Customer များအတွက် အကောင်းမွန်ဆုံး ဘဏ်ဝန်ဆောင်မှု၊ အတွေ့အကြုံများ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် Core Banking စနစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များအား မူလသတ်မှတ်ရက်ဖြစ်သည့် ဧပြီလ(၁၂) ရက်နေ့ မတိုင်မီ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးစီးပြီ ဖြစ်ပါသဖြင့် ကမ္ဘောဇဘဏ်၏ အွန်လိုင်းဘဏ်ဝန်ဆောင်မှုများဖြစ်သည့် m/iBanking, ATM ဝန်ဆောင်မှုများ၊ Card နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများအပြင် KBZPay ဝန်ဆောင်မှုများအားလုံးကို ယခင်အတိုင်း အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Core Banking Updates
Core Banking စနစ် အဆင့်မြှင့်တင်ခြင်း
လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Customer များအားလုံး မင်္ဂလာပါ။ ကမ္ဘောဇဘဏ်၏ Core Banking စနစ် အဆင့်မြှင့်တင်ခြင်းကို အစိုးရရုံးပိတ်ရက်များဖြစ်သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့ သောကြာနေ့ ည ၁၁နာရီ ၄၅ မိနစ်မှ၊ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီအထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်သည် Customer များကို အကောင်းမွန်ဆုံး ဘဏ်ဝန်ဆောင်မှု ပေးအပ်နိုင်ရန်အတွက် တစိုက်မတ်မတ် ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။ ယခု Core Banking စနစ် အဆင့်မြှင့်တင်ခြင်းသည် ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်နှင့် Customer များ၏ ဘဏ်ဝန်ဆောင်မှုအသုံးပြုခြင်းအတွေ့အကြုံ တိုးတက်မြင့်မားလာစေရန် အထောက်အကူပြုသွားမည်ဟု ယုံကြည်ထားပါသည်။ ...