နိုင်ငံခြားသို့ ငွေလွှဲပေးပို့ခြင်း (Outward Remittance)

သွင်းကုန်တန်ဖိုးပေးပို့ငွေ၊ ကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်ပချည်းငွေများ၊ အတိုးများ နှင့် အမြတ်များ ပြန်လည်ပေးချေရာတွင် နိုင်ငံရပ်ခြားပြည်ပဘဏ်များသို့ ကမ္ဘောဇဘဏ်မှ ငွေလွှဲပေးပို့ခြင်း ဖြစ်ပါသည်။


Remittance Methods

  Outward Telegraphic Transfer (via SWIFT)


Outward Telegraphic Transfer (via SWIFT)

Trade Payment

  • Import TT Applicaion Form

 Non-trade and Service Payment

  • Non Trade Application Form

လိုအပ်သောစာရွက်စာတမ်းများ အသေးစိတ်ကို သိရှိလိုပါက ဤနေရာကိုနှိပ်ပါ


Request Letter Sample

Undertaking Letter Sample

Foreign Remittance Terms & Conditions

 Trade payment အတွက် လိုအပ်သော စာရွက်စာတမ်းများ

  • လျှောက်လွှာ
  • ပေးပို့ရမည့် အကြောင်းအရင်းများအား ရှင်းပြသည့်စာ( ကုမ္ပဏီ letterheadနှင့်တကွ)
  • နိုင်ငံခြား အပ်ငွေအကောင့်( ကုမ္ပဏီအကောင့် )
  • သွင်းကုန်လိုင်စင်/သွင်းကုန်ပါမစ် မူရင်း
  • သွင်းကုန်ကြေငြာစာ မူရင်း
  • တင်သွင်းသောသင်္ဘောပါကုန်ပစ္စည်းစာရင်း/ လေကြောင်းပါကုန်ပစ္စည်းစာရင်း/ကုန်တင် ပြေစာ အတိအကျ
  • Commercial ပြေစာ မူရင်း
  • နိုင်ငံသားမှတ်ပုံတင် မူရင်း/မိတ္တူ( တစ်ယောက်ချင်းစီအတွက်)

Non-trade payment အတွက်လိုအပ်သောစာရွက်စာတမ်းများ

  • လျှောက်လွှာ
  • ပေးပို့ရမည့် အကြောင်းအရင်းများအား ရှင်းပြသည့်စာ( ကုမ္ပဏီ letterheadနှင့်တကွ)
  • တခြားအထောက်အပံ့ဖြစ်သောစာရွက်စာတမ်းများ(ပြေစာ၊စာချုပ်၊သဘောတူညီမှုစာချုပ်၊စသဖြင့် ငွေလွှဲမည့် အကြောင်းအရာပေါ်တည်၍ကွဲပြားပါသည် ဥပမာ-ကျောင်းလခပေးသွင်းခြင်း၊တိုင်ပင်ဆွေးနွေးခပေးသွင်းခြင်း၊ခရီးသွားစရိတ်များ၊ကုန်တင်ပို့ခ စရိတ်များ နှင့် လစာပေးသွင်းခြင်းများ)

 ငွေလွှဲခများ

  • လွှဲပို့ငွေပမာဏ အမေရိကန်ဒေါ်လာ  USD 20,000 အထိကို USD 25 အနည်းဆုံးပေးဆောင်ရမည်
  • လွှဲငွေပမာဏ USD 20,000 နှင့်အထက်လွှဲငွေများအား လွှဲငွေပမာဏအပေါ်တွင် 0.125% ငွေလွှဲပို့သည့် ငွေကြေးအမျိုးအစားပေါ်မူတည်၍ ကောက်ခံပါသည်။

၀န်ဆောင်ခ

  • Swift Charges: USD 10 (1st Oct, 2018 နေ့မှစတင်၍)
  • အခြားဝန်ဆောင်ခများ USD 10 + Swift USD 10 (အမှားပြင်ဆင်ခြင်း / ငွေလွှဲစုံစမ်းစစ်ဆေးခြင်း /ငွေလွှဲ ရှာဖွေမှုစုံစမ်းခြင်း (Tracer)/ ငွေလွှဲ ဖျက်သိမ်းခြင်း)

မှတ်ချက်:

  • ဤ၀န်ဆောင်ခများအားလုံးသည် အမေရိကန်ဒေါ်လာ နှင့် အခြားငွေကြေးများသည် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့်ငွေပမာဏကိုတွက်ချက်ကောက်ခံပါမည်။
  • အခြားငွေကြေးအရောင်းအ ၀ယ်များ၏မည်သည့်၀န်ဆောင်ခမဆိုဘဏ်မှသတ်မှတ်သည့် အမေရီကန်ဒေါ်လာ (USD) ငွေလဲနှုန်းပေါ် မူတည်၍ ပြောင်းလဲသွားမည်။

အချိန်ကုန်သက်သာခြင်း

သင်ချစ်ရသောသူများကို ငွေလွှဲပေးပို့ရန် အမြန်ဆုံးသောနည်းလမ်း


နိုင်ငံတစ်ဝန်းသို့

မြန်မာနိုင်ငံအတွင်း မည့်သည့်နေရာမဆို ငွေလွှဲဆောင်ရွက်နိုင်ခြင်း


အဆင်ပြေချောမွေ့လွယ်ကူခြင်း

ငွေလွှဲပေးပို့မှုများကို အကောင့်တစ်ခုကနေ အခြားအကောင့်တစ်ခုသို့ပေးပို့နိုင်သလို ငွေသားထုတ်ယူမှုများလည်း ပြုလုပ်နိုင်ပါပြီ


လုံခြုံစိတ်ချမှုရှိခြင်း

သင့်မိသားစုထံသို့စိတ်အချရဆုံးနည်းလမ်းဖြင့်ငွေလွှဲဆောင်ရွက်လိုက်ပါ