Core Banking စနစ် အဆင့်မြှင့်တင်ခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Customer များအားလုံး မင်္ဂလာပါ။

ကမ္ဘောဇဘဏ်၏  Core Banking စနစ် အဆင့်မြှင့်တင်ခြင်းကို အစိုးရရုံးပိတ်ရက်များဖြစ်သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့ သောကြာနေ့ ည ၁၁နာရီ ၄၅ မိနစ်မှ၊ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီအထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

ကမ္ဘောဇဘဏ်သည် Customer များကို အကောင်းမွန်ဆုံး ဘဏ်ဝန်ဆောင်မှု ပေးအပ်နိုင်ရန်အတွက် တစိုက်မတ်မတ် ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။ ယခု Core Banking စနစ် အဆင့်မြှင့်တင်ခြင်းသည် ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်နှင့် Customer များ၏ ဘဏ်ဝန်ဆောင်မှုအသုံးပြုခြင်းအတွေ့အကြုံ တိုးတက်မြင့်မားလာစေရန် အထောက်အကူပြုသွားမည်ဟု ယုံကြည်ထားပါသည်။ 

ယခုကဲ့သို့ Core Banking စနစ် အဆင့်မြှင့်တင်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ်၏-

■ အွန်လိုင်းဘဏ်ဝန်ဆောင်မှုများ (iBanking နှင့် mBanking) 
■ Debit နှင့် Credit Card ဝန်ဆောင်မှုများ နှင့် 
■ အချို့သော ATM စက်များနှင့် KBZPay ဝန်ဆောင်မှုများကို ယာယီအသုံးပြုနိုင်မည် မဟုတ်ကြောင်း လေးစားစွာဖြင့် ကြိုတင် အသိပေးအပ်ပါသည်။ 

Core banking စနစ် အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် ယာယီမရရှိနိုင်သော ဝန်ဆောင်မှုများ စာရင်းကို သိရှိနိုင်ရန် အောက်ဖော်ပြပါပုံတွင် ဖတ်ရှုနိုင်ပါသည်။

Core banking စနစ် အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ အမေးအဖြေများတွင် ဖတ်ရှုနိုင်ပါသည်။ 

ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါက ကမ္ဘောဇဘဏ် Customer များကို အချိန်နှင့် တပြေးညီ အသိပေးသွားမည် ဖြစ်ပါသည်။ 

အထူးသတိပြုရန်မှာ ဘဏ်ဝန်ထမ်းများအနေဖြင့် ယခု Core Banking စနစ် အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်ပြီး Customer များ၏ အချက်အလက်များကို ဆက်သွယ်တောင်းဆိုခြင်း ပြုမည်မဟုတ်ကြောင်းနှင့်၊ မသမာသူများမှ KBZPay OTP တောင်းဆိုခြင်း၊ Password တောင်းဆိုခြင်းနှင့်၊ အခြား ကိုယ်ရေးအချက်အလက် တောင်းဆိုခြင်းများ ရှိလာပါက သတိပြုရှောင်ရှားစေရန် ကြိုတင် အသိပေးအပ်ပါသည်။ 

သို့ဖြစ်ပါ၍ Core Banking စနစ် အဆင့်မြှင့်တင်နေသည့် အချိန်ကာလအတွင်း အဆင်မပြေမှု တစုံတရာရှိခဲ့ပါက   သည်းခံနားလည်ပေးပါရန်နှင့်၊  Customer များအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် ယာယီမရရှိနိုင်သော ဝန်ဆောင်မှုများ စာရင်း

ဝန်ဆောင်မှုများ
ရရှိနိုင်သော ဝန်ဆောင်မှုများ နှင့် မရရှိနိုင်သောဝန်ဆောင်မှုများ
ဧပြီလ ၇ ရက်နေ့ဧပြီလ ၈ ရက်နေ့ဧပြီလ ၉ ရက်နေ့ဧပြီလ ၁၀ ရက်နေ့ဧပြီလ ၁၁ ရက်နေ့ဧပြီလ ၁၂ ရက်နေ့
ဘဏ်ခွဲများဘဏ်ဖွင့်ရက်အစိုးရရုံးပိတ်ရက်အစိုးရရုံးပိတ်ရက်အစိုးရရုံးပိတ်ရက်အစိုးရရုံးပိတ်ရက်အစိုးရရုံးပိတ်ရက်
KBZ Call Center၂၄နာရီ ၇ရက်ပတ်လုံး၂၄နာရီ ၇ရက်ပတ်လုံး၂၄နာရီ ၇ရက်ပတ်လုံး၂၄နာရီ ၇ရက်ပတ်လုံး၂၄နာရီ ၇ရက်ပတ်လုံး၂၄နာရီ ၇ရက်ပတ်လုံး
KBZ Mobile/Internet Bankingည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
Debit Cards (POS တွင် ငွေပေးချေမှု, E-commerce ငွေပေးချေမှု)ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
အကြွေး၀ယ်ကတ် (အခြားဘဏ် POS တွင် ငွေပေးချေမှု, E-commerce ငွေပေးချေမှု)ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်
အကြွေး၀ယ်ကတ် (ငွေပြန်လည်ပေးဆပ်ခြင်း)ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
Prepaid Cards (POS တွင် ငွေပေးချေမှု, E-commerce ငွေပေးချေမှု)ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
ATM စက်မှငွေထုတ်ခြင်း (KBZ Bank ကတ်ဖြင့်)ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါရရှိနိုင်ပါသည်ရရှိနိုင်ပါသည်
ATM စက်မှငွေထုတ်ခြင်း (အခြားဘဏ်ကတ်ဖြင့်)ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည် မရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
POS Machine (KBZ Bank ကတ်ဖြင့်)ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါရရှိနိုင်ပါသည်မနက် ၁၁ နာရီတွင်ရရှိပါမည်
POS Machine (အခြားဘဏ်ကတ်ဖြင့်)ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
KBZPay ဝန်ဆောင်မှုများ
အခြား KBZPay ဝန်ဆောင်မှုများ (ဖုန်းဘေလ်ဖြည့်ခြင်း, KBZPay အကောင့်အချင်းချင်းငွေလွှဲခြင်း, KBZPay Market, QR ဖြင့်ငွေပေးချေခြင်း လက်ဆောင်ကဒ်ဝယ်ယူခြင်း, Mini Apps အစရှိသဖြင့်.) ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်
KBZPay နှင့်ချိတ်ဆက်ထားသော ဘဏ်အကောင့် လက်ကျန်ငွေ စစ်ဆေးခြင်းည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
KBZPay နှင့်ချိတ်ဆက်ထားသော ဘဏ်အကောင့်မှ (ငွေသွင်း/ငွေထုတ်)
ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
KBZPayနှင့် ဘဏ်အကောင့် ချိတ်ဆက်ခြင်းည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
KBZPay QuickPay တွင်ငွေပေးချေခြင်းည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
KBZPay နှင့် ဘေလ် ပေးဆောင်ခြင်းည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
နိုင်ငံခြားငွေလဲလှယ်နှုန်းည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
KBZPay သို့ MPU မှငွေသွင်းခြင်း (KBZ Bank ကတ်ဖြင့်)ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါမနက် ၁၁ နာရီတွင်ရရှိပါမည်
KBZPay သို့ MPU မှငွေသွင်းခြင်း(အခြားဘဏ်ကတ်ဖြင့်)ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်ရရှိနိုင်ပါသည်
KBZPay ဖြင့် ATM မှ ငွေထုတ်ခြင်းည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည်မရရှိနိုင်ပါမရရှိနိုင်ပါမရရှိနိုင်ပါရရှိနိုင်ပါသည်ရရှိနိုင်ပါသည်

ဘဏ်အဖွဲ့အစည်းတွေရဲ့ အဓိက ဝန်ဆောင်မှုလုပ်ငန်းတွေကို core banking စနစ်လို့ လူသိများတဲ့ ကွန်ပျူတာဆော့ဖ်ဝဲတစ်ခုကနေ လုပ်ဆောင်ကြရပါတယ်။ Core banking စနစ်က ဘဏ်လုပ်ဆောင်ချက်များဖြစ်တဲ့ အပ်ငွေသွင်းခြင်း၊ ချေးငွေပေးချေမှု လုပ်ဆောင်ခြင်း၊ ချေးငွေဆိုင်ရာ မှတ်တမ်းများရယူခြင်း၊ customer အချက်အလက်များထိန်းသိမ်းခြင်း၊ ထုတ်ပြန်ချက်များ လုပ်‌ဆောင်ခြင်းနဲ့ သုံးစွဲသူ customer‌ တွေရဲ့ အွန်လိုင်းနဲ့ မိုဘိုင်းဘဏ်ဝန်ဆောင်မှုများ လုပ်ဆောင်ပေးခြင်း စတဲ့ အခြားသော လုပ်ဆောင်ချက်များကို တာဝန်ယူဆောင်ရွက်ပေးပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ ဘဏ်များအားလုံးက နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြု၍ customer များကို ပိုမိုကောင်းမွန်ပြီး ဆန်းသစ်တဲ့ ဝန်ဆောင်မှုများပေးနိုင်ရန်အတွက်  core banking စနစ်ကို နှစ်အနည်းငယ်ကြာတိုင်း ပုံမှန်ပြုပြင်ပြောင်းလဲလေ့ရှိပါတယ်။ ကမ္ဘောဇဘဏ် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ core banking စနစ်တစ်ခုကို စတင်လာခဲ့တာဟာ အချိန်အနည်းငယ် ကြာခဲ့ပြီဖြစ်ပါတယ်။ ယခု core banking စနစ် အဆင့်မြှင့်တင်ခြင်းက ကမ္ဘောဇဘဏ်ရဲ့ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်နှင့် customer များရဲ့ ဘဏ်ဝန်ဆောင်မှု အသုံးပြုခြင်း အတွေ့အကြုံ တိုးတက်မြင့်မားလာစေနိုင်ရန် အထောက်အကူပြုသွားမယ်လို့ ယုံကြည်ပါတယ်။

Core banking စနစ် အဆင့်မြှင့်တင်ခြင်းကို အစိုးရရုံးပိတ်ရက်များဖြစ်တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့ သောကြာနေ့ ည ၁၁နာရီ ၄၅ မိနစ်မှ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီအထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Core Banking စနစ် အဆင့်မြှင့်တင်သည့် အချိန်နှင့်နေ့ရက်အတွက်  အပြောင်းအလဲတစ်စုံတစ်ရာရှိပါက လူကြီးမင်းတို့ကို အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားပေးမှာဖြစ်ပါတယ်။

အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်၏ ဒဏ်ဂျစ်တယ်

ဘဏ်ဝန်ဆောင်မှုများ (iBanking နှင့် mBanking)၊ debit နှင့် credit card ဝန်ဆောင်မှုများကို ယာယီအသုံးပြုနိုင်မည် မဟုတ်ပါ။ ဒါ့အပြင် အချို့ ATM စက်များနဲ့ အချို့ KBZPay ဝန်ဆောင်မှုများလည်း အသုံးပြုနိုင်မည် မဟုတ်ပါ။ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများကို အစိုးရရုံးပိတ်ရက်များဖြစ်တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပါတယ်။

Customers များ၏ နေ့စဥ် ဘဏ်လုပ်ငန်းစဥ်များအပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်စေရန်နဲ့ core banking စနစ် အဆင့်မြှင့်တင်မှုများ လျင်မြန်စွာ ပြီးမြောက်အောင် အစွမ်းကုန် ကြိုးစားလျက်ရှိပါတယ်။ ဝန်ဆောင်မှုများ ပြန်လည် လည်ပတ်တဲ့အခါ ကမ္ဘောဇဘဏ် customer များကို အချိန်နှင့် တပြေးညီ အသိပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်၏ ဝန်ထမ်းများသည် မည်သည့် customer ကိုမှ core banking စနစ် အဆင့်မြှင့်တင်ခြင်းနှင့် ပက်သက်၍ဖြစ်စေ၊ အခြား ကိုယ်ရေးအချက်အလက် တစ်စုံတစ်ရာကို တောင်းခံရန်ဖြစ်စေ မည့်သည့်အကြောင်းကြောင်းနဲ့မှ ဆက်သွယ်သွားမှာ မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။

အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း အချို့သော ATM နဲ့ KBZPay ဝန်ဆောင်မှုများ လုပ်ဆောင်နိုင်ပါတယ်။ ရရှိနိုင်တဲ့ ဝန်ဆောင်မှုများနဲ့ မရနိုင်တဲ့ ဝန်ဆောင်မှုများ စာရင်းကို အထက်ဖော်ပြပါဇယားတွင် ဖတ်ရှုနိုင်ပါတယ်။

အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း KBZ mBanking ကို သုံးပြီး မိုဘိုင်းဘေလ်နဲ့ ပတ်ကေ့ချ်များဝယ်ယူလို့ မရနိုင်သော်လည်း KBZPay အကောင့်မှ ဝယ်ယူနိုင်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများပြင်ဆင်ဆောင်ရွက်နေစဥ် အချိန်အတွင်း အဆင်မပြေမှုများမှ ကင်းဝေးစေရန် ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ အသင့်ပြင်ဆင်ထားနိုင်ရန်အတွက် အောက်ပါအချက်များကို အကြံပြုပေးလိုပါတယ်။ 

လိုအပ်တဲ့ ငွေကြေးဆိုင်ရာကိစ္စတွေကို ကြိုတင်စီစဉ်ထားပါ – ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် ကိုယ်ရေးကိုယ်တာနှင့် စီးပွားရေးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှုများ၊ အခြားဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို နည်းပညာပိုင်းဆိုင်ရာ အဆင့်မမြှင့်တင်ခင် ကြိုတင်စီစဉ်ထားသင့်ပါတယ်။ အချို့သော ATM ဝန်ဆောင်မှုများကို ယာယီ ရရှိနိုင်မှာ မဟုတ်သည့်အတွက် core banking စနစ် အဆင့်မြှင့်တင်နေချိန်တွင် အသုံးပြုရန်အတွက် ငွေပမာဏ လုံလုံလောက်လောက် ရှိရန်အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ သို့မဟုတ် ကမ္ဘောဇဘဏ်၏ KBZPay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ 

KBZPay အကောင့်ကို ကြိုတင်ငွေဖြည့်ထားပါ – Core banking စနစ် အဆင့်မြှင့်တင်ခြင်းကာလအတွင်း KBZPay သုံးစွဲသူ customer များအနေနှင့် ငွေလွှဲခြင်း၊ QR ကုဒ်နှင့် ငွေပေးချေခြင်း နှင့် အေးဂျင့်ဆိုင်များတွင် ငွေထုတ်ယူခြင်းများကို ပုံမှန်အတိုင်းဆက်လက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ပြုလုပ်နေစဉ်ကာလအတွင်း KBZPay wallet အတွင်းသို့ အခြားဘဏ်ကတ်များဖြင့် MPU Cash In မှ တစ်ဆင့် ငွေဖြည့်ခြင်းကို ဆက်လက်ဆောင်ရွက်သွားနိုင် မည် ဖြစ်ပါသည်။

ဟုတ်ကဲ့။ နည်းပညာပိုင်းဆိုင်ရာ စနစ် အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း လူကြီးမင်း စီစဉ်ထားတဲ့ငွေပေးချေမှုများမှာ ပြောင်းလဲမှုရှိလာနိုင်ပါတယ်။ စနစ်အဆင့်မမြှင့်တင်ခင် လိုအပ်တဲ့ငွေပေးချေမှုကို ကြိုတင်ဆောင်ရွက်ထားကြဖို့ တိုက်တွန်းလိုပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ iBanking နဲ့ mBanking ကို လက်ရှိအသုံးပြုနေသည့်အတိုင်း ဆက်လက်အသုံးပြုနိုင်ပါတယ်။

ဟုတ်ကဲ့။ လူကြီးမင်းရဲ့ အကောင့်အချက်အလက်တွေဟာ စနစ်အဆင့်မြှင့်တင်နေချိန်ကာလအတွင်းမှာ၊ လုံခြုံစွာ ရှိနေမှာဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်က သင့်ရဲ့ကိုယ်ရေးအချက်အလက် လုံခြုံစွာရှိနေဖို့ အကောင်းမွန်ဆုံး ဆောင်ရွက်ထားပါတယ်။

ဟုတ်ကဲ့။ နည်းပညာပိုင်းဆိုင်ရာ စနစ် အဆင့်မြှင့်တင်နေချိန်မှာရော၊ မြှင့်တင်ပြီးသွားတဲ့ အချိန်မှာရော လူကြီးမင်းရဲ့ ငွေတွေက လုံခြုံစွာ ရှိနေမှာဖြစ်ပါတယ်။

Core banking စနစ် အဆင့်မြှင့်တင်မယ့်ရက်တွေက အစိုးရရုံးပိတ်ရက်ဖြစ်သည့်အတွက် ကမ္ဘောဇဘဏ်ရဲ့ ဘဏ်ခွဲများအားလုံး ပိတ်ထားမှာဖြစ်ပြီး လူကြီးမင်းတို့ရဲ့ KBZ iBanking နဲ့ mBanking များ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ငွေပေးချေခြင်း၊ ငွေအပ်နှံခြင်း၊ ငွေလွှဲခြင်းစသည့် ကိုယ်ရေးကိုယ်တာနှင့် စီးပွားရေးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှုများ၊ အခြားဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့မတိုင်ခင် ကြိုတင်စီစဉ်ထားသင့်ပါတယ်။

ဘဏ်အကောင့်နံပါတ်တွေ ပြောင်းလဲမှုရှိမည်မဟုတ်ပါ။

လူကြီးမင်းရဲ့ CIF (Customer ID) တွေ ပြောင်းလဲမှုရှိမည်မဟုတ်ပါ။

ဒီ Core banking စနစ် အဆင့်မြှင့်တင်ခြင်းက လူကြီးမင်းရဲ့ အကောင့်တွေနဲ့ ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်တွေကို သက်ရောက်မှုရှိမည်မဟုတ်ပါ။

ရပါတယ်။ လော့ဂ်အင်ဝင်ရောက်ရမယ့် အချက်အလက်တွေမှာ လက်ရှိအသုံးပြုနေသည့်အတိုင်း အပြောင်းအလဲမရှိပါ။

Core banking စနစ် အဆင့်မြှင့်တင်ခြင်းပြီးသွားရင် ကမ္ဘောဇဘဏ်ရဲ့ ဝန်ဆောင်မှုအားလုံးကို ဆက်လက်အသုံးပြုနိုင်ပါတယ်။ 

အတိုးရနေတဲ့ ငွေစုအကောင့်တွေမှာ သက်ရောက်မှုရှိမှာမဟုတ်ဘဲ သင့်ရဲ့ အတိုးငွေပမာဏကို ပုံမှန်အတိုင်း ရရှိနေမှာဖြစ်ပါတယ်။

သက်ရောက်မှုရှိပါသည်။ Core Banking စနစ်အဆင့်မြှင့်တင်မှုအတွင်း customer များအနေဖြင့် Credit Card အတွက် Auto-Debit function နှင့် QuickPay ဝန်ဆောင်မှုတို့ကို အသုံးပြု၍မရနိုင်ပါ။

Core banking စနစ် အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းထားမှာဖြစ်ပါတယ်။ Core banking စနစ် အဆင့်မြှင့်တင်ခြင်းပြီးဆုံးမှသာ ငွေလွှဲလက်ခံခြင်းကို ပြန်လည်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Core banking စနစ် အဆင့်မြှင့်တင်ခြင်း ပြီးသွားတဲ့အခါ လူကြီးမင်းရဲ့ အကောင့် ငွေလွှဲ/ငွေထုတ်မှတ်တမ်းက ပြောင်းလဲမှုရှိမှာ မဟုတ်ပါဘူး။ နည်းပညာပိုင်းဆိုင်ရာ စနစ် အဆင့်မြှင့်တင်ခြင်းမတိုင်ခင် လူကြီးမင်းရဲ့ ငွေလွှဲငွေထုတ်မှတ်တမ်းကို ဒေါင်းလုဒ်ရယူထားနိုင်ပါတယ်။

ATM များတွင် ကတ်ဖြင့် ငွေသားထုတ်ယူခြင်းကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ KBZPay အသုံးပြုသူ customer များအနေနဲ့ အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှလွဲ၍ ကတ်မဲ့ငွေသားထုတ်ယူခြင်းကို ATM များတွင် လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် KBZPay အေးဂျင့်များထံတွင်လည်း KBZPay အသုံးပြုသူ customer များအနေနဲ့ ငွေသားထုတ်ယူနိုင်ပါတယ်။ 

System upgrade ပြုလုပ်နေစဉ်ကာလအတွင်း လုံခြုံရေးအရ စိုးရိမ်စရာမရှိပါ ။Core Banking system upgrade ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်အနေဖြင့် customer များထံမှ ဘဏ်လုပ်ငန်းဆိုင်ရာအချက်အလက်များဖြစ်သော username, password, OTP ကုတ် နှင့် PIN နံပါတ်တို့ကို လုံးဝ (လုံးဝ) တောင်းခံမည်မဟုတ်ပါ။ လိမ်လည်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် customer များအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းရန် အကြံပြုလိုပါတယ်။ သံသယတစ်စုံတစ်ရာရှိပါက KBZ Call Center: 09-951018555 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

မှတ်ချက် – ၂၀၂၃ခုနစ် ဧပြီလ (၇)ရက်နေ့ ည‌ (၁၁း၄၅)မှ ဧပြီလ (၁၂)ရက်နေ့ မနက် (၁၁း၀၀)နာရီအတွင်း ပြုလုပ်မည့် Core Banking စနစ် အဆင့်မြှင့်တင်ခြင်းအတွက် အချိန်ဇယားတွင် ဖော်ပြထားသော ရက်စွဲများမှာ အနီးစပ်ဆုံး ခန့်မှန်းထားခြင်းဖြစ်ပြီး ပြောင်းလဲမှုများ ရှိနိုင်ပါသည်။ ကမ္ဘောဇဘဏ် အနေဖြင့် Core Banking စနစ် အဆင့်မြှင့်တင်ခြင်း ပြုလုပ်နေစဥ်ကာလအတွင်း customer များအပေါ် သက်ရောက်မှုများ အနည်းဆုံးဖြစ်စေရန် အကောင်းဆုံး ကြိုးစားသွားမည် ဖြစ်ပါသည်။ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။