သွင်းကုန်ငွေလွှဲစာတမ်းဆိုင်ရာဝန်ဆောင်မှု

KBZ ဘဏ်မှ လူကြီးမင်းတို့၏ သွင်းကုန်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးလိုအပ်ချက်များ နှင့် လူကြီးမင်းတို့ မှာယူတင်သွင်းလိုက်သော ကုန်ပစ္စည်း အတွက် ကုန်ဖိုးငွေ ပေးချေရာတွင် ကူညီပေးရန် အသင့်ရှိနေပါသည်။ သွင်းကုန်ဆိုင်ရာစုံလင်သောဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသေးစိတ်ကြည့်ရှုနိုင်ရန်ဖိတ်ခေါ်ပါသည်။

ဝန်ဆောင်မှုအကြောင်းအရာ

  • ကုန်တင်ပို့သူများ၏ကုန်သွယ်မှုဆိုင်ရာစာချုပ်တွင်ဖော်ပြထားသောစည်းမျဉ်းများနှင့်အညီ ပြုလုပ်ထားသည့်သဘောတူညီချက်ပေါ်တွင်အခြေပြုပြီး ပင်လယ်ရပ်ခြားရှိကုန်ပေးသွင်းသူများထံမှ ကုန်ပစ္စည်းများဝယ်ယူရာတွင် မြန်မာနိုင်ငံအတွင်းရှိ ကုန်တင်သွင်းသူများ အဆင်ပြေမှုရှိစေရန်အတွက် သွင်းကုန်ငွေလွှဲစာတမ်းကို အသုံးပြုခြင်း ဖြစ်ပါသည်။
    ကုန်တင်ပို့သူများအနေဖြင့်၎င်းတို့၏သဘောဆန္ဒအရ ငွေလွှဲစာတမ်းဖွင့်လှစ်လိုသည် ဆိုလျှင် မြန်မာနိုင်ငံအတွင်းရှိသွင်းကုန်လုပ်ငန်းရှင်အနေဖြင့် ၎င်း၏ဘဏ်တွင် ထိုသို့ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • သွင်းကုန်ငွေလွှဲစာတမ်းသည် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းတွင် အလုံခြုံစိတ်အချရဆုံး ပေးချေမှုနည်းလမ်းဖြစ်ခြင်း
  • လုပ်ငန်းတစ်နေ့တာအတွင်း သတ်မှတ်ထားသည့်အချိန် မတိုင်မီ ငွေလွှဲစာတမ်းထုတ်ပေးမှု ကိုနေ့ချင်းပြီးဆောင်ရွက်နိုင်ခြင်း
  • ဘဏ်တွင်မှတ်ပုံတင်ထားသည့် customer များ၏အီးမေးလ်လိပ်စာမှတစ်ဆင့် လျှောက်လွှာတင်နိုင်ခြင်း

လိုအပ်သောစာရွက်စာတမ်းများ

၁။ သွင်းကုန်ငွေလွှဲစာတမ်း လျှောက်လွှာပုံစံ(နှစ်ရာကျပ်တန်အထူးတံဆိပ်ခေါင်းကပ်ရပါမည်)

၂။ ကြိုတင်ကြွေးမြီအာမခံထားသည့်ကုန်ပို့လွှာ နှင့်/သို့မဟုတ် လက်ခံရရှိကြောင်း ရောင်းသူနှင့်ဝယ်သူနှစ်ဦးလုံးကတရားဝင်လက်မှတ်ရေးထိုးထားသော အရောင်းစာချုပ်

၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပေးထားသည့် သွင်းကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲလုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ

ဝန်ဆောင်မှုအကြောင်းအရာ

  • ဤဝန်ဆောင်မှုလုပ်ငန်းသည် သွင်းကုန်ငွေလွှဲစာတမ်းနှင့် အတူတူပင်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများအားကောင်းလာစေရေးအတွက် ထိုသို့သော ငွေလွှဲစာတမ်းကို ထုတ်ပေးခြင်းဖြစ်ပါသည်။

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • ပြည်တွင်းတွင်ထုတ်ပေးသည့် ငွေလွှဲစာတမ်းသည် ပြည်တွင်းကုန်သွယ်မှုတွင်လုံခြုံစိတ်ရသည့် ပေးချေမှုဖြစ်ခြင်း
  • လုပ်ငန်းတစ်နေ့တာအတွင်း သတ်မှတ်ထားသည့်အချိန် မတိုင်မီ ငွေလွှဲစာတမ်းထုတ်ပေးမှု ကိုနေ့ချင်းပြီးဆောင်ရွက်နိုင်ခြင်း
  • ဘဏ်တွင်မှတ်ပုံတင်ထားသည့် customer များ၏အီးမေးလ်လိပ်စာမှတစ်ဆင့် လျှောက်လွှာတင်နိုင်ခြင်း

လိုအပ်သောစာရွက်စာတမ်းများ

၁။ သွင်းကုန်ငွေလွှဲစာတမ်း လျှောက်လွှာပုံစံ (နှစ်ရာကျပ်တန်အထူးတံဆိပ်ခေါင်းကပ်ရပါမည်)

၂။ ကြိုတင်ကြွေးမြီအာမခံထားသည့်ကုန်ပို့လွှာ နှင့်/သို့မဟုတ် လက်ခံရရှိကြောင်း ရောင်းသူနှင့်ဝယ်သူနှစ်ဦးလုံးကတရားဝင်လက်မှတ်ရေးထိုးထားသော အရောင်းစာချုပ်

ဝန်ဆောင်မှုအကြောင်းအရာ

  • ဘဏ်က ဝယ်သူ/သွင်းကုန်လုပ်ငန်းရှင် ကိုယ်စားဆောင်ရွက်ပြီး ရောင်းသူ/ပို့ကုန်လုပ်ငန်းရှင်သည် ရောင်းသူ/ပို့ကုန်လုပ်ငန်းရှင်၏ဘဏ်၏ ညွှန်ကြားချက်နှင့်အညီ ဘဏ်အား ပို့ကုန်ဆိုင်ရာအထောက်အထားများပို့ပေးရန်နှင့် ပေးချေမှုများကောက်ခံပေးရန်အဆိုပြုသည်။

စာရွက်စာတမ်းအထောက်အထားကောက်ခံမှု ပုံစံ ၂ မျိုး –

၁။ ပေးချေမှုကောက်ခံခြင်းဆိုင်ရာအထောက်အထား (D/P)

ပေးချေမှုလုပ်ပြီးနောက်မှသာလျှင် ပေးပို့သည့်စာရွက်စာတမ်း အထောက်အထားများအား သွင်းကုန်လုပ်ငန်းရှင်က ရရှိခြင်း

၂။ လက်ခံရရှိမှုအားကောက်ခံမှုဆိုင်ရာအထောက်အထား (D/A)

လွှဲပြောင်းနိုင်သည့်စာရွက်စာတမ်း အားလက်ခံရရှိခြင်း သို့မဟုတ် သွင်းကုန်လုပ်ငန်းရှင်က ပေးချေမှုပြုလုပ်မည်ဖြစ်ကြောင်းကတိပြုခြင်းဖြင့် စာရွက်စာတမ်းအထောက်အထားများအားပေးပို့ခြင်း

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • ငွေတောင်းခံလွှာတွင်ဖော်ပြထားသောပေးချေမှုပမာဏအရ စာရွက်စာတမ်းအထောက်အထားများအားပေးပို့နိုင်ခြင်း
  • စာရွက်စာတမ်းအထောက်အထားများနှင့် ပေးချေရမည့် ပေးချေမှုများအား သင့်တင့်လျောက်ပတ်စွာကိုင်တွယ်ဖြေရှင်းနိုင်သည်ဆိုသည့် ဘဏ်၏ ယုံကြည်စိတ်ချရမှုကိုမြှင့်တင်နိုင်ခြင်း

လိုအပ်သောစာရွက်စာတမ်းများ

၁။ တောင်းခံလွှာအထောက်အထားအကြံပြုချက်ရောက်ရှိကြောင်း KBZ ဘဏ်၏ အီးမေးလ်ဖြင့်အသိပေးအကြောင်းကြားစာ

၂။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပေးထားသည့် သွင်းကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲလုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ

ဝန်ဆောင်မှုအကြောင်းအရာ

  • ၎င်းသည် ပို့ကုန်လုပ်ငန်းရှင်၏ဘဏ်ဖြစ်သည့် KBZ ဘဏ်တွင်ဆောင်ရွက်သည့် နိုင်ငံခြားငွေလွှဲစာချုပ်ဖြင့်လက်ငင်းပေးချေခြင်း ဆိုင်ရာငွေလွှဲစာတမ်း ဖြစ်ပြီး ငွေလွှဲစာတမ်းတွင် ဖော်ပြထားသည့် နိုင်ငံခြားငွေလွှဲစာချုပ်အချိန်အပိုင်းအခြားအရ ချေးငွေကမ်းလှမ်းချက်အား ငွေလွှဲစာတမ်းဖွင့်လှစ်သူက သွင်းကုန်လုပ်ငန်းရှင်ထံသို့ပေးခြင်းဖြစ်သည်။
  • သွင်းကုန်လုပ်ငန်းရှင်အနေဖြင့် ငွေလွှဲစာတမ်းထုတ်ပေးရေးဝန်ဆောင်မှုအတွက် လျှောက်ထားရပါမည်။

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • ဤဝန်ဆောင်မှုအားဖြင့် စာချုပ်ပါဈေးနှုန်းအရ ဝယ်သူ၏ဈေးဆစ်နိုင်စွမ်းကိုတိုးတက်လာစေမည်ဖြစ်သည်။
  • ဤဝန်ဆောင်မှုကြောင့် အကျိုးခံစားခွင့်ရှိသူအတွက် ငွေပေါ်လွယ်မှုမြင့်မားလာခြင်း၊ ငွေစီးဆင်းမှု တိုးတက်လာခြင်းတို့နှင့်စပ်လျဉ်း၍ အထောက်အကူဖြစ်စေမည်ဖြစ်ပြီး နိုင်ငံခြားအကျိုးခံစားခွင့်ရှိသူနှင့်ဆက်ဆံရေးကောင်းမွန်မှုကိုထိန်းထားနိုင်မည်ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

၁။ သွင်းကုန်ငွေလွှဲစာတမ်း လျှောက်လွှာပုံစံ(နှစ်ရာကျပ်တန်အထူးတံဆိပ်ခေါင်းကပ်ရပါမည်)

၂။ သွင်းကုန်လိုင်စင်မိတ္တူ သို့မဟုတ် ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲလုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ

၃။ ကြိုတင်ကြွေးမြီအာမခံထားသည့်ကုန်ပို့လွှာ နှင့်/သို့မဟုတ် အရောင်းစာချုပ်

ဝန်ဆောင်မှုအကြောင်းအရာ

  • ယုံကြည်အပ်နှံမှုလုပ်ငန်းချေးငွေစာချုပ်သည် ငွေလွှဲစာတမ်းအရ တင်ပို့သောကုန်ပစ္စည်းများအား ရှင်းလင်းရန် အတွက်သွင်းကုန်လုပ်ငန်းရှင်ထံသို့ရေတိုအားဖြင့်ထုတ်ပေးသည့် ဘဏ္ဍာရေးထောက်ပံ့မှုဖြစ်သည်။ ကုန်ပစ္စည်းပိုင်ဆိုင်မှုသည် KBZ ဘဏ်ထံတွင်သာရှိနေသေးသည့်အချိန်တွင် ဘဏ်က ယုံကြည်မှုအားဖြင့် ကုန်ပစ္စည်းများကို ပိုင်ဆိုင်ခွင့်ပေးထားခြင်းဖြစ်သည်။ ယုံကြည်အပ်နှံမှုလုပ်ငန်းချေးငွေစာချုပ်သက်တမ်းသည် ရက်ပေါင်း ၁၈၀ အထိဖြစ်သည်။
  • ယုံကြည်အပ်နှံမှုလုပ်ငန်းချေးငွေစာချုပ်အရ ချေးငွေဝန်ဆောင်မှုကိုလျှောက်ထားရပါမည်။

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • -သွင်းကုန်လုပ်ငန်းရှင်အတွက် စုစည်းကုန်အဖြစ်သို့မဖြစ်နေရောက်ရှိလာမည့် တင်သွင်းထားသော ကုန်ပစ္စည်းများ ရှင်းလင်းရန်နှင့်အရောင်းတင်နိုင်ရန် လုပ်ငန်းအတွင်း သို့ လုပ်ငန်းအရင်းအနှီးများအား သွင်းကုန်လုပ်ငန်းရှင်က ထည့်ဝင်နိုင်ခြင်း

လိုအပ်သောစာရွက်စာတမ်းများ

၁။ ကုမ္ပဏီ၏စာခေါင်းစဉ်ဖြင့် ယုံကြည်အပ်နှံမှုလုပ်ငန်းအဆိုပြုလွှာ

၂။ တရားဝင်အကောင်အထည်ဖော်ထားသည့် ယုံကြည်အပ်နှံမှုလုပ်ငန်းချေးငွေသဘောတူညီချက်

၃။ ဝယ်သူက တောင်းခံလွှာလွှဲပြောင်းမှုကိုလက်ခံရရှိခြင်း

Contact Us Today

[email protected]

Call Us Now

+95 1 2307169, +959 455832464