ချေးငွေများ


SME Term Loan

SME Term Loan သည် မိမိလုပ်ငန်းကိုချဲ့ထွင်ရန် ငွေအရင်းအနှီးလိုအပ်နေတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ချေးငွေပမာဏ ၁၀ သန်းမှ သန်း ၁၀၀၀ အထိ၊ ချေးငွေကာလ ၁ နှစ်မှ ၃ နှစ်အထိရယူနိုင်သောချေးငွေအမျိုးအစားတစ်ခုဖြစ်ပါသည်။

SME Term Loan ၏ အကျိုးကျေးဇူးများ

  • ငွေအရင်းအနှီးအကူအညီဖြင့် လုပ်ငန်းချဲ့ထွင်မှုကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ခြင်း
  • လုပ်ငန်းသဘာဝနှင့်ငွေကြေးစီးဆင်းမှု ပေါ်မူတည်ပြီး ချေးငွေပြန်လည်ပေးဆပ်မည့်အချိန်ကို အရွှေ့အပြောင်းပြုလုပ်နိုင်သည့်အတွက် ငွေကြေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်ခြင်း
  • ချေးငွေကို ညှိနှိုင်းဆွေးနွေးပြီး ပြန်လည်ပေးဆပ်နိုင်သည့်အတွက် Customer များမှ ငွေ စီးဆင်းမှုကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေသလို၊ လုပ်ငန်းကြီးထွားဖို့ကိုလည်း အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မယ့် အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါသည်။

ချေးငွေကိုဘယ်သူတွေလျှောက်ထားနိုင်လဲ

  • မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ဝယ်ယူရန်လိုအပ်သော စီးပွားရေးလုပ်ငန်းများ
  • အခြေခံအဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီများ- ဥပမာ စက်ရုံများနှင့်ကုန်သိုလှောင်ရုံများ
  • စက်ယန္တရားများနှင့် စက်မှုလုပ်ငန်းသုံးယာဉ်များကိုဝယ်ယူသော ကုမ္ပဏီများ
  • ဝန်ဆောင်မှုတိုးချဲ့ရန်စီမံကိန်းရေးဆွဲနေသော ကုမ္ပဏီများ
  • ဆိုင်ခွဲအသစ်ဖွင့်လှစ်လိုသော၊ပြန်လည်ပြုပြင်လိုသော လုပ်ငန်းများ

လျှောက်ထားရန် အခြား လိုအပ်သောအချက်များ

  • အဆောက်အဦတည်ဆောက်ရန်အတွက် ချေးငွေလျှောက်ထားပါက အဆောက်အဦပုံကြမ်းနှင့်ခန့်မှန်းကုန်ကျစရိတ်ကို မဖြစ်မနေတင်သွင်းရမည်။

SME Overdraft (OD) Loan

SME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရန် လိုအပ်သော လုပ်ငန်းလည်ပတ်ငွေ ( Working Capital) နှင့် ကာလတို ငွေကြေးစီဆင်းမှုများအတွက် ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရန် အတွက် တစ်နှစ်လျှင် မြန်မာကျပ် ၁၀ သန်း မှ သန်း ၁,၀၀၀ အထိချေးငွေရယူနိုင်မည်ဖြစ်ပါသည်။

SME Overdraft (OD) ချေးငွေ၏ အကျိုးကျေးဇူးများ

  • အသုံးမပြုသော ချေးငွေအား Commitment Fees ပေးရန်မလိုခြင်း နှင့် အခြား ကုန်ကျစာရိတ်များ မရှိခြင်း။
  • ငွေကြေးများ ပိုမိုကောင်းမွန်စွာလည်ပတ်နိုင်ခြင်း နှင့် ကောင်းမွန်စွာ စီမံခန်.ခွဲနိုင်ခြင်း။
  • ချေးငွေအတွက် အတိုး အရင်း ပေးဆပ်မှု မှန်ကန်ခြင်းဖြင့် ဘဏ်နှင့် လွယ်ကူစွာ ယုံကြည်မှု တည်ဆောက်နိုင်ခြင်း၊
  • ပေးဆပ်မှု မှန်ကန်သော လုပ်ငန်းများအတွက် ချေးငွေ အသစ်များထပ်မံလျှောက်ထားရာတွင် ပိုမိုလျှင်မြန် လွယ်ကူစေနိုင်ခြင်း။

ချေးငွေလျှောက်ထားမှုအတွက် အကျုံးဝင်မှု

  • စီးပွားရေးလုပ်ငန်းရှင်များ ချေးငွေလျှောက်ထားရာတွင် လက်ရှိလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူခြင်း သို့မဟုတ် အခြားလုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းလည်ပတ်ငွေများကို လျှောက်ထားနိုင်ပါသည်။

JICA Two Steps Loan

JICA Two Steps Loan သည် ငွေကြေးအရင်းအနှီးတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် (ဥပမာ-စက်ရုံ၊ကုန်သိုလှောင်ရုံ၊ဆိုင်ခန်းတည်ဆောက်ခြင်း၊ စက်ယန္တရားများနှင့် လုပ်ငန်းသုံးယာဉ်များဝယ်ယူခြင်း)ငွေကြေးအကူအညီရယူလိုသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ကိုက်ညီသော ချေးငွေအမျိုးအစားဖြစ်ပါသည်။

ကမ္ဘောဇဘဏ် JICA Two Steps Loan ချေးငွေ၏ အကျိုးကျေးဇူးများ

  • Capital Investment အတွက် ၈၀%အထိ၊ Working Capital အတွက် ၂၀%အထိ ချေးငွေရယူနိုင်ပြီး သန်း ၅၀၀ အထိချေးငွေရယူနိုင်မည်ဖြစ်ကာ ချေးငွေသက်တမ်းမှာ ၅ နှစ်အထိဖြစ်သည်။
  • သက်သာသည့်အတိုးနှုန်းနှင့် ကြာမြင့်သည့်ချေးငွေသက်တမ်းကြောင့် မိမိရဲ့လုပ်ငန်းကို ပိုမိုကြီးထွားလာအောင်ချဲ့ထွင်နိုင်ခြင်း၊
  • လုပ်ငန်းရဲ့ကုန်ထုတ်စွမ်းအားမြင့်တက်ဖို့နှင့် အချိန်တိုအတွင်း ထိရောက်မှုရှိစေဖို့ ငွေကြေးရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း၊
  • စီမံကိန်းအကောင်အထည်ဖော်မှုစွမ်းရည်ကို တိုးတက်စေပြီး အစီရင်စာအတွက်လိုအပ်ချက်ကို ပြင်ဆင်နိုင်ခြင်း၊
  • လစဉ်အတိုးနှုန်းနှင့်နှစ်စဉ်အရင်းပြန်လည်ပေးဆပ်မှုကိုအချိုးကို အညီအမျှချမှတ်ထားသည့်အတွက် ချေးငွေပြန်လည်ပေးဆပ်မှုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ လုပ်ငန်းကိုလျင်မြန်စွာတိုးတက်စေခြင်း၊

ချေးငွေကိုဘယ်သူတွေလျှောက်ထားနိုင်မလဲ

အောက်ဖော်ပြပါလုပ်ငန်းများမှလွဲ၍ လုပ်ငန်းအမျိုးအစားအားလုံး-

၁၊ မွေးမြူရေးလုပ်ငန်းများနှင့် မြန်မာ့စိုက်ပျိုးရေးဘဏ်မှ ချေးငွေကို အကျုံးဝင်နေသော လယ်သမားများ

၂၊ အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း

၃၊ ငွေရေးကြေးရေးနှင့် အာမခံလုပ်ငန်းများ

၄၊ တန်ဖိုးကြီး သတ္ထုအရောင်းအဝယ်လုပ်ငန်းများ

၅၊ အဖျော်ယမကာဆိုင်များ

၆၊ ဖျော်ဖြေရေးနှင့် ကစားကွင်းများ (ခရီးသွားလုပ်ငန်းမှ အပ)

၇၊ လက်နက် ခဲယမ်း ရောင်းဝယ်ရေးနှင့်

၈၊ လူထုတည်ငြိမ်ရေးကို နှောင့်ယှတ်စေသော လုပ်ငန်းများ (အလုပ်အမှုဆောင် ကော်မတီမှ ဆုံးဖြတ်ပါမည်)

အထူးလိုအပ်ချက်များ

  • အဆောက်အဦး ပုံကြမ်းနှင့် ခန့်မှန်းခြေ ကုန်ကျစရိတ်ကို မဖြစ်မနေတင်ပြရမည်။
Icon [email protected]

ချေးငွေဝန်ဆောင်မှုနှင့်ပတ်သက်ပြီး သိရှိလိုပါက လူကြီးမင်း အချက်အလက်များ ဖြည့်ခဲ့ပေးပါ (သို့) [email protected] သို့ အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။

SME Term Loan လျှောက်ရန် ယခု ပဲ ဆက်သွယ်ပါ