သက်ငယ်ငွေစုဘဏ်အပ်ငွေစာ

Home / စာရင်းများ / သက်ငယ်ငွေစုဘဏ်အပ်ငွေစာ

သက်ငယ်စာရင်း (Minor Account)

ကမ္ဘောဇဘဏ်လီမိတက်၏ သက်ငယ်စာရင်း (Minor Account)အား အသက်(၁၈)နှစ်မပြည့်သေးသော ကလေးများအတွက်  မိဘများမှ ကလေးငယ်၏ နောင်ရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်ပေးနိုင်သော ငွေစုဘဏ်အပ်ငွေအမျိုးအစားတစ်ခုဖြစ်ပြီး အတိုးခံစားခွင့်ရှိသော အပ်ငွေအမျိုးအစားတစ်ခုဖြစ်ပါသည်။


မိဘများမှ သားသမီးများအား ငွေစုတတ်သည့် အလေ့အထအား မွေးမြူပေးနိုင်ခြင်း။

သက်ငယ်စာရင်း (Minor Account)၏ အပ်ငွေပေါ်တွင် တစ်နှစ်လျှင် အတိုးနှုန်း

သိန်း ၃,၀၀၀ နှင့်အထက် ၇%
သိန်း ၃,၀၀၀ အောက် ၆%

အတိုးရရှိနိုင်ရန်အတွက် ငွေပေးသွင်းရမည့်ရက်

လစဉ် လဆန်း (၁)ရက်နေ့မှ (၅)ရက်နေ့အထိ

အတိုးထုတ်ယူနိုင်မည့်လ

မတ်လကုန်၊ ဇွန်လကုန်၊ စက်တင်ဘာလကုန် နှင့် ဒီဇင်ဘာလကုန်

အသက်(၁၈)နှစ်ပြည့်ပြီးပါက သက်ငယ်စာရင်း (Minor Account)မှ ငွေစုဘဏ်အပ်ငွေ (Saving Account)သို့ လွယ်ကူစွာ ပြောင်းလဲဖွင့်လှစ်၍ငွေစုနိုင်ခြင်း။

အသက်(၁၈)နှစ်ပြည့်ပြီးပါက သက်ငယ်စာရင်း (Minor Account)မှ ငွေစုဘဏ်အပ်ငွေ (Saving Account)သို့ လွယ်ကူစွာ ပြောင်းလဲဖွင့်လှစ်၍ငွေစုနိုင်ခြင်း။

ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း

သက်ငယ်စာရင်း (Minor Account) ငွေစာရင်းဖွင့်လှစ်ထားသည့်ဘဏ်ခွဲတွင်သာ ဘဏ်ဖွင့်ရက်များအတွင်း အကြိမ်အရေအတွက် အကန့်အသတ်မရှိ ငွေသွင်းနိုင်ပြီး (၁)ပတ်လျှင် (၁)ကြိမ်ငွေပမာဏကန့်သတ်ချက်မရှိပဲ ငွေထုတ်ယူနိုင်ပါသည်။

ကနဦးအပ်ငွေ

၁၀၀၀ ကျပ်

အနည်းဆုံးလက်ကျန်ငွေ

၁၀၀၀ ကျပ်

အတိုးနှုန်း

သိန်း ၃,၀၀၀ နှင့် အထက် ၇%
သိန်း ၃,၀၀၀ အောက် ၆%

အကျိုးကျေးဇူးများ

မိဘများမှ သားသမီးများ အား ငွေစုတတ်သည့် အလေ့အထအား မွေးမြူ ပေးနိုင်ခြင်း။

အသက်(၁၈)နှစ်ပြည့်ပြီးပါက သက်ငယ်ငွေစုဘဏ်အပ်ငွေမှ ငွေစုဘဏ်အပ်ငွေ (Saving Account) သို့ လွယ်ကူစွာ ပြောင်းလဲဖွင့်လှစ်၍ငွေစုနိုင်ခြင်း။

တစ်နှစ်လျှင် အတိုးနှုန်း သိန်း ၃,၀၀၀ နှင့်အထက် ၇%
သိန်း ၃,၀၀၀ အောက် ၆%

ဘဏ်ဖွင့်ရက်များအတွင်း ကန့်သတ်ချက်မရှိပဲ ငွေသွင်းငွေထုတ်လုပ်နိုင်ပါသည်

စာရင်းဖွင့်လှစ်ရာတွင် လိုအပ်သောအထောက်အထားစာရွက်စာတမ်းများ

  • NRC ID card(original) of Parent/Guardian who will withdraw and deposit
  • Form 66/6 (Family Legal Document) Copy/Original