Website အသုံးပြုမှုသတ်မှတ်ချက်များ

Home / Website အသုံးပြုမှုသတ်မှတ်ချက်များ

WEBSITE အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ

ကမ္ဘောဇဘဏ်လီမိတက်၏ Website မှကြိုဆိုအပ်ပါသည်။ အသုံးပြုသူအနေဖြင့် ဤ Website သို့ဆက်လက်ဝင်ရောက်အသုံးပြုမည် ဆိုပါက အသုံးပြုခြင်းနှင့်ပတ်သက်ပြီး အောက်တွင်ဖော်ပြထားသည့် စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များကိုလည်းကောင်း၊ စာမျက်နှာအားလုံး သို့မဟုတ် ဤ Website နှင့်ချိတ်ဆက်နေသည့်လင့်များ (ယခုအချိန်မှစ၍ အားလုံးကိုစုရုံး၍ “Website” ဟုခေါ်ဝေါ်သုံးနှုန်းသွားပါမည်) အပါအဝင် နှင့်ဆက်စပ်၍ ကမ္ဘောဇဘဏ်၏ Website အား အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ကမ္ဘောဇဘဏ် ကိုယ်ရေးအချက်အလက်မူဝါဒကိုလည်းကောင်း အသုံးပြုသူက လိုက်နာပါမည်ဟူ၍  သဘောတူညီခြင်းဖြစ်ပါသည်။ အကယ်၍ အသုံးပြုသူအနေဖြင့် ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအနက် မည်သည့်အစိတ်အပိုင်းကိုမဆို သဘောတူညီခြင်း မရှိပါက ကမ္ဘောဇဘဏ်၏ Website အား ဝင်ရောက်အသုံးပြုခွင့်မရှိပါ။ 

၁။ အဓိပ္ပါယ်ဖွင့်ဆိုချက်         

၁၊၁၊ “ကမ္ဘောဇဘဏ်” ဆိုသည်မှာ အနာဂတ်တွင် ကမ္ဘောဇဘဏ်ကထူထောင်မည့် မည်သည့်ဘဏ်ခွဲမဆိုအပါအဝင် ကမ္ဘောဇဘဏ်လီမိတက် နှင့် ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲအားလုံးကိုဆိုလိုသည်။

၁၊၂၊ “လင့်များ” ဆိုသည်မှာ အတူတူပင်ဖြစ်သည့် site အတွင်း သို့မဟုတ် ပြင်ပရှိ site အတွင်း သို့မဟုတ် အတူတူ ပင်ဖြစ်သည့် စာမျက်နှာပေါ်ရှိ အခြားသောနေရာတစ်ခုသို့ညွှန်းဆိုပြီး ယင်းတို့တွင်ရှိသည့် နောက်ထပ်စာမျက်နှာ တစ်ခုသို့ကူးပြောင်းဝင်ရောက်ရန်အတွက်  အသုံးပြုသူက နှိပ်လိုက်သည့် စာမျက်နှာပေါ်ရှိ စကားလုံး သို့မဟုတ် စာသား ကိုဆိုလိုသည်။  လင့်တစ်ခုသည် အတူတူပင်ဖြစ်သည့် စာမျက်နှာပေါ်ရှိအခြားသော နေရာကိုညွှန်းဆိုနိုင်သည်။ 

၁၊၃။ “စာမျက်နှာများ” ဆိုသည်မှာ Firefox၊ Google Chrome၊ Opera၊ Microsoft Internet Explorer အစရှိသည်တို့ ကဲ့သို့သော  web browser အတွင်းဖော်ပြထားနိုင်သည့် စာရွက်စာတမ်းတစ်ခုကို ဆိုလိုသည်။  

၁၊၄၊ “အသုံးပြုသူ” ဆိုသည်မှာ ကမ္ဘောဇဘဏ်၏  Website ကို အသုံးပြုသူအားဆိုလိုသည်။ 

၂။ WEBSITE အားအသုံးပြုခြင်း

Website အားအသုံးပြုရာတွင် အောက်ဖော်ပြပါ အသုံးပြုမှုဆိုင်ရာစည်းမျဉ်းများကိုလိုက်နာရမည် – 

၂၊၁။ ဤ Website ၏စာမျက်နှာများပေါ်ရှိ အကြောင်းအရာများမှာ အသုံးပြုသူများအတွက် အထွေထွေအချက်အလက်များ ဖြစ်ပြီး အသုံးပြုရန်အတွက်သာလျှင်ဖြစ်သည်။ အသိပေးအကြောင်းကြားမှုမလုပ်ဘဲ ယင်းတို့အားပြောင်းလဲနိုင်သည်။ 

၂၊၂။ browsing preference များကို စောင့်ကြည့်နိုင်ရန်အတွက် ဤ Website တွင်  cookies များကိုအသုံးပြုထားသည်။ 

၃။ WEBSITE အသုံးပြုခွင့်လိုင်စင်

ဤ Website တွင် ကမ္ဘောဇဘဏ်ကပိုင်ဆိုင်သည့် သို့မဟုတ် ကမ္ဘောဇဘဏ်အားခွင့်ပြုပေးထားသည့် အကြောင်းအရာများ ပါဝင်သည်။  ထိုအကြောင်းအရာများတွင် ဒီဇိုင်းပုံစံ၊ အပြင်အဆင်၊ ပုံဖော်မှုနှင့် ဂရပ်ဖစ်များ ဟူ၍သာဖြစ်သည်ဟု ကန့်သတ်ထားမှုမရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်သည့် အကြောင်းအရာများပါဝင်သည်။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအတွင်း တစ်စိတ်တစ်ပိုင်းအနေဖြင့်ပါဝင်သော မူပိုင်ခွင့်ဆိုင်ရာ အသိပေးချက် အရမှလွဲ၍ ၎င်းတို့အား ပြန်လည်ထုတ်ဖော်အသုံးချမှုမပြုရ။ 

၄။ အချက်အလက်ပျောက်ဆုံးခြင်း 

ဤ Website ရှိမည်သည့်သတင်းအချက်အလက်မဆို သို့မဟုတ် မည်သည့်အကြောင်းအရာမဆိုအား အသုံးပြုသူက ရယူအသုံးပြုခြင်းသည် အသုံးပြုသူ၏တာဝန်သာဖြစ်ပြီး ယင်းသို့အသုံးပြုမှုနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။ ဤ Website မှတစ်ဆင့်ရရှိသည့် မည်သည့်ဝန်ဆောင်မှုလုပ်ငန်း၊ မည်သည့်ဝန်ဆောင်မှု သို့မဟုတ် မည်သည့်အချက်အလက် မဆိုအား အသုံးပြုသူ၏သီးသန့် လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိစေရေးဆောင်ရွက်ရန်မှာ အသုံးပြုသူ၏တာဝန်သာဖြစ်သည်။  

၅။ လက်ခံနိုင်ဖွယ်ရာရှိသည့်အသုံးပြုမှု 

၅၊၁။ တရားဥပဒေနှင့်ကိုက်ညီမှုမရှိသည့်မည်သည့်ရည်ရွယ်ချက်မဆိုအတွက်ဖြစ်စေ၊ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ် ချက်များအရ တားမြစ်ထားမှုအရဖြစ်စေ ဤ Website အား အသုံးချခြင်းမပြုပါဟူ၍ အသုံးပြုသူကသဘောတူသည်။ မည်သည့် အကြောင်းကြောင့်ဖြစ်စေ ဤ Website၊ ဝန်ဆောင်မှု သို့မဟုတ် ကမ္ဘောဇဘဏ်၏ အထွေထွေလုပ်ငန်းများအပေါ် ထိခိုက်မှုဖြစ်စေရန်အတွက် ဤ Website အားအသုံးမပြုပါဟူ၍ အသုံးပြုသူက သဘောတူသည်။  

၅၊၂။ အောက်ပါကိစ္စရပ်များအတွက် ဤ Website အားအသုံးမပြုပါဟူ၍လည်းအသုံးပြုသူကသဘောတူသည် – 

၅၊၂၊၁။ အခြားသူများအားအနှောက်အယှက်ပေးရန်၊ အခြားသူများအပေါ်အလွဲသုံးစားပြုလုပ်ရန် သို့မဟုတ် ခြိမ်းခြောက်ရန် သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်မဆို၏ ဥပဒေအရရရှိထားသည့်အခွင့်အရေးများအားချိုးဖောက်ရန် အသုံးပြုခြင်း၊

၅၊၂၊၂။ အခြားသူတစ်ဦး၏ပစ္စည်းကိုထိခိုက်စေမည့် မည်သည့်ကွန်ပြူတာဗိုင်းရပ်စ် သို့မဟုတ် အခြားသော software များကိုမဆို upload လုပ်ခြင်း သို့မဟုတ် ပြန့်နှံ့စေခြင်း၊ 

၅၊၂၊၃။ မည်သည့်လိမ်လည်မှုမျိုးကိုမဆို ကျူးလွန်ခြင်း၊ 

၅၊၂၊၄။ မည်သည့်ညစ်ညမ်းကိစ္စရပ်များ သို့မဟုတ် ဂုဏ်သိက္ခာကိုထိပါးစေမည့် အကြောင်းအရာများကိုမဆို ရေးသားထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ဝေခြင်း၊ 

၅၊၂၊၅။ မည်သည့်အဖွဲ့မဆိုအပေါ် အကြမ်းဖက်မှု၊ အမုန်းစကားများ သို့မဟုတ် ခွဲခြားဆက်ဆံမှုဖြစ်စေမည့် မည်သည့်အကြောင်းအရာကိုမဆိုရေးသားထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ဝေခြင်း၊

၅၊၂၊၆။ အခြားသူများနှင့်ပတ်သက်သည့်သတင်းအချက်အလက်များအား တရားမဝင်စုဆောင်းခြင်း။ 

၆။ ဉာဏပစ္စည်းမူပိုင်ခွင့် 

စာရွက်စာတမ်း၊ ကမ္ဘောဇဘဏ်၏ဝဘ်ဆိုက်နှင့် KBZPay Application အားလုံးတွင် အကြောင်းအရာအဖြစ်ဖြင့်ဖြစ်စေ၊ စကားအသုံးအနှုန်း ပုံစံအဖြစ် ဖြင့်ဖြစ်စေ ပါရှိသော ကုန်အမှတ်တံဆိပ်၊ သင်္ကေတ၊ စာလုံးအမှတ်အသား၊ လုပ်ငန်းဝန်ဆောင်မှု အမှတ်အသား၊ ကုန်အမှတ်တံဆိပ်အမည်နှင့်  ဒီဇိုင်းလက်ရာအားလုံး၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်အရပ်ရပ်သည် ကမ္ဘောဇဘဏ်၏မူပိုင်ဖြစ်သည်။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအတွင်း အတိအလင်းဖော်ပြထားမှုမရှိသည့် မည်သည့် အခွင့်အရေးမဆိုကိုလည်း ကမ္ဘောဇဘဏ်ကပိုင်ဆိုင်ခွင့်ရှိသည်။  အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ ဉာဏပစ္စည်း ဆိုင်ရာ မူပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမပြုရ သို့မဟုတ် ကမ္ဘောဇဘဏ်မှ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက် ရရှိထားခြင်းမရှိဘဲ မည်သည့်ကိစ္စကိုမဆို ကြော်ငြာခြင်းမပြုရ။ အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ပုံရိပ်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမည် သို့မဟုတ် အခြားဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို ထိခိုက်ပျက်ပြားစေနိုင်သည့် မည်သည့်ပြုလုပ်မှုမျိုးကိုမဆို ပြုလုပ်ခွင့်ရှိမည်မဟုတ်ပါ သို့မဟုတ် အခြားသူက ပြုလုပ်ခြင်းကိုလည်း ခွင့်ပြုပေးပိုင်ခွင့်ရှိမည်မဟုတ်ပါ။ ဤဝဘ်ဆိုဒ်တွင် ပြန်လည်ဖော်ပြထားသည့်  ကုန်အမှတ်တံဆိပ်များအားလုံးသည်  operator၏ ပိုင်ဆိုင်ခွင့် သို့မဟုတ် operatorအား လိုင်စင်ပေးထားခြင်း မဟုတ်ကြောင်း operator မှ Website တွင် နားလည်အသိအမှတ်ပြုပါသည်။

၇။ တာဝန်ရှိမှုကို ကန့်သတ်ခြင်း 

၇၊၁။ ပေါ့လျော့မှု၊ ချန်လှပ်ထားရှိမှုကြောင့်ဖြစ်စေ၊  ဆိုင်ဝန်ထမ်း၊ ကိုယ်စားလှယ်ကြောင့်ဖြစ်စေ သို့မဟုတ် ဆိုင်ရှင်ထံသို့ ပေးချေမှုပြုလုပ်ခြင်း အားငြင်းဆိုခံရခြင်းကြောင့်ဖြစ်စေ ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။ 

၇၊၂။ စက်ကြောင့်ဖြစ်သည့်မှားယွင်းမှု၊ နည်းပညာပိုင်းဆိုင်ရာအမှားအယွင်း၊ အချက်အလက်မှားယွင်းခြင်းနှင့် ဆက်သွယ်မှု ပြတ်တောက်ခြင်းများအတွက် ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။  

၇၊၃။ ဤ Website သည် အခြားသော Website များနှင့်အခါအားလျော်စွာ ချိတ်ဆက်နိုင်သည်။ ထိုသို့ချိတ်ဆက်ပေးခြင်း သည် အသုံးပြုသူအဆင်ပြေမှုရှိစေရန်အတွက် နောက်ထပ်သတင်းအချက်အလက်များရရှိစေရန်ဖြစ်သည်။ ထိုသို့ဆောင်ရွက် ခြင်းကြောင့် ထို Website (များ) အား မိမိတို့ကသဘောတူသည့် သဘောသက်ရောက်ခြင်းမရှိစေရ။ ချိတ်ဆက်ပေးသည့် Website (များ) တွင်ပါဝင်သည့်အကြောင်းအရာများ အတွက် ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။       

၇၊၄။ အဖွဲ့တစ်ခုက ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပေါ့လျော့စွာဆောင်ရွက်ခြင်းကြောင့်ဖြစ်စေ၊ ယင်းအဖွဲ့၏ ရာထူးတွင် ထိုက်တန်စွာရှိနေရမည့်ပုဂ္ဂိုလ်၏ အလေးထားဆောင်ရွက်မှုနှင့်ကျွမ်းကျင်မှုမရှိခြင်းကြောင့်ဖြစ်စေ ဆုံးရှုံးမှုများ ဖြစ်ပေါ် လာရခြင်း မဟုတ်ဟုဆိုပါက ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း သို့မဟုတ် ယင်းတို့နှင့် ဆက်စပ်၍ဖြစ်ပေါ်လာရသော မည်သည့်တာဝန်ရှိမှုဆိုင်ရာ အယူအဆ ကြောင့်မဆို ပေါ်ပေါက်လာရသည့်  မည်သည့်အကျိုးအမြတ်ဆုံးရှုံးမှု၊ အချက်အလက်ဆုံးရှုံးမှု၊ အသုံးပြုနိုင်ခြင်းဆုံးရှုံးမှု၊ ကုန်ကျစရိတ်များ၊ စီးပွားရေးလုပ်ငန်းပြတ်တောက်မှု သို့မဟုတ် အခြားသော ထူးခြားဖြစ်စဉ်များ၊ တိုက်ရိုက်ဖြစ်စေ၊ ထိရောက်သောပြစ်ဒဏ်ချမှတ်မှုကြောင့်ဖြစ်စေ၊ နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုကြောင့်ဖြစ်စေ ပေါ်ပေါက်လာရသော မည်သည့်ဆုံးရှုံးမှုအတွက်မဆို ကမ္ဘောဇဘဏ်သည် အခြားသောအဖွဲ့အပေါ်တွင်တာဝန်မရှိစေရ။

၈။ အာမခံခြင်း 

၈၊၁။ ဤ Website ဝန်ဆောင်မှုအား ပျက်ကွက်မှုအားလုံးဖြင့် “အရှိအတိုင်း” ပေးထားခြင်းဖြစ်ပြီး ဤ Website နှင့်ဆက်နွယ်၍ဖြစ်စေ၊ ဤ Website တွင်ပါဝင်သည့် အကြောင်းအရာများကြောင့်ဖြစ်စေ ကမ္ဘောဇဘဏ် အနေဖြင့် အတိအလင်းသော်လည်းကောင်း သို့မဟုတ် သွယ်ဝိုက်သောအားဖြင့်လည်းကောင်း ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံခြင်းများ မရှိပါ။ ထို့အပြင် ဤ Website တွင်ဖော်ပြထားသည့်မည်သည့် အကြောင်းအရာမဆိုသည် အသုံးပြုသူအတွက် စဉ်းစားသုံးသပ်နိုင်ရန် သို့မဟုတ် အကြံပြုချက်များပေးနိုင်ရန် ဟူသည့် အဓိပ္ပါယ်သက်ရောက်မှုမရှိစေရ။ 

၈၊၂။ မည်သည့်ရည်ရွယ်ချက်အတွက်မဆို ဤ Website တွင်ဖော်ပြထားသည့် သို့မဟုတ် ပေးထားသည့် သတင်း အချက်အလက်များနှင့် အကြောင်းအရာများ၏တိကျမှု၊ အချိန်အခါနှင့်ကိုက်ညီမှု၊ လုပ်ဆောင်နိုင်စွမ်းရှိမှု၊ ပြီးပြည့်စုံမှု သို့မဟုတ် ရေရှည်တည်တံ့ခိုင်မြဲမှု တို့နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်ကဖြစ်စေ၊ အခြားသော မည်သည့်တတိယ အုပ်စုဝင်မဆိုကဖြစ်စေ မည်သည့် အာမခံချက် သို့မဟုတ် တာဝန်ခံမှုမျိုးကိုမျှ ပေးထားခြင်းမရှိပါ။   ထိုသို့သောအကြောင်းအရာများ၊ သတင်းအချက်အလက်များတွင် ဥပဒေအရခွင့်ပြုထားသည့်အတိုင်းအတာနှင့်အညီ တိကျမှန်ကန်ခြင်းမရှိမှုများ၊ မှားယွင်းမှုများပါဝင်နိုင်ကြောင်းကို အသုံးပြုသူက ဝန်ခံအသိအမှတ်ပြုသည်။ 

၈၊၃။ ဤဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အဖြစ် ဝန်‌ဆောင်မှုများအား ဥပဒေနှင့်မညီသည့် မည်သည့် ရည်ရွယ်ချက်အတွက်မှ အသုံးပြုမည်မဟုတ်ကြောင်းကို အသုံးပြုသူမှ အာမခံသည်ဖြစ်သည်။ ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေအရပ်ရပ်ကို လိုက်နာရန် အသုံးပြုသူမှ သဘောတူသည်ဖြစ်သည်။

၉။ လျော်ကြေး 

၉၊၁။ ဤ Website ရှိသတင်းအချက်အလက်များ သို့မဟုတ် အကြောင်းအရာများအားအသုံးပြုမှု ကြောင့်ဖြစ်ပေါ်လာရသည့် တောင်းဆိုမှုအရပ်ရပ်၊ ဆုံးရှုံးမှု၊ ပြစ်ဒဏ်ချမှတ်ခံရမှု၊ အရေးယူခံရမှု၊ နစ်နာမှု၊ တာဝန်ရှိမှု၊ စရိတ်စက၊ ကုန်ကျမှု (ကျိုးကြောင်းဆီလျော်သည့်ရှေ့နေခ ဟူ၍သာကန့်သတ်ထားမှုမရှိသော်လည်း ယင်းအပါအဝင်) သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုမှုရလဒ်ကြောင့် ဖြစ်သော တောင်းဆိုမှုများနှင့်စပ်လျဉ်းပြီး ကမ္ဘောဇဘဏ်အား လျော်ကြေး ပေးရန်နှင့် ကမ္ဘောဇဘဏ်အား ထိခိုက်နစ်နာမှုမဖြစ်စေရန် အတွက် အကာအကွယ်ပေးသွားရန် အသုံးပြုသူက သဘောတူသည်။  

၉၊၂။ ဤ Website အား ခွင့်ပြုချက်မရှိဘဲအသုံးပြုမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် တောင်းဆိုချက်နှင့်/သို့မဟုတ် ရာဇ၀တ်မှုဖြစ်ပေါ်လာစေနိုင်သည်။

၁၀။ မလွန်ဆန်နိုင်သောဖြစ်ရပ်များ 

ဤဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်က ဆောင်ရွက်ပေးနေစဉ်ကာလအတွင်း သဘာဝဘေးအန္တာရာယ်၊ စစ်ဖြစ်ပွားမှု၊ ဆန္ဒပြမှု သို့မဟုတ် အလုပ်သမားအငြင်းပွားမှု၊ ကုန်သွယ်ရေးပိတ်ပင်မှု၊ အစိုးရအမိန့်၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်း သို့မဟုတ် အလွန်ဆိုးရွားသည့်ရာသီဥတုအခြေအနေများ၊ ဆူပူအုံကြွမှု၊ ပုန်ကန်မှု၊ လူထုမငြိမ်မသက်ဖြစ်မှု၊ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သပိတ်မှောက်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ စက်ချွတ်ယွင်းမှု သို့မဟုတ်    အခြားသောမလွန်ဆန်နိုင်သော ဖြစ်ရပ်များသာဖြစ်သည်ဟု ကန့်သတ်ထားမှု မရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်ပြီး ကမ္ဘောဇဘဏ်မှ ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေသည့် ဖြစ်ရပ်များကြောင့် အချိန်ကာလတစ်ရပ်အထိ ဖြစ်ပေါ်လာရသည့် မည်သည့်လုပ်ငန်း ဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုဖြစ်ခြင်း များအတွက်မဆို ကမ္ဘောဇဘဏ်တွင် တာဝန်မရှိကြောင်းကို အသုံးပြုသူသည် နားလည်သဘောတူပါသည်။ ကမ္ဘောဇဘဏ်သည် ယင်းသို့သော အခြေအနေများကြောင့် အဟန့်အတားဖြစ်ခြင်း၊ အတားအဆီးဖြစ်ခြင်း သို့မဟုတ် နှောင့်နှေးနေခြင်းများ ကြုံတွေ့နေရသည့် အတိုင်းအတာအပေါ်မူတည်၍ အဆိုပါအခြေအနေများ ပြီးဆုံးသွားသည့် အချိန်အထိ ကမ္ဘောဇဘဏ်က ပေးနေသည့် ဤဝန်ဆောင်မှုအား ဆိုင်းငံ့ထားမည်ဖြစ်သည်။ ထိုသို့သော အခြေအနေများ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၁။ လွှဲပြောင်းခြင်း 

ဤစည်းမျဉ်းစည်းကမ်းချက်သတ်မှတ်ချက်များအရ အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ စာဖြင့်ရေးသားဖော်ပြထားသော သဘောတူညီချက်မရှိဘဲ ၎င်း၏ အခွင့်ရေး သို့မဟုတ် တာဝန်ဝတ္တရားများ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လွှဲပြောင်းခြင်းမပြုရဘဲ၊  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များတွင် ပါဝင်သောမည်သည့်အစိတ်အပိုင်းကိုဖြစ်စေ ဖော်ဆောင်ရန်အတွက် မည်သည့်ထပ်ဆင့်စာချုပ်ကိုမဆို ချုပ်ဆိုခြင်းမပြုရ။ 

၁၂။ ပြင်ဆင်ခြင်း

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် ဝဘ်ဆိုက် ဝန်ဆောင်မှု နှင့်/သို့မဟုတ် မည်သည့်အဖိုးအခကိုမဆို မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားခြင်းကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ကမ္ဘောဇဘဏ်သည် ၎င်း၏တစ်ဉီးတည်းဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်ခွင့်၊ မွမ်းမံခွင့်၊ အစားထိုးပိုင်ခွင့်၊ ပယ်ဖျက်ခွင့် သို့မဟုတ် ရုတ်သိမ်းပိုင်ခွင့် အပြည့်အဝရှိကြောင်းကို အသုံးပြုသူက သိရှိသဘောတူပါသည်။ အွန်လိုင်းတွင် ဖော်ပြပေးထားမည့် ပြင်ဆင်ချက်များအပါအဝင် ဤစည်းမျဉ်းစည်းကမ်းချက်များကို ပုံမှန်ဖတ်ရှုစစ်ဆေးသွားရန် အသုံးပြုသူတွင် တာဝန်အပြည့်အဝ ရှိပါသည်။ 

၁၃။ ဆက်လက်အသက်ဝင်ခြင်း

ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်စီတိုင်းသည် အခြားပြဋ္ဌာန်းချက်များနှင့် မတူဘဲ သီးခြားသက်ဝင်မှုရှိမည်ဖြစ်သည်။ ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် တရားဝင်မှုမရှိတော့ခြင်း၊ ပျက်ပြယ်ခြင်း သို့မဟုတ် ဥပဒေတစ်ရပ်ရပ်အရ အာဏာသက်ရောက်မှုမရှိတော့ခြင်းများဖြစ်လာပါက ယင်းအပိုင်းသည်သာ ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဋ္ဌာန်းချက်များအား ထိခိုက်စေခြင်း သို့မဟုတ် ပျက်ပြယ်စေခြင်းများရှိမည်မဟုတ်ဘဲ ကျန်ပြဋ္ဌာန်းချက်များသည် ဆက်လက်အသက်ဝင်နေမည် ဖြစ်သည်။

၁၄။ သက်ဆိုင်မှုမရှိခြင်း 

ဤစည်းမျဉ်းနှင့်စည်းကမ်းချက်များတွင်ပါဝင်သော မည်သည့်ပြဌာန်းချက်မဆိုကြောင့် ဤစည်းမျဉ်းနှင့်စည်းကမ်းချက်များကို သဘောတူထားသည့် အသုံးပြုသူနှင့် ကမ္ဘောဇဘဏ်တို့သည် အလုပ်သမားနှင့်အလုပ်ရှင်၊ မိတ်ဖက်၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သူ၊ ဖက်စပ်သို့မဟုတ် ကိုယ်စားဆောင်ရွက်ပေးသူ ကုန်သည်ဆက်ဆံရေးမျိုးကို ဖန်တီးသည်ဟု အဓိပ္ပာယ် ကောက်ယူခြင်းမရှိစေရ။ အသုံးပြုသူနှင့် ကမ္ဘောဇဘဏ်တို့သည် သီးခြားလွတ်လပ်သောသူများဖြစ်ပြီး မည်သည့်ဖက်ကမဆို အခြားတစ်ဖက်၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက် သို့မဟုတ် ပျက်ကွက်ခြင်း များအတွက်တာဝန်မရှိစေရ။

၁၅။ စွန့်လွှတ်ခြင်း 

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် (များ) ကိုမဆို မည်သည့်အချိန်တွင်မဆို အကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက်ရန် မည်သည့်ဖက်ကမဆို ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းကို ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက် တစ်ခုစီတိုင်းနှင့် ပြဋ္ဌာန်းချက်အရပ်ရပ်ကို အာဏာသက်ရောက်အောင် လုပ်ဆောင်ပိုင်ခွင့်အား စွန့်လွှတ်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမရှိစေရ။

၁၆။ လွှမ်းမိုးသောဉပဒေနှင့် အငြင်းပွားမှုဖြေရှင်းခြင်း

ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဉပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဉပဒေများနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ကာ ဤစည်းမျဉ်းစည်းကမ်းများမှ သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းများအရ ပေါ်ပေါက်လာသော မည်သည့်အငြင်းပွားမှုကိုမဆို စီရင်ဖြေရှင်းပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံရှိ တရားရုံးများတွင်သာ ရှိစေရမည်ဖြစ်သည်။ 

၁၇။ ဘာသာစကား    

ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူရမည် ဖြစ်သည်။