SME Banking
ကမ္ဘောဇဘဏ်၏ အသေးစားနှင့်အလတ်စား၊ စီးပွါးရေးဘဏ်လုပ်ငန်းသည် မြန်မာနိုင်ငံ စီးပွါးရေး ဆက်လက် ဖွံ.ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့် မြန်မာနိုင်ငံသားများပိုင် SME လုပ်ငန်းများ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရန်နှင့် လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သော ငွေရေးကြေးရေး (ချေးငွေ) အကူအညီများသာမက ပြီးပြည့်စုံသော စီးပွါးရေး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အချိန်နှင့် တပြေးညီ အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
KBZ SME Banking ချေးငွေစုံစမ်းမေးမြန်းခြင်း
Customer များအနေဖြင့် SME ချေးငွေများအကြောင်းကို ဒီဂျစ်တယ်နည်းလမ်းဖြင့် အချိန်မရွေး၊ နေရာမရွေး လွယ်ကူစွာ စုံစမ်းမေးမြန်းနိုင်ပါသည်။
Customer များရရှိနိုင်သော အကျိုးကျေးဇူးများ
- အွန်လိုင်းမှတဆင့် ဒီဂျစ်တယ်နည်းလမ်းဖြင့် စုံစမ်းမေးမြန်းခြင်း
- စီးပွားရေး၏ လိုအပ်ချက်အလိုက် မတူညီသော ချေးငွေများအကြောင်း မေးမြန်းသိရှိနိုင်ခြင်း
- လွယ်ကူလျင်မြန်သော လုပ်ငန်းဆောင်ရွက်မှု (ချေးငွေးအကြောင်းစုံစမ်းမေးမြန်းခြင်း form ကို တင်သွင်းပြီး ဘဏ်ဖွင့်ရက် ၂ ရက်အတွင်း)
- အရည်အချင်းပြည့်ဝသော ဆက်ဆံရေးမန်နေဂျာ (Relationship Managers) များ၏ ချေးငွေနှင့်ပတ်သက်သော အကြံပြုချက်များ ရရှိနိုင်ခြင်း
အခုပဲ စုံစမ်းမေးမြန်းလိုက်ပါ
SME Loan Enquiry Form FAQs
SME (Loan)
SME LOAN
လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် SME Term Loan ချေးငွေ
အောင်မြင်နေသော SME စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့လုပ်ငန်း(သို့) မိမိတို့လုပ်ငန်းနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည့် ပုံသေပိုင်ပစ္စည်းများဝယ်ယူမည့် ရင်းနှီးငွေ (Capital Investment) အတွက် SME Term Loan အား လျှောက်ထားနိုင်ပါသည်။
အားသာချက်?
လျှောက်ထားရန် ?
စည်းကမ်းသတ်မှတ်ချက်များ
SME Overdraft (OD) for Working Capital Financing
KBZ SME OD
အောင်မြင်နေသော SME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို.၏ လုပ်ငန်းများ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရန် လိုအပ်သော လုပ်ငန်းလည်ပတ်ငွေ ( Working Capital) အတွက် SME Overdraft အား လျှောက်ထားခြင်းဖြင့် ကာလတို ငွေကြေးစီဆင်းမှု ကို ကောင်းမွန်စွာ စီမံခန်.ခွဲနိုင်မည် ဖြစ်ပါသည်။
အားသာချက်?
စည်းကမ်းသတ်မှတ်ချက်များ
JICA Two Step Loan (TSL)
KBZ JICA Two Step Loan (TSL)
ကမ္ဘောဇဘဏ်၏ အသေးစားနှင့်အလတ်စား၊ စီးပွါးရေးဘဏ်လုပ်ငန်း မှ SME လုပ်ငန်းများအား ဝန်ဆောင်မှုပေးလျှက်ရှိသော JICA Two Step Loan (TSL) သည် ဂျပန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရသို. ထုတ်ချေးသော ချေးငွေအား အစိုးရ၏ ကိုယ်စားလှယ်အဖြစ် မြန်မာ့စီးပွါးရေးဘဏ်မှ ဆောင်ရွက်ကာ မိမိတို.ဘဏ်မှတဆင့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်းများသို. ထုတ်ချေးသော နှစ်ဆင့်ခံချေးငွေ ဖြစ်ပါသည်။
အားသာချက်?
လျှောက်ထားရန် ?
JICA PMU မှ သတ်မှတ်ခွင့်ပြုထားသော SME စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရန် မတည်ရင်းနှီးငွေ အသုံးပြုစရိတ် (Capital Expenditure) (ဥပမာ -စက်ရုံ၊ ဂိုဒေါင်၊ ဆိုင် စသောအဆောက်အဦများ ဆောက်လုပ်ခြင်း၊ လုပ်ငန်းသုံးစက်ပစ္စည်းများ၊ ယာဉ်များ၊ ယန္တရားများဝယ်ယူခြင်းစသည့် )တို့အတွက် အတိုးနှုန်းသက်သက်သာသာဖြင့် သက်တမ်းရှည် ချေးယူနိုင်သော JICA Two Step Loan ချေးငွေများကို လျှောက်ထားနိုင်ပါသည်။
စည်းကမ်းသတ်မှတ်ချက်များ
လျှောက်ထားခွင့်မရှိသော လုပ်ငန်းကဏ္ဍများ
အောက်ဖေါ်ပြပါ လုပ်ငန်းများသည် ဝန်ဆောင်မှုရယူရန် အကျုံးမဝင်ပါ။
(၁) မွေးမြူရေးလုပ်ငန်းများနှင့် မြန်မာ့စိုက်ပျိုးရေးဘဏ်မှ ချေးငွေကို အကျုံးဝင်နေသော လယ်သမားများ
(၂) အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း
(၃) ငွေရေးကြေးရေးနှင့် အာမခံလုပ်ငန်းများ
(၄) တန်ဖိုးကြီး သတ္ထုအရောင်းအဝယ်လုပ်ငန်းများ
(၅) အဖျော်ယမကာဆိုင်များ
(၆) ဖျော်ဖြေရေးနှင့် ကစားကွင်းများ (ခရီးသွားလုပ်ငန်းမှ အပ)
(၇) လက်နက် ခဲယမ်း ရောင်းဝယ်ရေးနှင့်(၈) လူထုတည်ငြိမ်ရေးကို နှောင့်ယှတ်စေသော လုပ်ငန်းများ (အလုပ်အမှုဆောင် ကော်မတီမှ ဆုံးဖြတ်ပါမည်)
မှတ်ချက်
- ချေးငွေချေးသူများအနေဖြင့် Capital Investment 80% နှင့် Working Capital 20% အသုံးပြုနိုင်သည်။
- ချေးငွေရယူလိုသော ရည်ရွယ်ချက်၏ Business Expansion Plan တိကျစွာတင်ပြပေးနိုင်ရမည်။
- ကုန်ထုတ်လုပ်ငန်းများ၊ဝန်ဆောင်မှုလုပ်ငန်းများ၊ကုန်သွယ်လုပ်ငန်းများ၊စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်း၊သွင်းကုန်အစားထိုး ထုတ်လုပ်မှုလုပ်ငန်းများ၊စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ် SME လုပ်ငန်းများကို ဦးစားပေး၍ ထုတ်ချေးသွားမည်ဖြစ်ပါသည်။
- အမှန်တကယ် လုပ်ငန်းဆောင်ရွက်နေပြီး တိုးချဲ့မည့်လုပ်ငန်း၏ ချေးငွေရယူလိုသည့် စီမံကိန်းရည်ရွယ်ချက်အတိအကျရှိသူများကို ချေးငွေရယူလိုသည့် ရည်ရွယ်ချက်ပေါ် မူတည်၍ ချေးပေးသွားပါမည်။
- သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ထုတ်ပေးသော မှတ်ပုံတင်လုပ်ငန်းလိုင်စင် သက်တမ်း (၂)နှစ်ရှိသော လုပ်ငန်းများ လျှောက်ထားနိုင်ပါသည်။ လုပ်ငန်း၏ Cash Flow ၊ လုပ်ငန်းမှပေးဆပ်နိုင်မှု အခြေအနေနှင့် ချေးငွေရယူလိုသည့် ရည်ရွယ်ချက်ပေါ်မူတည်၍ ဦးစားပေးထုတ်ချေးသွားပါမည်။
လုပ်ငန်းနှင့် ပတ်သက်သော အချက်များ
- လုပ်ငန်းလိုင်စင်
- ကုမ္ပဏီမှတ်ပုံတင်
- ပြီးခဲ့သော ၃ နှစ်စာ အခွန်ပြေစာ လက်ခံဖြတ်ပိုင်း
- ပြီးခဲ့သော ၃ နှစ်စာ ဘဏ္ဍာစာရင်းရှင်းတမ်း
- လုပ်ငန်းဓာတ်ပုံများ (လုပ်ငန်းလည်ပတ်လုပ်ကိုင်နေပုံများ ကုန်တင်ကုန်ချ၊ ထုပ်ပိုးနေပုံများ၊ ကုန်ချောဓာတ်ပုံများ) ၁ကွက်လျှင် ၂ပုံစီဖြင့် အနည်းဆုံး ၆ကွက်အတွက် ၁၂ ပုံတင်ပြရမည်။
အကယ်၍ မိမိလုပ်ငန်းသည် DICA အောက်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ပါက ထပ်မံလိုအပ်သည့် အချက်များ
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (DICA မှ)
- ကုမ္ပဏီအကြောင်း (DICA မှ)
- အရာရှိ(အမှုဆောင်များ)အချက်အလက် (DICA မှ)
- အသင်းဝင်အချက်အလက် (DICA မှ)
- ပို့ကုန်သွင်းကုန်လုပ်ငန်းဖြစ်လျှင် သက်တမ်းမကုန်သေးသော ပို့ကုန်သွင်းကုန် လိုင်စင်
- ဒါရိုက်တာ ဘုတ်အဖွဲ့၏ အသိအမှတ်ပြုစာ
- စာရင်းစစ်ဖြင့် စစ်ဆေးပြီးဖြစ်သော နောက်ဆုံးရဘဏ္ဍာငွေစာရင်းရှင်းတမ်းမှ မတည်ငွေစာရင်းနှင့် ဖောင် (င)မှ မတည်ငွေစာရင်းမှ ငွေပမာဏသည် ကိုက်ညီရမည်။
လူပုဂ္ဂိုလ်နှင့် ပတ်သက်သောစာရွက်စာတမ်းများ
- နိုင်ငံသားမှတ်ပုံတင် မိတ္တူ
- အိမ်ထောင်စု သန်းခေါင်စာရင်း
- ရပ်ကွက်တွင်းနေထိုင်ကြောင်း ထောက်ခံစာ
- အိမ်ထောင်မရှိသူဖြစ်လျှင် အိမ်ထောင်မရှိကြောင်း ထောက်ခံစာ
- ကွာရှင်းစာချုပ်နှင့် အိမ်ထောင်ပြုရန် အစီအစဉ်မရှိသေးကြောင်း သက်သေခံစာ
အာမခံပစ္စည်းနှင့် ပတ်သက်သော သတ်မှတ်ချက်များ
- ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းများ
- ဂရန်၊ မြေပုံနှင့် ပိုင်ဆိုင်မှု ရာဇဝင်များ
- အပေါင်ပစ္စည်း၏ ဓါတ်ပုံများ
ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် လက်ခံနိုင်သော အာမခံပစ္စည်းများ
- မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ
- အစိုးရအာမခံငွေတိုက်စာချုပ်များ
- လုပ်ငန်းသုံးစက်ပစ္စည်းများ
- စာရင်းသေအပ်ငွေစာရင်းစာအုပ်(သို့မဟုတ်)ငွေစုဘဏ်စာရင်းစာအုပ်
- ကောက်ပဲသီးနှံ(သို့မဟုတ်)ကုန်စည်ပစ္စည်းများ
- ရွှေနှင့် ရွှေထည်ပစ္စည်းများ
- အစုရှယ်ရာများ
Credit Guarantee Insurance ( ဘဏ်၏ သတ်မှတ်ချက်များအရ) အပေါင်ပစ္စည်းများ
- ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းများ
- ဂရန်၊ မြေပုံနှင့် ပိုင်ဆိုင်မှု ရာဇဝင်များ
Q & A
လုပ်ငန်းလုပ်နေတာ ကြာပါပြီ။ ဒါပေမဲ့ တရားဝင်လိုင်စင်ရထားတာ တစ်နှစ်ပဲရှိသေးတဲ့အတွက် ချေးငွေ လျှောက်ထားခွင့် ရှိ/မရှိ သိပါရစေ။
လျှောက်ခွင့် ရှိပါတယ်။ လုပ်ငန်းလိုင်စင်သက်တမ်း တစ်နှစ်ပဲ ရှိပေမဲ့ လုပ်ငန်းအမှန်တကယ်လည်ပတ်ပြီး လုပ်ငန်းလုပ်တာကြာပြီ ဖြစ်ပါက ဘဏ္ဍာရေးရှင်းတမ်း ၃ နှစ်စာ ဆွဲပေးဖို့ လိုအပ်ပါတယ်။
စီးပွားရေးလုပ်ငန်းလုပ်ဆောင်တဲ့ သက်တမ်း ၂ နှစ်ရှိပေမဲ့ အခွန်ဆောင်တာ တစ်နှစ်ပဲ ရှိသေးရင် ( တစ်ချို့ လုံးဝမဆောင်ရသေး) ချေးငွေ လျှောက်လို့ရပါသလား။
လုပ်သက် (၂) နှစ်ရှိပြီး အခွန်တစ်နှစ်ဆောင်ထားရင်လည်း ချေးငွေ လျှောက်လို့ ရပါတယ်။ အခွန်လုံးဝ မပေးဆောင်သေးပါက ကြိုတင်အခွန်ဆောင်ပြီးရင်ပြန်လည်လျှောက်ထားနိုင်ပါတယ်။
လုပ်ငန်းအခုမှ စတင်လုပ်ကိုင်မည့် Start Up ကုမ္ပဏီများ ချေးငွေလျှောက်ထားလို့ရ ပါသလား ?
မရပါ။ လုပ်ငန်းလည်ပတ်ချိန် အနည်းဆုံး (၂)နှစ် ရှိမှသာ ချေးငွေ လျှောက်ထားနိုင်ပါတယ်။
အာမခံပစ္စည်းပေးရန်မရှိရင်လည်း Loan လျှောက်ထားလို့ရပါသလား ?
အာမခံပစ္စည်းအစား မြန်မာအာမခံလုပ်ငန်းမှ ထုတ်ပေးသည့် CGI (Credit Guarantee Insurance) Certificate လျှောက်ထား၍ KBZ Loan လျှောက်ထားနိုင်ပါတယ်။
CGI လျှောက်ဖို့ ဘာတွေ လိုအပ်ပါသလဲ?
CGI လျှောက်ထားချိန်တွင် မြန်မာ့အာမခံလုပ်ငန်းရဲ့ သတ်မှတ်ချက်တစ်ခုဖြစ်ပြီး မြန်မာ့စက်မှုကြီးကြပ် စစ်ဆေးရေးဌာန (SME Center) က ထုတ်ပေးတဲ့ SME Smart Card နဲ့ SME Recommendation Letter လိုအပ်ပါတယ်။
ဘယ်လိုလုပ်ငန်းတွေက SME ချေးငွေ လျှောက်ထားလို့ ရပါသလဲ။
အောက်ပါ လုပ်ငန်းလုပ်ကိုင်သူ/လုပ်ငန်းတွေကလွဲပြီး ကျန်လုပ်ငန်းအမျိုးအစားတွေအတွက် ချေးငွေ လျှောက်ထားနိုင်ပါတယ်။
(၁) မွေးမြူရေးလုပ်ငန်းများနှင့် မြန်မာ့စိုက်ပျိုးရေးဘဏ်မှ ချေးငွေကို အကျုံးဝင်နေသော လယ်သမားများ
(၂) အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း
(၃) ငွေရေးကြေးရေးနှင့် အာမခံလုပ်ငန်းများ
(၄) တန်ဖိုးကြီး သတ္ထုအရောင်းအဝယ်လုပ်ငန်းများ
(၅) အဖျော်ယမကာဆိုင်များ
(၆) ဖျော်ဖြေရေးနှင့် ကစားကွင်းများ (ခရီးသွားလုပ်ငန်းမှ အပ)
(၇) လက်နက် ခဲယမ်း ရောင်းဝယ်ရေးနှင့်
(၈) လူထုတည်ငြိမ်ရေးကို နှောင့်ယှတ်စေသော လုပ်ငန်းများ (အလုပ်အမှုဆောင် ကော်မတီမှ ဆုံးဖြတ်ပါမည်)
SME ချေးငွေရရှိဖို့ အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ?
လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားပါက အနည်းဆုံး (၂) ပတ်၊ အများဆုံး (၁)လ အကြာတွင် ချေးငွေ ရရိနိုင်မှာ ဖြစ်ပါတယ်။