လွယ်ကူစွာ ငွေသားထုတ်ယူနိုင်သည့် ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့်အသစ်_ ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်းနှင့် စာရင်းရှင်အပ်ငွေစာရင်း

ကမ္ဘောဇဘဏ်မှ လူကြီးမင်းတို့၏ ငွေကြေးကို အဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲနိုင်ရန် နှင့် အပ်နှံထားသည့် ပမာဏအတိုင်း သတ်မှတ်ချက်မရှိပဲ လွယ်ကူစွာငွေ ထုတ်ယူနိုင်မည့် ငွေစာရင်းအကောင့်အသစ် အားမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ ငွေစာရင်းအကောင့် ဖွင့်ရာတွင် အတိုးနှုန်း သိန်း ၃,၀၀၀ နှင့်အထက် ၇% နှင့် သိန်း ၃,၀၀၀ အောက် ၆% ရရှိနိုင်သော ငွေစုဘဏ်အပ်ငွေစာရင်း၊ အတိုးနှုန်း သိန်း ၃,၀၀၀ အောက် ၅% ၊ သိန်း ၃,၀၀၀ နှင့်အထက် ၁ ဘီလီယံအောက် ၆%၊ ၁ ဘီလီယံ နှင့် အထက် ၆.၅% ရရှိနိုင်သော ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်း သုံးမျိုးလုံးအား ဖွင့်လှစ်နိုင်မှာဖြစ်ပါသည်။ စာရင်းဖွင့်ရန် စတင်အပ်နှံငွေအား ငွေသားဖြင့်သာထည့်သွင်းနိုင်ပြီး ငွေသားအပ်နှံမှုများကို မြန်မာတစ်နိုင်ငံလုံးရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ပြုလုပ်နိုင်ပါသည်။

 ငွေစာရင်းအကောင့်ဖွင့်ရန်  လျှောက်ထားနိုင်မည့်သူများမှာ

  • စီးပွါးရေးလုပ်ငန်းများ ( DICA နှင့် Non-DICA)
  • အဖွဲ့အစည်းများ (NGO, INGO နှင့် တက္ကသိုလ်များ)
  • လူပုဂ္ဂိုလ်တစ်ဦးချင်း – မြန်မာနိုင်ငံသားများ နှင့် မြန်မာနိုင်ငံတွင် တရားဝင်ဗီဇာဖြင့်နေထိုင်သော နိုင်ငံခြားသားများ

ငွေစာရင်းအကောင့်-ငွေစုဘဏ်အပ်ငွေစာရင်း၏ ရရှိနိုင်သည့်အကျိုးကျေးဇူးများမှာ

  • တစ်နှစ်လျှင် အတိုးနှုန်း သိန်း ၃,၀၀၀ နှင့် အထက် ၇%
    သိန်း ၃,၀၀၀ အောက် ၆%
  • တံဆိပ်တုံးရိုက်နှိတ်ထားသော အထူး သတ်မှတ်ထားသည့် ဘဏ်စာအုပ်
  • လူကြီးမင်း၏ ငွေကြေးကို ဘဏ်သို့သွားရောက်ရန်မလိုအပ်ပဲ ဒီဂျစ်တယ်နည်းလမ်းမှတဆင့် စီမံနိုင်စေရန် KBZ mBanking အား ဖွင့်လှစ်ပေးခြင်း

 ငွေစာရင်းအကောင့်- ခေါ်ယူအပ်ငွေစာရင်း၏ ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ

  • အတိုးနှုန်း သိန်း ၃,၀၀၀ အောက် ၅% ၊ သိန်း ၃,၀၀၀ နှင့်အထက် ၁ ဘီလီယံအောက် ၆%၊ ၁ ဘီလီယံ နှင့် အထက် ၆.၅%
  • အထူး သတ်မှတ်ထားသည့် ဘဏ်စာအုပ်
  • လူကြီးမင်း၏ ငွေကြေးကို ဘဏ်သို့သွားရောက်ရန်မလိုအပ်ပဲ ဒီဂျစ်တယ်နည်းလမ်းမှတဆင့် စီမံနိုင်စေရန် Corporate iBanking နှင့် mBanking အား ဖွင့်လှစ်ပေးခြင်းး

 ငွေစာရင်းအကောင့် – စာရင်းရှင်အပ်ငွေစာရင်း၏ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများမှာ

  • အပ်ငွေထည့်သွင်းလိုက်သည့် ပမာဏအလိုက် ကန့်သတ်ချက်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း(အနည်းဆုံး လက်ကျန်ငွေအားစာရင်းထဲတွင် ထိန်းသိမ်းထားရန်လိုအပ်ပါသည်။)
  • စာရင်းရှင်အပ်ငွေစာရင်းအကောင့်အသစ်မှ အခြားကမ္ဘောဇဘဏ်အကောင့်များကို အခမဲ့ ငွေလွှဲပြောင်းနိုင်ခြင်း
  • မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် ငွေသားမလိုသည့် debit transaction များအား ပြုလုပ်နိုင်ခြင်း
  • Business Debit နဲ့ MPU ကတ်တို့အား အခမဲ့ထုတ်ပေးခြင်း
  • လူကြီးမင်း၏ ငွေကြေးကို ဘဏ်သို့သွားရောက်ရန်မလိုအပ်ပဲ ဒီဂျစ်တယ်နည်းလမ်းမှတဆင့် စီမံနိုင်စေရန် Corporate iBanking နှင့် mBanking အား ဖွင့်လှစ်ပေးခြင်း

ငွေစာရင်းအကောင့် – ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်း ဖွင့်ရာတွင် လိုအပ်သည့် စတင်အပ်နှံငွေနှင့် အနည်းဆုံးလက်ကျန်ငွေတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စာရင်းအမျိုးအစားစတင်အပ်နှံငွေအနည်းဆုံးလက်ကျန်ငွေ
ငွေစုဘဏ်အပ်ငွေစာရင်း
(လူပုဂ္ဂိုလ်တစ်ဦးချင်း/ပူးတွဲ)
၁၀,၀၀၀ ကျပ်၁၀,၀၀၀ ကျပ်
စာရင်းရှင်အပ်ငွေစာရင်း (လူပုဂ္ဂိုလ်တစ်ဦးချင်း/ပူးတွဲ)၁၀,၀၀၀ ကျပ်၁၀,၀၀၀ ကျပ်
စာရင်းရှင်အပ်ငွေစာရင်း (စီးပွါးရေးလုပ်ငန်းများ)
၁၀၀,၀၀၀ ကျပ်၁၀၀,၀၀၀ ကျပ်
ခေါ်ယူအပ်ငွေစာရင်း (လူပုဂ္ဂိုလ်တစ်ဦးချင်း/ပူးတွဲ)၁၀,၀၀၀ ကျပ်၁၀,၀၀၀ ကျပ်
ခေါ်ယူအပ်ငွေစာရင်း  (စီးပွါးရေးလုပ်ငန်းများ)၁၀၀,၀၀၀ ကျပ်၁၀၀,၀၀၀ ကျပ်

ငွေစာရင်းအကောင့်-ငွေစုဘဏ်အပ်ငွေစာရင်း၏ ငွေသားထုတ်ယူနိုင်သော ဘဏ်ခွဲများ



ငွေစာရင်းအကောင့်သစ်:ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်း နှင့် ပတ်သတ်သည့် အသေးစိတ်အကြောင်းအရာများကို ပိုမိုသိရှိရန်

မေးလေ့မေးထရှိသောမေးခွန်းများ
အထွေထွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

ငွေစာရင်းအကောင့်သစ်_ငွေစုဘဏ်အပ်ငွေစာရင်း နှင့် ပတ်သတ်သည့် အသေးစိတ်အကြောင်းအရာများကို ပိုမိုသိရှိရန်

မေးလေ့မေးထရှိသောမေးခွန်းများ
အထွေထွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

အသေးစိတ်သိရှိလိုပါက ၀၉ ၉၅၁၀၁၈၅၅၅ (သို့) ၈၅၅၅ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။