စီးပွားရေးလုပ်ငန်းနှင့် နိုင်ငံတကာကုန်သွယ်မှုကို ငွေကြေးထောက်ပံ့ပေးခြင်း
စီးပွားရေးလုပ်ငန်းနှင့် နိုင်ငံတကာကုန်သွယ်မှုကို ငွေကြေးထောက်ပံ့ပေးခြင်း
ကမ္ဘောဇဘဏ်မှ လူကြီးမင်းတို့လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် နှင့် လုပ်ငန်းချောမွေ့စွာလည်ပတ်နိုင်စေဖို့အတွက် ငွေကြေးဆိုင်ရာလိုအပ်ချက်များကို စဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိပါသည်။

What We’re Offering –
SME ချေးငွေများ
ကမ္ဘောဇဘဏ်မှ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ အတွက် လက်ရှိလိုအပ်ချက်များ နှင့် အနာဂတ်အစီအစဉ်နှင့် တိုးတက်မှုတို့အား ပံ့ပိုးပေးနိုင်ရန် SME ချေးငွေဝန်ဆောင်မှုများအားရယူနိုင်ပါသည်။


SME Term Loan
ပုံသေပိုင်ပစ္စည်းများ (Fixed Assets) ဝယ်ယူခြင်းအတွက် လိုအပ်သော မတည်ရင်းနှီးငွေအတွက် လျှောက်ထားနိုင်ပါသည်။


SME Overdraft (OD)
ကာလတိုငွေကြေးစီးဆင်းမှုအတွက်လိုအပ်သော လုပ်ငန်းလည်ပတ်ငွေအားလျှောက်ထားနိုင်ပါသည်။


JICA Two Steps Loan JICA TSL
Two-Step Loan ချေးငွေအစီအစဉ် ၈၀ ရာခိုင်နှုန်းသည် လုပ်ငန်းရင်းနှီးငွေနှင့် ၂၀ ရာခိုင်နှုန်းသည် လုပ်ငန်းလည်ပတ်ငွေအဖြစ် JICA မှ ပံ့ပိုးထားပါသည်။
ဝန်ဆောင်ခနှင့် အတိုးနှုန်းထားများ
အတိုးနှုန်း | SECURED LOAN | UNSECURED LOAN | PENALTY/LATE FEES |
SME TERM LOAN | တစ်နှစ်လျှင် 10.0% | တစ်နှစ်လျှင် 10%~14.5% | တစ်နှစ်လျှင် 5.5%~10% |
SME OVERDRAFT (OD) | တစ်နှစ်လျှင် 10.0% | တစ်နှစ်လျှင် 10%~14.5% | တစ်နှစ်လျှင် 5.5%~10% |
JICA TWO STEPS LOAN – JICA TSL | 5.5% p.a | တစ်နှစ်လျှင် 10%~14.5% | တစ်နှစ်လျှင် 5.5%~10% |
မေးလေ့မေးထရှိသောမေးခွန်းများ
လုပ်ငန်းလုပ်နေတာ ကြာပါပြီ။ ဒါပေမဲ့ တရားဝင်လိုင်စင်ရထားတာ တစ်နှစ်ပဲရှိသေးတဲ့အတွက် ချေးငွေ လျှောက်ထားခွင့် ရှိ/မရှိ သိပါရစေ။
လျှောက်ခွင့် ရှိပါတယ်။ လုပ်ငန်းလိုင်စင်သက်တမ်း တစ်နှစ်ပဲ ရှိပေမဲ့ လုပ်ငန်းအမှန်တကယ်လည်ပတ်ပြီး လုပ်ငန်းလုပ်တာကြာပြီ ဖြစ်ပါက ဘဏ္ဍာရေးရှင်းတမ်း ၃ နှစ်စာ ဆွဲပေးဖို့ လိုအပ်ပါတယ်။
စီးပွားရေးလုပ်ငန်းလုပ်ဆောင်တဲ့ သက်တမ်း ၂ နှစ်ရှိပေမဲ့ အခွန်ဆောင်တာ တစ်နှစ်ပဲ ရှိသေးရင် ( တစ်ချို့ လုံးဝမဆောင်ရသေး) ချေးငွေ လျှောက်လို့ရပါသလား။
လုပ်သက် (၂) နှစ်ရှိပြီး အခွန်တစ်နှစ်ဆောင်ထားရင်လည်း ချေးငွေ လျှောက်လို့ ရပါတယ်။ အခွန်လုံးဝ မပေးဆောင်သေးပါက ကြိုတင်အခွန်ဆောင်ပြီးရင်ပြန်လည်လျှောက်ထားနိုင်ပါတယ်။
လုပ်ငန်းအခုမှ စတင်လုပ်ကိုင်မည့် Start Up ကုမ္ပဏီများ ချေးငွေလျှောက်ထားလို့ရပါသလား ?
မရပါ။ လုပ်ငန်းလည်ပတ်ချိန် အနည်းဆုံး (၂)နှစ် ရှိမှသာ ချေးငွေ လျှောက်ထားနိုင်ပါတယ်။
အာမခံပစ္စည်းပေးရန်မရှိရင်လည်း Loan လျှောက်ထားလို့ရပါသလား ?
အာမခံပစ္စည်းအစား မြန်မာအာမခံလုပ်ငန်းမှ ထုတ်ပေးသည့် CGI (Credit Guarantee Insurance) Certificate လျှောက်ထား၍ KBZ Loan လျှောက်ထားနိုင်ပါတယ်။
ဘယ်လိုလုပ်ငန်းတွေက SME ချေးငွေ လျှောက်ထားလို့ ရပါသလဲ။
အောက်ပါ လုပ်ငန်းလုပ်ကိုင်သူ/လုပ်ငန်းတွေကလွဲပြီး ကျန်လုပ်ငန်းအမျိုးအစားတွေအတွက် ချေးငွေ လျှောက်ထားနိုင်ပါတယ်။
- မွေးမြူရေးလုပ်ငန်းများနှင့် မြန်မာ့စိုက်ပျိုးရေးဘဏ်မှ ချေးငွေကို အကျုံးဝင်နေသော လယ်သမားများ
- အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း
- ငွေရေးကြေးရေးနှင့် အာမခံလုပ်ငန်းများ
- တန်ဖိုးကြီး သတ္ထုအရောင်းအဝယ်လုပ်ငန်းများ
- အဖျော်ယမကာဆိုင်များ
- ဖျော်ဖြေရေးနှင့် ကစားကွင်းများ (ခရီးသွားလုပ်ငန်းမှ အပ)
- လက်နက် ခဲယမ်း ရောင်းဝယ်ရေးနှင့်
- လူထုတည်ငြိမ်ရေးကို နှောင့်ယှတ်စေသော လုပ်ငန်းများ (အလုပ်အမှုဆောင် ကော်မတီမှ ဆုံးဖြတ်ပါမည်)
SME ချေးငွေရရှိဖို့ အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ?
လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားပါက အနည်းဆုံး (၂) ပတ်၊ အများဆုံး (၁)လ အကြာတွင် ချေးငွေ ရရိနိုင်မှာ ဖြစ်ပါတယ်။

ချေးငွေလျှောက်ထားရန်အဆင့်ဆင့်
ချေးငွေဝန်ဆောင်မှုကို ရယူဖို့တွက် နီးစပ်ရာဘဏ်ခွဲများတွင် “ Customer Enquiry Form” ကိုဖြည့်နိုင်ပါသည်။ (သို့မဟုတ်) အောက်ပါအချက်အလက်များကိုဖြည့်စွက်ပြီး “ [email protected]” သို့လည်း အီးမေးလ်ပို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
What We’re Offering –
ကုန်သွယ်ဘဏ္ဍာရေး
ကမ္ဘောဇဘဏ်မှ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ နှင့် နိုင်ငံတကာကုန်သွယ်မှု လုပ်ငန်းများကို ပံ့ပိုးကူညီလျှက်ရှိပါသည်။


သွင်းကုန် ဝန်ဆောင်မှု
ကမ္ဘောဇဘဏ်မှ သွင်းကုန်ဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် မှာယူတင်သွင်းလိုက်သော ကုန်ပစ္စည်း အတွက် ကုန်ဖိုးငွေပေးချေရာတွင် လွယ်ကူစေရန် ဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။


ပို့ကုန် ဝန်ဆောင်မှု
ကမ္ဘောဇဘဏ်မှ ပို့ကုန်ဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် တင်ပို့ရောင်းချလိုက်သော ကုန်ပစ္စည်း တန်ဖိုးငွေရရှိရန်အတွက် ဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။