကောင့်နှင့် KBZPay အကောင့်များမှ တိုက်ရိုက် ငွေလက်ခံနိုင်ခြင်း။
  • မြန်မာကျပ်ငွေဖြင့် အချိန်နှင့်တပြေးညီ အလွယ်တကူငွေလက်ခံနိုင်ခြင်း။
  • ကမ္ဘောဇဘဏ်ခွဲများ၊ ATM စက်များ၊ KBZPay စင်တာများ နှင့် KBZPay အေးဂျင့်များထံတွင်  အလွယ်တကူ ငွေထုတ်ယူနိုင်ခြင်း။

နိုင်ငံရပ်ခြားမှ ကမ္ဘောဇဘဏ်အကောင့်သို့ တိုက်ရိုက်ငွေလွှဲဝန်ဆောင်မှု

KBZ Bank provides an International Fund Transfer service for workers in Korea, Malaysia, and Singapore via TransferTo (Thunes) which is a payment network enabling the seamless movement of funds around the world. 

လုပ်ဆောင်ပုံ

TransferTo (Thunes) Partners

ငွေလွှဲပေးပို့နိုင်သော နိုင်ငံများ

  • ကိုရီးယား
  • မလေးရှား
  • စင်္ကာပူ

ဝန်ဆောင်ခ

  • ငွေလက်ခံသူထံမှ ဝန်ဆောင်ခ ကောက်ခံခြင်း မရှိပါ။

အများဆုံးပေးပို့နိုင်သော ငွေပမာဏ

  • အများဆုံးငွေလွှဲပေးပို့နိုင်မည့်ပမာဏသည် ငွေလွှဲပေးပို့သည့်နိုင်ငံနှင့် service operators များ၏ ကန့်သတ်ချက်များအလိုက် သတ်မှတ်ပမာဏများအတိုင်းပေးပို့နိုင်မည်ဖြစ်ပါသည်။

ငွေလက်ခံသူအတွက် လိုအပ်သောအချက်အလက်များ

ငွေလက်ခံသူအနေဖြင့် ကမ္ဘောဇဘဏ်တွင် ဖွင့်လှစ်ထားသည့် Saving ဘဏ်အကောင့်ဖြစ်စေ၊ Current သို့ Call deposit ဘဏ်အကောင့်ဖြစ်စေရှိရန်လိုအပ်ပါသည်။

  • ငွေလက်ခံသူ၏ အမည်
  • ငွေလက်ခံသူ၏ ကမ္ဘောဇဘဏ်အကောင့်နံပါတ်

ငွေလွှဲလက်ခံသူအတွက် အကျိုးကျေးဇူးမျာ

  • မိမိကမ္ဘောဇဘဏ်အကောင့်သို့ ငွေလွှဲတိုက်ရိုက်လက်ခံ ရရှိခြင်း။
  • ငွေလွှဲကို မြန်မာကျပ်ငွေအဖြစ် တိုက်ရိုက်လက်ခံရရှိခြင်း။ (အချိန်နှင့်တပြေးညီလက်ခံရရှိခြင်း)
  • ATMကတ် သို့မဟုတ် KBZPay သို့မဟုတ် ကမ္ဘောဇဘဏ်ခွဲများမှ ငွေသား အလွယ်တကူထုတ်ယူနိုင်ခြင်း။

Ria (Inbound ငွေလွှဲပေးပို့ခြင်)

Ria Money Transfer သည် ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ထားသော နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ Ria သည် နိုင်ငံတကာရှိ Ria Network မှတဆင့် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လုပ်ခလစာ လွှဲပို့ငွေများကို မြန်မာနိုင်ငံမှ ငွေလက်ခံသူ၏ ကမ္ဘောဇဘဏ်အကောင့်နှင့် KBZPay  အကောင့်များထဲသို့ အချိန်နှင့်တပြေးညီ တိုက်ရိုက်လွှဲပြောင်းနိုင်အောင် ဆောင်ရွက်ပေးနေပါသည်။

ငွေလက်ခံရာတွင် လိုအပ်သောအချက်အလက်များ

ငွေလက်ခံသူအနေဖြင့် ကမ္ဘောဇဘဏ်တွင် ဖွင့်လှစ်ထားသည့် Saving ဘဏ်အကောင့်ဖြစ်စေ၊ Current သို့ Call deposit ဘဏ်အကောင့်ဖြစ်စေရှိရန်လိုအပ်ပါသည်။

  • ငွေလက်ခံသူ၏အမည်
  • ငွေလက်ခံသူ၏ ဘဏ်အကောင့်နံပါတ် (သို့) ငွေလက်ခံသူ၏ KBZPay ဖုန်းနံပါတ် (KBZPay အကောင့်သည် Level 2 ဖြစ်ရန်လိုအပ်ပါသည်။)

ငွေလွှဲနိုင်သည့်နိုင်ငံများ

  • မလေးရှား
  • ဂျပန်
  • အိုမန်

လုပ်ဆောင်ပုံ

ဝန်ဆောင်ခ

  • ငွေလက်ခံသူထံမှ ဝန်ဆောင်ခ ကောက်ခံခြင်း မရှိပါ။

အများဆုံးငွေလွှဲနိုင်သော ငွေပမာဏ

  • အများဆုံးငွေလွှဲပေးပို့နိုင်မည့် ပမာဏသည် ငွေလွှဲပေးပို့သည့်နိုင်ငံနှင့် service operators များ၏ ကန့်သတ်ချက်များအလိုက် သတ်မှတ်ပမာဏများအတိုင်းပေးပို့နိုင်မည်ဖြစ်ပါသည်။

ငွေလက်ခံသူအတွက် အကျိုးခံစားခွင့်များ

  • ကမ္ဘောဇဘဏ်အကောင့်နှင့် KBZPay အကောင့်များမှ တိုက်ရိုက် ငွေလက်ခံနိုင်ခြင်း။
  • မြန်မာကျပ်ငွေဖြင့် အချိန်နှင့်တပြေးညီ အလွယ်တကူငွေလက်ခံနိုင်ခြင်း။
  • ကမ္ဘောဇဘဏ်ခွဲများ၊ KBZPay စင်တာများ နှင့် KBZPay အေးဂျင့်များထံတွင်  အလွယ်တကူ ငွေထုတ်ယူနိုင်ခြင်း။

Merchant Trade (Inbound)

Merchant Trade သည် ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ထားသော နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ Merchant Trade သည် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လွှဲပို့ငွေများကို မြန်မာနိုင်ငံမှ ငွေလက်ခံသူထံသို့ အချိန်နှင့်တပြေးညီ တိုက်ရိုက်လွှဲပြောင်းနိုင်အောင် ဆောင်ရွက်ပေးနေပါသည်။

ဝန်ဆောင်ခ

  • Fax – မြန်မာငွေ ၅၀၀ ကျပ် + ကော်မရှင် ၀.၀၅ရာခိုင်နှုန်း (အနည်းဆုံး မြန်မာငွေ ၅၀၀ ကျပ်)

ငွေလွှဲနိုင်သည့်နိုင်ငံများ

  • မလေးရှား
  • ဂျပန်
  • ကိုရီးယား

အများဆုံးငွေလွှဲနိုင်သော ငွေပမာဏ

  • အများဆုံးငွေလွှဲပေးပို့နိုင်မည့်ပမာဏသည် ငွေလွှဲပေးပို့သည့်နိုင်ငံနှင့် service operators များ၏ ကန့်သတ်ချက်များအလိုက် သတ်မှတ်ပမာဏများအတိုင်းပေးပို့နိုင်မည်ဖြစ်ပါသည်။

လိုအပ်သော စာရွက်စာတမ်းများ

  • ငွေလက်ခံသူ၏ အထောက်အထားစာရွက်စာတမ်းများ
  • ဂဏန်း ၁၄လုံးပါ PIN နံပါတ်
  • ငွေလွှဲသူ၏ နာမည်
  • ငွေလက်ခံသူ၏ နာမည်
  • ပေးပို့ငွေပမာဏ
  • ပေးပို့သည့် နိုင်ငံ
  • ကမ္ဘောဇဘဏ်ခွဲများတွင် ကိုယ်တိုင်ငွေထုတ်ယူရန်

Inward Telegraphic Transfer (via SWIFT)

Telegraphic Transfer ဆိုသည်မှာ နိုင်ငံရပ်ခြားမှ(SWIFT SYSTEM မှတစ်ဆင့်) မြန်မာနိုင်ငံသို့ ဘဏ်အကောင့်အချင်းချင်း ငွေလွှဲပြောင်းကိစ္စရပ်များကို ဆိုလိုပါသည်။

အခြားနိုင်ငံမှ လွှဲပြောင်းလျှင် လိုအပ်သောအချက်အလက်များ

  • KBZ swift code သိရှိရန် – KBZBMMMY (or) KBZBMMMYXXX
  • ငွေလွှဲလက်ခံမည့်သူ၏အကောင့်နံပါတ်
  • ငွေလွှဲလက်ခံမည့်သူ၏အကောင့်အမည်
  • ငွေလွှဲပေးပို့လိုသော အချက်အလက် အကြောင်းအရာများ

ငွေလွှဲပေးပို့ ဆောင်ရွက်ရာတွင် ပေးဆောင်ရန်ငွေပမာဏ

  • အမေရိကန်ဒေါ်လာအကောင့်နှင့်ငွေလွှဲဆောင်ရွက်မည်ဆိုပါက အမေရိကန် ၁၁ဒေါ်လာ သို့ ၁၁ဒေါ်လာနှင့် ညီမျှသော စင်ကာပူဒေါ်လာ/ယူရိုငွေ ကိုပေးဆောင်ရပါမည်။
  • မြန်မာကျပ်ငွေအကောင့်နှင့် ငွေလွှဲဆောင်ရွက်မည်ဆိုပါက ၁၂၀၀၀ ကျပ် ပေးဆောင်ရပါမည်။ (ရန်ကုန်တိုင်းဒေသကြီးပြင်ပဖြစ်ပါက မြန်မာကျပ်ငွေ၁၂၀၀၀ အပြင် သတ်မှတ်ထားသော နှုန်းထားများအလျောက် ပေးပို့ရာတွင် ပေးဆောင်ရပါမည်။)

လိုအပ်သော စာရွက်စာတမ်းများ

လိုအပ်သော စာရွက်စာတမ်းများသည် ငွေပေးပို့မည့် အကြောင်းအရာအပေါ်မူတည်၍ ကွာခြားပါသည်။ (ဥပမာ-သဘောတူညီမှု/စာချုပ်/ပြေစာ/စသဖြင့်)
*ရင်းနှီးမြှုပ်နှံမှုများ၊ချေးငွေနှင့်ပို့ကုန်၊CMP ကုန်ကျမှုများအတွက် ငွေလွှဲပေးပို့ရာတွင်လည်း လိုအပ်သောစာရွက်စာတမ်းများ တပါတည်း ပါရှိရပါမည်။

ရင်းနှီးမြှုပ်နှံမှုများအတွက်  ငွေလွှဲပေးပို့ဆောင်ရွက်ရာတွင် လိုအပ်သောစာရွက်စာတမ်းများ

  • ကုမ္ပဏီမှတ်ပုံတင်(Certificate of incorporation + Company Extract (DICA))
  • MIC Permit (မြန်မာ့ရင်းနှီးမြှပ်နှံမှု ကော်မရှင် အောက်မှခွင့်ပြုထားသော ကုမ္ပဏီများ)

ပို့ကုန်များအတွက်လိုအပ်သောစာရွက်စာတမ်းများ

  • ထုတ်ကုန်များအကြောင်းဖော်ပြရှင်းလင်းချက်
  • ပို့ကုန်လိုင်စင် (ပို့ကုန်လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန်ပစ္စည်းများ အတွက် တင်ပြရန် မလိုအပ်ပါ)
  • ပို့ကုန်ကြေငြာလွှာ
  • အရောင်းစာချုပ်
  • Commercial ပြေစာမူရင်း

ပြည်ပချေးငွေရယူခြင်းအတွက်လိုအပ်သောစာရွက်စာတမ်းများ

  • ချေးငွေရယူရန် အကြောင်းအရင်းအားရှင်းပြသည့်စာ
  • ဗဟိုဘဏ်မှ ချေးငွေအတွက် ခွင့်ပြုကြောင်းစာ
  • ချေးငွေသဘောတူညီမှုစာ
  • ပြန်လည်ပေးဆပ်ရန် အချိန်ဇယား
  • ကုမ္ပဏီမှတ်ပုံတင်စာရွက်(Certificate of incorporation + Company Extract (DICA))

***အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထက်ငွေလွှဲဆောင်ရွက်မည်ဆိုပါက သက်ဆိုင်သောစာရွက်စာတမ်းများနှင့်တကွပူးတွဲတင်ပြရန်လိုအပ်ပါသည်။

Outward Telegraphic Transfer (via SWIFT)

၀န်ဆောင်ခ

  • လွှဲပို့ငွေပမာဏ အမေရိကန်ဒေါ်လာ  USD 20,000 အထိကို USD 25 အနည်းဆုံးပေးဆောင်ရမည်။
  • လွှဲငွေပမာဏ USD 20,000 နှင့်အထက်လွှဲငွေများအား လွှဲငွေပမာဏအပေါ်တွင် 0.125% နှင့် ငွေလွှဲပို့သည့် ငွေကြေးအမျိုးအစားပေါ်မူတည်၍ ကောက်ခံပါသည်။

Remark:

  • ဤ၀န်ဆောင်ခများအားလုံးသည် အမေရိကန်ဒေါ်လာ နှင့် အခြားငွေကြေးများသည် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့်ငွေပမာဏကိုတွက်ချက်ကောက်ခံပါမည်။
  • အခြားငွေကြေးအရောင်းအ ၀ယ်များ၏မည်သည့်၀န်ဆောင်ခမဆိုဘဏ်မှသတ်မှတ်သည့် အမေရီကန်ဒေါ်လာ (USD) ငွေလဲနှုန်းပေါ် မူတည်၍ ပြောင်းလဲသွားမည်။

ကျသင့်ငွေ

  • Swift Charges: USD 10 (1st Oct, 2018 နေ့မှစတင်၍)
  • အခြားဝန်ဆောင်ခများ USD 10 + Swift USD 10 (အမှားပြင်ဆင်ခြင်း / ငွေလွှဲစုံစမ်းစစ်ဆေးခြင်း /ငွေလွှဲ ရှာဖွေမှုစုံစမ်းခြင်း (Tracer)/ ငွေလွှဲ ဖျက်သိမ်းခြင်း)

Trade payment အတွက် လိုအပ်သော စာရွက်စာတမ်းများ

  • လျှောက်လွှာ
  • ပေးပို့ရမည့် အကြောင်းအရင်းများအား ရှင်းပြသည့်စာ( ကုမ္ပဏီ letterheadနှင့်တကွ)
  • နိုင်ငံခြား အပ်ငွေအကောင့်( ကုမ္ပဏီအကောင့် )
  • သွင်းကုန်လိုင်စင်/သွင်းကုန်ပါမစ် မူရင်း
  • သွင်းကုန်ကြေငြာစာ မူရင်း
  • တင်သွင်းသောသင်္ဘောပါကုန်ပစ္စည်းစာရင်း/ လေကြောင်းပါကုန်ပစ္စည်းစာရင်း/ကုန်တင် ပြေစာ အတိအကျ
  • Commercial ပြေစာ မူရင်း
  • နိုင်ငံသားမှတ်ပုံတင် မူရင်း/မိတ္တူ( တစ်ယောက်ချင်းစီအတွက်)

Non-trade payment အတွက်လိုအပ်သောစာရွက်စာတမ်းများ

  • လျှောက်လွှာ
  • ပေးပို့ရမည့် အကြောင်းအရင်းများအား ရှင်းပြသည့် စာ( ကုမ္ပဏီ letterheadနှင့်တကွ)
  • တခြားအထောက်အပံ့ဖြစ်သောစာရွက်စာတမ်းများ(ပြေစာ၊စာချုပ်၊သဘောတူညီမှုစာချုပ်၊စသဖြင့် ငွေလွှဲမည့် အကြောင်းအရာပေါ်တည်၍ကွဲပြားပါသည်ဥပမာ-ကျောင်းလခပေးသွင်းခြင်း၊တိုင်ပင်ဆွေးနွေးခပေးသွင်းခြင်း၊ခရီးသွားစရိတ်များ၊ကုန်တင်ပို့ခ စရိတ်များ နှင့် လစာပေးသွင်းခြင်းများ)

Trade Payment

  • Import TT Application Form

Non-trade and Service Payment

  • Non Trade Application Form

International Remittance

  • Terms & Conditions

အချိန်ကုန်သက်သာခြင်း

သင်ချစ်ရသောသူများကို ငွေလွှဲပေးပို့ရန် အမြန်ဆုံးသောနည်းလမ်း

နိုင်ငံတစ်ဝန်းသို့

မြန်မာနိုင်ငံအတွင်း မည့်သည့်နေရာမဆို ငွေလွှဲဆောင်ရွက်နိုင်ခြင်း

အဆင်ပြေချောမွေ့လွယ်ကူခြင်း

ငွေလွှဲပေးပို့မှုများကို အကောင့်တစ်ခုကနေ အခြားအကောင့်တစ်ခုသို့ပေးပို့နိုင်သလို ငွေသားထုတ်ယူမှုများလည်း ပြုလုပ်နိုင်ပါပြီ

လုံခြုံစိတ်ချမှုရှိခြင်း

သင့်မိသားစုထံသို့စိတ်အချရဆုံးနည်းလမ်းဖြင့်ငွေလွှဲဆောင်ရွက်လိုက်ပါ

ငွေလွှဲပေးပို့နိုင်သော နိုင်ငံများ

KBZ နှင့် သက်ဆိုင်ချိတ်ဆက်သောဘဏ်များမှတိုက်ရိုက်ငွေလွှဲနိုင်ပါသည်။ (အခြားဘဏ်များမှပေးပို့လိုပါက (intermediary bank) ကြားခံဘဏ် အသုံးပြု၍လည်း ပေးပို့နိုင်ပါသည်။ )

KBZ Bank SWIFT Code – KBZBMMMY

List of Correspondent Banks and SWIFT Code

NoBank NameSWIFT CODECurrencyCountry Name
1Industrial and Commercial Bank of China LtdICBKCNBJUSDChina
2Sumitomo Mitsui Banking CorprorationSMBCJPJTUSD, JPYJapan
3Punjab National BankPUNBINBBISBUSDIndia
4KEB Hana Bank KOEXKRSEUSDKorea
5Kookmin Bank CZNBKRSEUSDKorea
6Malayan Banking Berhad, MaybankMBBEMYKLUSDMalaysia
7CIMB Bank BerhadCTBBMYKLUSDMalaysia
8United Overseas Bank Ltd.UOVBSGSGUSD, EUR, SGDSingapore
9Oversea-Chinese Banking Corporation Ltd.OCBCSGSGUSD, SGD, EURSingapore
10Malayan Banking Berhad, MaybankMBBESGSGUSDSingapore
11Sumitomo Mitsui Banking CorprorationSMBCSGSGUSDSingapore
12DBS Bank LtdDBSSSGSGUSD, SGDSingapore
13Cathay United BankUWCBTWTPUSDTaiwan
14Bangkok Bank Public Company Ltd.BKKBTHBKUSD,THBThailand
15Siam Commercial Bank Public Company Ltd.SICOTHBKUSDThailand
16Krung Thai Bank Public Company Ltd.KRTHTHBKUSDThailand
17Kasikorn Bank Public Company Ltd.KASITHBKUSD, THBThailand

ITRS codes – Codes for International Transactions Reporting System

  1. Goods exported and imported
    • 1100 – Exports
    • 1200 – Imports
  2. Transport and travel services 
    • Freight services 
    • 2110 – Sea transport
    • 2120 – Air transport
    • 2130 – Other transport
    • Passenger services 
    • 2210 – Sea transport
    • 2220 – Air transport
    • 2230 – Other transport
    • Other transport services 
    • 2310 – Sea transport
    • 2320 – Air transport
    • 2330 – Other transport
    • 2340 – Postal and courier services
    • Travel services 
    • 2510 – Business travel
    • 2520 – Personal travel
  3. Other services 
    • 3100 – Manufacturing services
    • 3200 – Maintenance and repair services 
    • 3310 – Construction abroad
    • 3320 – Construction in Myanmar
    • 3410 – Insurance premiums
    • 3420 – Insurance claims
    • 3430 – Financial services fees 
    • 3500 – Charges for use of intellectual property (royalties and license fees)
    • 3610 – Telecommunication
    • 3620 – Computer services
    • 3630 – Information service
    • 3710 – Research and development services
    • 3720 – Professional and management consulting services
    • 3725 – Operating lease(rental of equipment)
    • 3730 – Technical, trade-related, and other business services
    • 3740 – Audiovisual and related services
    • 3750 – Personal, cultural, and recreational services
    • 3800 – Services to government not included elsewhere
  4. Income
    • 4100 – Dividends
    • 4300 – Interest
    • 4400 – Taxes
    • 4500 – Subsidies
    • 4600 – Rent
    • 4700 – Compensation of employees
  5. Transfers
    • 5200 – Workers’ remittances
    • 5300 – Other personal transfers
    • 5400 – Grants for infrastructure and purchase of capital goods
    • 5500 – Development assistance
    • 5600 – Other current transfers
  6. Transactions in claims (assets) on nonresidents 
    • 7100 – Equity
    • 7200 – Debt between affiliated enterprises
    • 7310 – Long-term debt securities
    • 7320 – Short-term debt securities
    • 7400 – Options, futures, warrants, swaps, etc.
    • 7510 – Loans, long-term
    • 7520 – Loans, short-term
    • 7530 – Trade credits and advances, long-term
    • 7540 – Trade credits and advances, short-term
    • 7600 – Deposits
    • 7800 – Other
  7. Transactions in liabilities to nonresidents 
    • 8100 – Equity
    • 8200 – Debt between affiliated enterprises
    • 8250 – Payments of local expenses of resident affiliates by their parent companies
    • 8310 – Long-term debt securities
    • 8320 – Short-term debt securities
    • 8400 – Options, futures, warrants, swaps, etc.
    • 8510 – Loans, long-term
    • 8520 – Loans, short-term
    • 8530 – Trade credits and advances, long-term
    • 8540 – Trade credits and advances, short-term
    • 8600 – Deposits
    • 8800 – Other 
  8. Transfer of funds between residents
    • 9000 – Transfer of funds between residents’ accounts
    • 9100 – Transfer of funds between banks resident in Myanmar
    • 9200 – Transfer of funds of resident banks with banks abroad
    • 9300 – Deposits to and withdrawals from residents’ accounts
    • 9400 – Purchase and sale of foreign currency between residents and residents banks (9400)’ accounts
  9. Realized gains or losses
    • 10100 – Foreign exchange realized gains or losses
  • မှတ်ချက် ။ ။ SWIFT Message Type 103 ၏ Field number 77B (Regulatory Reporting) တွင် ထည့်သွင်းဖော်ပြပါက ITRS Code ကိုသာ ထည့်သွင်းဖော်ပြပါရန်။ eg. 4100
  • အကြောင်းကြောင်းကြောင့် Field number 77B (Regulatory Reporting) ကို အသုံးပြုနိုင်ခြင်းမရှိသေးသည့် ကာလတွင် Field number 70 (Remittance Information) ၌ ထည့်သွင်းဖော်ပြရန်ဖြစ်ပြီး ITRS Code/particular information Format အတိုင်း ထည့်သွင်းပေးပါရန်။ eg. 2110/Freight services from Singapore