ကမ္ဘောဇဘဏ်နှင့်အတူ သင့်လုပ်ငန်းတိုးတက်မှုကို အရှိန်မြှင့်တင်လိုက်ပါ!

လုပ်ငန်းတိုးချဲ့ရန်  နှင့် လုပ်ငန်း တိုးမြှင့်လည်ပတ်ရန်အတွက် ငွေအရင်းအနှီးလိုအပ်မှုသည် အဟန့်အတားတစ်ခု ဖြစ်မနေသင့်ပါဘူး။  လုပ်ငန်းချဲ့ထွင်ရန် လိုအပ်သော ချေးငွေများကို ကမ္ဘောဇဘဏ်တွင် ရယူနိုင်ပါသည်။ ဒါ့အပြင် လုပ်ငန်းများချောမွေ့စွာလည်ပတ်နိုင်ရန် ကမ္ဘောဇဘဏ်၏ လုပ်ငန်းသုံးဘဏ်ဝန်ဆောင်မှုများကိုလည်း တစ်နေရာတည်းတွင် ရယူနိုင်မည်ဖြစ်သည်။

ကမ္ဘောဇဘဏ်၏ ကျွမ်းကျင်ဝန်ထမ်းများနှင့် ယခုပဲ ဆက်သွယ်လိုက်ပါ။
ကမ္ဘောဇဘဏ်မှ လုပ်ငန်းသုံးချေးငွေရယူခြင်း၏ အကျိုးကျေးဇူးများ
  • အခြား ချေးငွေအမျိုးအစား ရယူခြင်းထက် ပို၍သက်သာခြင်း၊
  • လုပ်ငန်းပိုင်ဆိုင်မှုကို အပြည့်အဝ ထိန်းသိမ်းထားနိုင်ခြင်း၊
  • ကောင်းမွန်သော ချေးငွေပေးဆပ်မှုမှတ်တမ်းကို တည်ဆောက်နိုင်ခြင်း၊
  • လွယ်ကူသောနည်းလမ်းများဖြင့် ချေးငွေပြန်လည်ပေးဆပ်နိုင်ခြင်း၊
  • အခြားဘဏ်ဝန်ဆောင်မှုများကိုလည်း ပူးတွဲရယူနိုင်ခြင်း။

လုပ်ငန်းသုံးချေးငွေဝန်ဆောင်မှု (Corporate Loan)

ကမ္ဘောဇဘဏ်အနေဖြင့် ပြည်တွင်းကုမ္ပဏီကြီးများ အရှိန်အဟုန်မြှင့်တိုးတက်မှုအတွက် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများစွာဖြင့် အစဥ်အမြဲထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ စက်ပစ္စည်းများဝယ်ယူခြင်း၊ လုပ်ငန်းသုံးအဆောက်အဦးများတည်ဆောက်ခြင်း စသည့် ပုံသေပိုင်ပစ္စည်းရင်းနှီးမြှုပ်နှံမှုများ နှင့် အခြားသော လုပ်ငန်းတိုးချဲ့စီမံကိန်းများအတွက် ကမ္ဘောဇဘဏ်တွင် ချေးငွေရယူနိုင်ပါသည်။

ကမ္ဘောဇဘဏ် ချေးငွေဝန်ဆောင်မှု၏ အားသာချက်များ
  • ချေးငွေပမာဏ သိန်း ၁၀,၀၀၀ မှစ၍ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး ပမာဏအမြောက်အများ ချေးပေးနိုင်ခြင်း၊
  • လုပ်ငန်းသဘောသဘာဝနှင့် ငွေသားလည်ပတ်မှုပေါ်မူတည်၍ ချေးငွေပြန်လည်ပေးဆပ်ခြင်း၊
  • ချေးငွေအပြင် အခြားသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အလွယ်တကူ ရယူနိုင်သောကြောင့် အဆင်ပြေချောမွေ့စွာ လုပ်ငန်းလည်ပတ်နိုင်ခြင်း။
ကမ္ဘောဇဘဏ်သည် နှစ်ပေါင်း

30
ကျော် သက်တမ်းရှိပြီး

ဘဏ်ခွဲပေါင်း

500 
ကျော် နှင့်

ကမ္ဘောဇဘဏ် (သို့) KBZPay အသုံးပြုသူပေါင်း

18 Millions
ကျော် ဖြင့် အခိုင်အမာရပ်တည်နေသော ဘဏ်တစ်ခုဖြစ်သည်။

လုပ်ငန်းချဲ့ထွင်ရန်အတွက် စက်ပစ္စည်းများဝယ်ယူခြင်း၊ လုပ်ငန်းသုံးအဆောက်အဦးများတည်ဆောက်ခြင်း စသည့် ပုံသေပိုင်ပစ္စည်းရင်းနှီးမြှုပ်နှံမှုများအတွက် ငွေအရင်းအနှီးလိုအပ်နေသော ပြည်တွင်းကုမ္ပဏီကြီးများအနေဖြင့် ချေးငွေသက်တမ်း အများဆုံး (၃) နှစ်အတွင်း ချေးငွေပမာဏ သိန်း ၁၀,၀၀၀ မှစ၍ ရယူနိုင်သော ချေးငွေအမျိုးအစားဖြစ်ပါသည်။

(၃) နှစ် အထိ

သိန်း ၁၀,၀၀၀ နှင့်အထက်

Term Loan ကို မည်သူတို့လျှောက်ထားနိုင်မည်နည်း။

လုပ်ငန်းအတွေ့အကြုံ (၁) နှစ် နှင့်အထက် ရှိသော ပြည်တွင်းကုမ္ပဏီများ လျှောက်ထားနိုင်ပါသည်။ 

ချေးငွေကို မည်သို့ပြန်လည်ပေးဆပ်နိုင်မည်နည်း။

အတိုး – လစဥ် (သို့) ၃ လတစ်ကြိမ် 

အရင်း – လစဥ် (သို့) ၃ လတစ်ကြိမ် (သို့) ၆ လတစ်ကြိမ် (သို့) နှစ်စဥ် ပြန်လည်ပေးဆပ်နိုင်ပါသည်။

အတိုးနှုန်း မည်မျှရှိသနည်း။

၁၂% မှ ၁၅% အတွင်းရှိပါသည်။

ချေးငွေလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်း အချက်အလက်များ

လျှောက်ထားသူ၏ အချက်အလက်များ

  • နိုင်ငံသားမှတ်ပုံတင်
  • အိမ်ထောင်စုဇယား
  • သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၏ ထောက်ခံချက် (ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံချက်)

ကုမ္ပဏီအချက်အလက်များ

  • ကုမ္ပဏီမှတ်ပုံတင်အမှတ် (DICA လိုင်စင်)
  • ကုမ္ပဏီအကြောင်း (DICA လိုင်စင်)
  • အရာရှိ အချက်အလက် (DICA လိုင်စင်)
  • အသင်းဝင်အချက်အလက် (DICA လိုင်စင်)
  • ပို့ကုန်သွင်းကုန်ဖြစ်လျှင် သက်တမ်းမကုန်သေးသော ပို့ကုန်သွင်းကုန်လိုင်စင်
  • အစိုးရထံမှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်
  • အခွန်ဆောင်ခြင်းမှတ်တမ်း
  • BOD အစည်းအဝေးဆုံးဖြတ်ချက် (ချေးငွေရယူလိုခြင်းကိစ္စ၊ အာမခံပေးမည့်ကိစ္စ၊ စာချုပ်ချုပ်ဆိုမည့်ကိစ္စ) 
  • ဘဏ္ဍာရေးရှင်းတမ်း

အခြားအချက်အလက်များ

  • ချေးငွေလျှောက်ထားသူ၏ သဘောတူညီချက် (As per DICA member)

Contract Financing ချေးငွေဝန်ဆောင်မှုသည် အစိုးရ တင်ဒါအောင်မြင်ပြီးနောက် ငွေအရင်းအနှီး လိုအပ်နေသော စီးပွားရေးလုပ်ငန်းရှင် များအတွက် တင်ဒါစာချုပ်၏ အများဆုံး ၈၀% အထိ ချေးငွေရရှိနိုင်သည့်အပြင်၊ ချေးငွေကာလ ကိုလည်း အများဆုံး  (၁) နှစ် အထိရယူနိုင်သည့် ချေးငွေဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။

(၁) နှစ်

အများဆုံး ၈၀% အထိ

သိန်း ၁၀,၀၀၀ နှင့်အထက်

Contract Financing ကို မည်သူတို့လျှောက်ထားနိုင်မည်နည်း။ 

တင်ဒါလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိသော ပြည်တွင်းကုမ္ပဏီများ လျှောက်ထားနိုင်ပါသည်။

ချေးငွေကို မည်သို့ပြန်လည်ပေးဆပ်နိုင်မည်နည်း။

စာချုပ်တွင် ပါရှိသည့်အတိုင်း ချေးငွေအရင်းကို ပြန်လည်ပေးသွင်း နိုင်ပါသည်။

အတိုးနှုန်း မည်မျှရှိသနည်း။

အတိုးနှုန်း မှာ ၁၄% ဖြစ်ပြီး ဝန်ဆောင်ခ မှာ ၁% ဖြစ်ပါသည်။

ချေးငွေလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်း အချက်အလက်များ

လျှောက်ထားသူ၏ အချက်အလက်များ

  • နိုင်ငံသားမှတ်ပုံတင်
  • အိမ်ထောင်စုဇယား
  • သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၏ ထောက်ခံချက် (ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံချက်)

ကုမ္ပဏီအချက်အလက်များ

  • ကုမ္ပဏီမှတ်ပုံတင်အမှတ် (DICA လိုင်စင်)
  • ကုမ္ပဏီအကြောင်း (DICA လိုင်စင်)
  • အရာရှိ အချက်အလက် (DICA လိုင်စင်)
  • အသင်းဝင်အချက်အလက် (DICA လိုင်စင်)
  • ပို့ကုန်သွင်းကုန်ဖြစ်လျှင် သက်တမ်းမကုန်သေးသော ပို့ကုန်သွင်းကုန်လိုင်စင်
  • အစိုးရထံမှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်
  • အခွန်ဆောင်ခြင်းမှတ်တမ်း
  • BOD အစည်းအဝေးဆုံးဖြတ်ချက် (ချေးငွေရယူလိုခြင်းကိစ္စ၊ အာမခံပေးမည့်ကိစ္စ၊ စာချုပ်ချုပ်ဆိုမည့်ကိစ္စ) 
  • ဘဏ္ဍာရေးရှင်းတမ်း

အခြားအချက်အလက်များ

  • အစိုးရနှင့် ချုပ်ဆိုထားသည့် တင်ဒါစာချုပ်မူရင်း (သို့) စာချုပ်မိတ္တူမှန်
  • ချေးငွေလျှောက်ထားသူ၏ သဘောတူညီချက် (As per DICA member)
  • Bank Guarantee တင်သွင်းပြီးကြောင်း မိတ္တူ
  • တင်ဒါစီမံကိန်းပေးချေမှုအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ အကြောင်းကြားစာမူရင်း (သို့) Letter Of Undertaking

လုပ်ငန်းလည်ပတ်ရန်နှင့် ချဲ့ထွင်ရန် ရေတိုငွေအရင်းအနှီးလိုအပ်နေသော လုပ်ငန်းများအတွက် ချေးငွေပမာဏ ကျပ်သိန်း ၁၀,၀၀၀ မှစ၍ ချေးငွေကာလ ၁ နှစ်အတွင်း ချေးယူနိုင်သော ချေးငွေအမျိုးအစားတစ်ခုဖြစ်ပါသည်။

(၁) နှစ် အထိ

သိန်း ၁၀,၀၀၀ နှင့်အထက်

Overdraft Loan ကို မည်သူတို့လျှောက်ထားနိုင်မည်နည်း။ 

လုပ်ငန်းအတွေ့အကြုံ (၁) နှစ်နှင့်အထက် ရှိသော ပြည်တွင်းကုမ္ပဏီများ လျှောက်ထားနိုင်ပါသည်။ 

ချေးငွေကို မည်သို့ပြန်လည်ပေးဆပ်နိုင်မည်နည်း။

အတိုး – ၃ လတစ်ကြိမ် 

အရင်း – ၁ နှစ်အတွင်း

အတိုးနှုန်း မည်မျှရှိသနည်း။

၁၂% မှ ၁၅%အတွင်းရှိပါသည်။

ချေးငွေလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်း အချက်အလက်များ

လျှောက်ထားသူ၏ အချက်အလက်များ

  • နိုင်ငံသားမှတ်ပုံတင်
  • အိမ်ထောင်စုဇယား
  • သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၏ ထောက်ခံချက် (ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံချက်)

ကုမ္ပဏီအချက်အလက်များ

  • ကုမ္ပဏီမှတ်ပုံတင်အမှတ် (DICA လိုင်စင်)
  • ကုမ္ပဏီအကြောင်း (DICA လိုင်စင်)
  • အရာရှိ အချက်အလက် (DICA လိုင်စင်)
  • အသင်းဝင်အချက်အလက် (DICA လိုင်စင်)
  • ပို့ကုန်သွင်းကုန်ဖြစ်လျှင် သက်တမ်းမကုန်သေးသော ပို့ကုန်သွင်းကုန်လိုင်စင်
  • အစိုးရထံမှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်
  • အခွန်ဆောင်ခြင်းမှတ်တမ်း
  • BOD အစည်းအဝေးဆုံးဖြတ်ချက် (ချေးငွေရယူလိုခြင်းကိစ္စ၊ အာမခံပေးမည့်ကိစ္စ၊ စာချုပ်ချုပ်ဆိုမည့်ကိစ္စ) 
  • ဘဏ္ဍာရေးရှင်းတမ်း

အခြားအချက်အလက်များ

  • ချေးငွေလျှောက်ထားသူ၏ သဘောတူညီချက် (As per DICA member)

အခြားဝန်ဆောင်မှုများ

ငွေကြေးစီမံခန့်ခွဲခြင်း

လူကြီးမင်း၏ လုပ်ငန်းအတွက်လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများအတွက် ငွေစာရင်း အကောင့်အမျိုးစုံကို ဖွင့်လှစ်နိုင်မည်ဖြစ်ပါသည်။

Customer များကို စီမံခန့်ခွဲခြင်း

လူကြီးမင်းတို့၏ customer များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်စေဖို့ ထုတ်ကုန်နှင့်ဝန်ဆောင်မှုအမျိုးအစားစုံကို ကမ္ဘောဇဘဏ်မှ ကူညီပံ့ပိုးပေးမည်ဖြစ်ပါသည်။

ဝန်ထမ်းများကို စီမံခန့်ခွဲခြင်း

လူကြီးမင်းရဲ့ဝန်ထမ်းများကို လစာငွေနှင့်အကျိုးခံစားခွင့်များပေးချေခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်းများ လွယ်ကူအဆင်ပြေစွာဆောင်ရွက်နိုင်အောင် ကူညီပံ့ပိုးပေးမှာဖြစ်ပါသည်။

သင့်လုပ်ငန်းကို ကြိုတင်ကာကွယ်ပေးခြင်း

လူကြီးမင်းရဲ့စီးပွားရေးလုပ်ငန်း ခိုင်မာမှုရှိစေရန်အတွက် သက်ဆိုင်ရာ ထုတ်ကုန်၊ ဝန်ဆောင်မှုများဖြင့် ကာကွယ်ပေးမှာဖြစ်ပြီး အန္တရာယ်များကိုစီမံခန့်ခွဲနိုင်စေဖို့အတွက်လည်း ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါသည်။

ကမ္ဘောဇဘဏ်၏ လုပ်ငန်းသုံးချေးငွေဝန်ဆောင်မှု (Corporate Loan) နှင့်အခြားသော လုပ်ငန်းသုံးဘဏ်ဝန်ဆောင်မှုများဖြင့် သင့်လုပ်ငန်းတိုးတက်မှုကို အရှိန်မြှင့်တင်ရန် ပိုမိုလေ့လာလိုပါသလား? အောက်ဖော်ပြပါ Form ကို ဖြည့်သွင်းလိုက်ပါ။ ကမ္ဘောဇဘဏ်၏ ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ဆက်သွယ်လာပါလိမ့်မည်။









    သို့မဟုတ်


    [email protected] သို့ အီမေးလ်ပို့၍လည်း ဆက်သွယ်နိုင်သည်။