စာရင်းရှင် အပ်ငွေစာရင်း (နိုင်ငံခြားသုံးငွေ)

Home / စာရင်းများ / စာရင်းရှင် အပ်ငွေစာရင်း (နိုင်ငံခြားသုံးငွေ)

စာရင်းရှင်အပ်ငွေစာရင်း (နိုင်ငံခြားသုံးငွေ)

ကမ္ဘောဇဘဏ်လီမိတက်၏ စာရင်းရှင်အပ်ငွေစာရင်း (နိုင်ငံခြားသုံးငွေ) အား ပြည်တွင်းပြည်ပရှိ နိုင်ငံ တကာ ကုမ္ပဏီများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသော ၀န်ထမ်းများ၊ ပြည်ပသို့သွားရောက်၍ ကျောင်းတက်ရောက်မည့်သူများ(သို့) ဆေးကုသမည့်သူများ၊ သဘောင်္သားများ၊ နိုင်ငံရပ်ခြားမှ လာရောက်အလုပ်လုပ်ကိုင်နေသူများ(Forginers)အတွက် အထူးသင့်လျော်သော စာရင်း အမျိုးအစားတစ်မျိုးဖြစ်ပါသည်။ စာရင်းရှင်အပ်ငွေစာရင်းသည် အတိုးမရရှိနိုင်သော စာရင်းအမျိုးအစား ဖြစ်ပါသည်။


နိုင်ငံခြားငွေစာရင်းအား USD, EURO နှင့် SGD ဟူ၍ ရှိရာ မိမိကြိုက်နှစ်သက်ရာငွေကြေးအမျိုးအစားအားဖွင့်လှစ်နိုင်ခြင်

ကမ္ဘောဇဘဏ်လီမိတက်သည် နိုင်ငံတကာတွင်ချိတ်ဆက် ထားသော ဘဏ်များစွာရှိပါသဖြင့် နို်င်ငံရပ်ခြားမှ ကမ္ဘောဇ ဘဏ်၏ နိုင်ငံခြားသုံးငွေစာရင်းသို့ တိုက်ရိုက်ငွေလွှဲပေးပို့ နိုင်ခြင်း

နိုင်ငံခြားသုံးငွေဖြင့် ငွေပေးချေရမည့်လုပ်ငန်းများတွင် ငွေသား ကိုင်ဆောင်စရာမလိုအပ်ပဲ အဆိုပါချက်လက်မှတ်ဖြင့် ငွေပေးချေ ခြင်း၊ စာရင်းပြောင်းခြင်းနှင့် စာရင်းရှင်းခြင်းများ ပြုလုပ်နိုင်ခြင်း

တရားဝင်အထောက်အထားရရှိနိုင်ခြင်း

နိုင်ငံရပ်ခြားမှ လာရောက်အလုပ်လုပ်ကိုင်နေသူများ အနေဖြင့် ကမ္ဘောဇဘဏ်၏ နိုင်ငံခြားသုံးငွေစာရင်းမှ မိမိတို့၏သက်ဆိုင်ရာ နိုင်ငံများသို့ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ခြင်း၊

အထူးကောက်ခံပေးမှုဆိုင်ရာ ဘဏ်၏ဝန်ဆောင်မှုကို ရရှိခံစားနိုင်ခြင်း

အမိန့်ရသူချက်ကိုအသုံးပြုပြီး မိမိငွေပေးချေလိုသူအား အမည်နာမတပ်၍ ပေးချေနိုင်ခြင်း

ချက်လက်မှတ်တစ်စောင်တွင် အများဆုံး 5,000 နှင့် တစ်ပတ်လျှင် (၂)ကြိမ်ထုတ်ယူနိုင်ပါသည်။ (မှတ်ချက် – အဆိုပါသတ်မှတ်ချက်သည် ဗဟိုဘဏ်မှ အခါအားလျော်စွာထုတ်ပြန်သည့် ညွှန်ကြားချက်ပေါ် မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။)

ကနေဦးအပ်ငွေ

၁၀၀(အမေရိကန် ၊ ဥရောပ ၊ စင်ကာပူ)

(မှတ်ချက် – ငွေပမာဏ ၁၀၀၀၀ ကျော်လွန်ပါက Source of Income ပြသရန်လိုအပ်ပါသည်)

လက်ကျန်ငွေ

၂၀ (အမေရိကန် ၊ ဥရောပ ၊ စင်ကာပူ)

Why choose this Account?

ကမ္ဘောဇဘဏ်လီမိတက်သည် နိုင်ငံတကာတွင်ချိတ်ဆက်ထားသောဘဏ်များစွာရှိပါသဖြင့် နို်င်ငံရပ်ခြားမှ ကမ္ဘောဇဘဏ်၏ နိုင်ငံခြားသုံးငွေစာရင်းသို့ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ခြင်း

နိုင်ငံခြားငွေစာရင်းအား USD, EURO နှင့် SGD ဟူ၍ ရှိရာ မိမိကြိုက်နှစ်သက်ရာငွေကြေးအမျိုးအစားအားဖွင့်လှစ်နိုင်ခြင်း

အများဆုံး ၅၀၀၀၀၀ နှင့် အထက် နေ့စဉ်ထုတ်ယူ နိုင်ပါသည်။

Online Banking ကို အသုံးပြု၍ အခြားသော ဘဏ်လုပ်ငန်း ၀န်ဆောင်မှု များအား လုပ်ဆောင် နိုင်ခြင်း

စာရင်းဖွင့်လှစ်ရာတွင် လိုအပ်သောအထောက်အထားစာရွက်စာတမ်းများ

  • နိုင်ငံသားစိစစ်ရေးကတ် မူရင်း (သိုု့)မိတ္တူ