Core Banking စနစ် အဆင့်မြှင့်တင်ခြင်း ပြီးစီးကြောင်းအသိပေးခြင်း

Core Banking စနစ် အဆင့်မြှင့်တင်ခြင်း ပြီးစီးကြောင်းအသိပေးခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ customer များ

Customer များအတွက် အကောင်းမွန်ဆုံး ဘဏ်ဝန်ဆောင်မှု၊ အတွေ့အကြုံများ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် Core Banking စနစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များအား မူလသတ်မှတ်ရက်ဖြစ်သည့် ဧပြီလ(၁၂) ရက်နေ့ မတိုင်မီ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးစီးပြီ ဖြစ်ပါသဖြင့် ကမ္ဘောဇဘဏ်၏ အွန်လိုင်းဘဏ်ဝန်ဆောင်မှုများဖြစ်သည့် m/iBanking, ATM ဝန်ဆောင်မှုများ၊  Card နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများအပြင် KBZPay ဝန်ဆောင်မှုများအားလုံးကို ယခင်အတိုင်း အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကမ္ဘောဇဘဏ်၏ Core Banking စနစ် အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း ယုံကြည်နားလည်မှုအပြည့်ဖြင့် လက်တွဲပေးခဲ့ကြသည့် customer များ၊ Agent/Merchant ကြီးများနှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ 

ကမ္ဘောဇဘဏ်အသုံးပြုသူ customer များအတွက် ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများပေးအပ်သွားနိုင်ရန် အစဉ်တစိုက်ဆက်လက် ကြိုးစားသွားမည်ဖြစ်ပါသည်။