ပို့ကုန်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှု

KBZ ဘဏ်မှ လူကြီးမင်းတို့၏ ပို့ကုန်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးလိုအပ်ချက်များ နှင့် လူကြီးမင်းတို့ တင်ပို့ရောင်းချလိုက်သော ကုန်ပစ္စည်း တန်ဖိုးငွေရရှိရန် ကူညီပေးရန် အသင့်ရှိနေပါသည်။ ပို့ကုန်ဆိုင်ရာစုံလင်သောဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသေးစိတ်ကြည့်ရှုနိုင်ရန်ဖိတ်ခေါ်ပါသည်။

ဝန်ဆောင်မှုအကြောင်းအရာ

  • ပင်လယ်ရပ်ခြားရှိကုန်တင်ပို့သူထံမှ စစ်မှန်ကြောင်းအတည်ပြုပြီးဖြစ်သည့် ငွေလွှဲစာတမ်း ကိုလက်ခံရရှိထားမှု အား KBZ ဘဏ်က အကျိုးခံစားခွင့်ရှိသူထံသို့ email/စာ ဖြင့် အမြန်ဆုံးအသိပေးအကြောင်းကြားခြင်း
  • ချေးငွေကန့်သတ်ချက်ရှိထားရန်မလိုပါ

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • ငွေလွှဲစာတမ်းစစ်မှန်ကြောင်းအတည်ပြုခြင်း
  • ငွေလွှဲစာတမ်း ရောက်ရှိကြောင်းအ‌ကြာင်းကြားခြင်းအမြန်ဆုံးဆောင်ရွက်ခြင်း
  • ကုန်ပို့သူအတွက် ငွေလွှဲစာတမ်းပါအကြောင်းအရာများအား သုံးသပ်ပေးသည့်ဝန်ဆောင်မှုပေးခြင်း

လိုအပ်သည့်စာရွက်စာတမ်းများ

၁။ ငွေလွှဲစာတမ်းရောက်ရှိမှုအားKBZ ဘဏ်၏ စာ/အီးမေးလ်ဖြင့်အကြောင်းကြားစာ

၂။ ပို့ကုန်ငွေလွှဲစာတမ်းထုတ်ပေးပါရန်တောင်းခံထားသည့် ကုမ္ပဏီက တရားဝင်လက်မှတ်ရေးထိုးထားသော စာ (ကုမ္ပဏီ၏ letter head ဖြင့်)

၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်မိတ္တူ သို့မဟုတ် လိုင်စင်လျှောက်ထားစရာမလိုသည့် ပို့ကုန် ဖြစ်ကြောင်းဖော်ပြထားသည့်စာ

ဝန်ဆောင်မှုအကြောင်းအရာ

  • နိုင်ငံတကာကုန်သည်ကြီးများအသင်းကထုတ်ပြန်ထားသည့် သက်ဆိုင်ရာ UCP စည်းမျဉ်းစည်းကမ်းများအရ လိုအပ်သော ငွေလွှဲစာတမ်းဆိုင်ရာစည်းမျဉ်းများ နှင့်ကိုက်ညီမှုရှိမရှိဆိုသည်ကို သေချာမှုရှိစေရန်အတွက် တင်ပြလာသည့်စာရွက်စာတမ်း များအား KBZ ဘဏ်က ငွေလွှဲစာတမ်းဆိုင်ရာစည်းမျဉ်းများနှင့်တိုက်ဆိုင်စစ်ဆေးခြင်း

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • တိုးချဲ့ထားသောဘဏ်လုပ်ငန်းဆိုင်ရာကွန်ယက်များကိုအသုံးပြု၍ လွယ်ကူမြန်ဆန်သောဝန်ဆောင်မှု ရယူနိုင်ခြင်း
  • ခိုင်မာသောလုပ်ငန်းပိုင်းဆိုင်ရာစာရွက်စာတမ်းများအရငွေပေးချေမှုများအားအချိန်မီရရှိခြင်းဖြင့် ပိုမိုကောင်းမွန်သောငွေကြေးစီးဆင်းမှုကိုဖြစ်စေခြင်း

လိုအပ်သောစာရွက်စာတမ်းများ

အောက်တွင်ဖော်ပြထားသည့်အထောက်အကူပြုစာရွက်စာတမ်းများ အပါအဝင် တောင်းခံလွှာရှင်းလင်းမှုပြုလုပ်ပေးရန် ကုန်ပို့သူက ဘဏ်အားတောင်းခံထားသည့် တရားဝင်လက်မှတ်ရေးထိုးထားသည့်စာ –

၁။ စစ်မှန်ကြောင်းအတည်ပြုပြီးဖြစ်သည့် ပို့ကုန်ငွေလွှဲစာတမ်း

၂။ ပို့ကုန်ငွေလွှဲစာတမ်းဘီ(လ်) လျှောက်လွှာပုံစံ

၃။ ပို့ကုန်ငွေလွှဲစာတမ်းစည်းမျဉ်းများအရ သင်္ဘောတင်စာရွက်စာတမ်း များ –

  • ကုန်ရောင်း‌‌‌ ပြေစာ (တန်ဖိုးအတည်ပြုချက်)
  • သင်္ဘောတင်အထောက်အထားလက်မှတ် (ကုန်ပို့အတည်ပြုချက်)
  • ကုန်ပစ္စည်းစာရင်း (ကုန်ပစ္စည်းအတည်ပြုချက်)
  • တင်ပို့သည့်မူရင်းနိုင်ငံအသိအမှတ်ပြုလက်မှတ် (မူရင်းနိုင်ငံအတည်ပြုချက်)
  • စစ်ဆေးပြီးကြောင်းအတည်ပြုလက်မှတ်
  • အာမခံပေါ်လစီ (CIF စည်းမျဉ်း)

၄။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲ လုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ

၅။ အကောက်ခွန်ဦးစီးဌာနကထုတ်ပေးထားသည့် ပို့ကုန်ကြေညာလွှာ မူရင်း

ဝန်ဆောင်မှုအကြောင်းအရာ

  • ICC ကထုတ်ပြန်ထားသည့် ကြွေးမြီကောက်ခံခြင်းဆိုင်ရာတူညီသောစည်းမျဉ်းများအရ ပို့ကုန်ကြွေးကျန်များအားကောက်ခံနိုင်ရန်အတွက် ညွန်ကြားချက်များနှင့်အညီ စာရွက်စာတမ်းများကိုင်တွယ်ရှင်းလင်းရေး တွင် ကုန်တင်သွင်းသူ၏ဘဏ်သို့ customer ဖြစ်သူက ပို့ကုန်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများတင်ပြမှု ကောင်းမွန်မှန်ကန်မှုရှိစေရန်

စာရွက်စာတမ်းအထောက်အထားပေးပို့မှု ပုံစံ ၂ မျိုး –

၁။ ပေးချေမှုအထောက်အထား (D/P)

ငွေကောက်ခံသည့်ဘဏ်တွင်ပေးချေမှုလုပ်ပြီးနောက်မှသာလျှင် ပေးပို့သည့်စာရွက်စာတမ်း များအား ကုန်တင်သွင်းသူက ရရှိခြင်း

၂။ လက်ခံရရှိမှုအထောက်အထား (D/A)

လွှဲပြောင်းနိုင်သည့်စာရွက်စာတမ်း အားလက်ခံရရှိပြီးမှသာလျှင် ကုန်တင်သွင်းသူက ပေးပို့သည့်စာရွက်စာတမ်းများအားလက်ခံရရှိခြင်း နှင့် လာမည့်ရက် တစ်ရက်ရက်တွင် ပေးချေမှုပြုလုပ်မည်ဖြစ်ကြောင်းကတိပြုခြင်း

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • တရားဝင်သဘောတူညီချက်ပါဝင်ခြင်းမရှိသည့်ငွေပေးကတိစာချုပ်များ သို့မဟုတ် (ဘဏ်လုပ်ငန်းလမ်းကြောင်းပြင်ပမှ) တိုက်ရိုက်ပေးချေမှုများ နှင့်နှိုင်းယှဉ်လျှင် ကုန်တင်သွင်းသူထံမှ တောင်းခံလွှာအတွက် ပေးချေမှုကို ဥပဒေနှင့်အညီလုံခြုံစွာရနိုင်ခြင်း
  • ဘဏ်ကထုတ်ပေးသောအာမခံစာချုပ်များ အား အမှာစာများအရပေးပို့ခြင်းမပြုဘဲ လက်ရှိဘဏ်/ကုန်တင်ပို့သူလက်တွင်ကုန်ပစ္စည်းများအားထိန်းသိမ်းထားကြောင်း သေချာစေမည့် ပေးချေမှုစည်းမျဉ်းစည်းကမ်းများအရသာလျှင် ဘဏ်ကထုတ်ပေးသော အာမခံစာချုပ်များအား ထုတ်ပေးမည်ဖြစ်ခြင်း

လိုအပ်သောစာရွက်စာတမ်းများ

၁။ ပို့ကုန်ကောက်ခံခြင်း လျှောက်လွှာပုံစံ

၂။ ဘဏ်ကထုတ်ပေးသောအာမခံစာချုပ်မူရင်း

၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲ လုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ

၄။ အကောက်ခွန်ဦးစီးဌာနကထုတ်ပေးထားသည့် ပို့ကုန်ကြေညာလွှာ မူရင်း

Contact Us Today

[email protected]

Call Us Now

+95 1 2307169, +959 455832464