ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် – မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအတွက် ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ ပို့ချပေးနိုင်ရန် KBZPay နှင့် တက္ကသိုလ်ကျောင်းများ၏ စုပေါင်းအင်အားတစ်ရပ် ဖြင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲများစွာ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀,၀၀၀) ကျော် တက်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ တက္ကသိုလ်ကျောင်းပေါင်း (၂၉) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများသည် တက်ရောက်သူများအတွက် မိမိတို့ တစ်ကိုယ်ရည်သုံး ငွေကြေးဆိုင်ရာ...
ရန်ကုန်ဘဏ်ခွဲများတွင် ရရှိနိုင်သော ဝန်ဆောင်မှုများ
လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ မတ်လ ၁၅ ရက်နေ့မှစတင်ပြီး ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲများကို အောက်တွင်ဖော်ပြထားသော ပြည်သူများ အတွက်မရှိမဖြစ်လိုအပ်သည့် ဘဏ်ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ယခုလိုမရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများပေးရန် ဘဏ်ခွဲများပြန်လည်ဖွင့်လှစ်ရာတွင် အဆင်မပြေမှုများရှိနိုင်ပါသဖြင့် လူကြီးမင်းတို့ နားလည်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲများစာရင်းကို အောက်တွင် ဆက်လက်ကြည့်ရှူနိုင်ပါသည်။ အပတ်စဉ်အလိုက် ဘဏ်ဝန်ဆောင်မှုများကို ပိုမိုဆောင်ရွက်ပေးသွားနိုင်ရန် ရည်ရွယ်ထားပြီး နောက်ဆုံးသတင်းအချက်အလက်များကို www.kbzbank.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ကမ္ဘောဇဘဏ်အနေဖြင့် ATM များကို အစဉ်အမြဲ online ဖြစ်နေရန် ကြိုးစားဆောင်ရွက်နေပြီး စက်အတွင်းသို့ ငွေများ ဆက်လက်ဖြည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ Corporate ငွေထုတ်ယူခြင်းနှင့် ဝန်ဆောင်မှုများ/အင်တာနေရှင်နယ် ဘဏ်ဝန်ဆောင်မှုများ/နိုင်ငံခြားငွေ နှင့် လစာဝန်ဆောင်မှုများအတွက် ကမ္ဘောဇဘဏ် call center 09-951018555 (သို့) ...
မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆန်ဆုံး မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူ အရေအတွက်သန်း (၃၀) အထိ ရှိလာစေရန် ရည်မှန်းထား
နေ့စဉ် ထောင်ပေါင်းများစွာသော ပြည်သူများကို မိုဘိုင်းဦးစားပေး စီးပွားရေးစနစ်ဆီသို့ ခေါ်ဆောင်ပေးလျက်ရှိသည့် မြန်မာနိုင်ငံတစ်ဝန်းမှ ကမ္ဘောဇဘဏ်ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် (၆) လခန့် အချိန်တိုအတွင်း အသုံးပြုသူ အရေအတွက် တစ်သန်း ကျော်လွန်ခဲ့ပြီ ဖြစ်ပါသည်။ ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ ၂၀၁၉ ခုနှစ် – မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် ယခု ရက်သတ္တပတ်အတွင်း တစ်သန်းမြောက်သော KBZPay အသုံးပြုသူ အရေအတွက်ကို ကျော်လွန်ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆုံး မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါသည်။ KBZPay စတင် စမ်းသပ်မိတ်ဆက်ခဲ့သည့် လွန်ခဲ့သော ခြောက်လမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်း အင်အား (၁၈,၀၀၀) ရှိ...
ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူများ ဘဏ်မလိုဘဲ အသုံးပြုသူအချင်းချင်း ငွေရှင်း၊ ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ် ပြုလုပ်နိုင်သော ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်အသစ် KBZPay ဖြင့် မိတ်ဆက်
လွန်ခဲ့သည့် သုံးလခန့်မှစတင်၍ ကမ္ဘောဇဘဏ်၏ မိုဘိုင်းလ်ပိုက်ဆံအိတ် အသုံးပြုရန် စာရင်းပေးသွင်းသူများ ရှိနေပြီဖြစ်ပြီး လူထုနှင့် တိုက်ရိုက်တွေ့ဆုံနိုင်သည့် ပွဲများပြုလုပ်ကာ ဒစ်ဂျစ်တယ် ငွေကြေးစီမံခန့်ခွဲမှု စနစ်အသစ်ဖြင့် ချိတ်ဆက်ပေးခဲ့ပါသည်။ ရန်ကုန်၊ မြန်မာ၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ၂၀၁၈ ခုနှစ် – မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် KBZPay ဝန်ဆောင်မှုကို လူထုစိတ်ဝင်စားမှုရရှိပြီး စာရင်းပေးသွင်း အသုံးပြုမှု များပြားလာရန် လူအများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်သည့် လှုပ်ရှားမှုများ ကျင်းပပြုလုပ်၍ မိတ်ဆက်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ထိပ်တန်း ဘဏ်တစ်ခုဖြစ်သည်နှင့်အညီ ဘဏ်ခွဲမရှိသည့် နေရာဒေသများတွင် နေထိုင်သော ပြည်သူများထံ ဘဏ်လုပ်ငန်း ဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှု ဝန်ဆောင်မှုများကို ပိုမို လက်လှမ်းမီစေရန် တစ်ဆင့်ချင်း ဆောင်ရွက်လျက် ရှိပါသည်။ KBZPay မှတစ်ဆင့်...
KBZPay အသုံးပြုသူများ၏ စမတ်ဖုန်းသည် မိုဘိုင်းပိုက်ဆံအိတ်သာမက ATM ကတ်အဖြစ်ပါ အသုံးပြုနိုင်လာ
KBZPay အသုံးပြုသူများ၏ စမတ်ဖုန်းသည် မိုဘိုင်းပိုက်ဆံအိတ်သာမက ATM ကတ်အဖြစ်ပါ အသုံးပြုနိုင်လာ KBZPay သည် အသုံးပြုသူများအတွက် နိုင်ငံတစ်ဝန်းရှိ မည်သည့် ကမ္ဘောဇဘဏ် ATM စက်များတွင်မဆို ငွေသားချက်ချင်း ထုတ်ယူနိုင်ရန် ဝန်ဆောင်မှုပေးသွားမည့် မြန်မာ၏ ပထမဦးဆုံး မိုဘိုင်းပိုက်ဆံအိတ် ဖြစ်ပါသည် ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက် – KBZPay အသုံးပြုသူများအတွက်မြန်မာနိုင်ငံတစ်ဝန်းရှိ မည်သည့် ကမ္ဘောဇဘဏ် ATM စက် ၁,၅၀၀ တွင်မဆိုငွေသားချက်ချင်းထုတ်ယူနိုင်ရန် ဝန်ဆောင်မှု ပေးသွားမည့် KBZPay မိုဘိုင်းပိုက်ဆံအိတ်၏ စိတ်လှုပ်ရှားဖွယ်ရာ လုပ်ဆောင်ချက်အသစ်တစ်ခုကို ကမ္ဘောဇဘဏ်က စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ကမ္ဘောဇဘဏ်သည် ဘဏ်အကောင့်ရှိမှသာ ATM စက်များမှ ငွေသားထုတ်ယူနိုင် မည်ဆိုသည့် အယူအဆဖောက်ထွက်ပြီး မိုဘိုင်းပိုက်ဆံအိတ်ဖြင့်ငွေသားချက်ချင်းထုတ်ယူနိုင်ရန်...
ကမ္ဘောဇဘဏ်က Asian Banking & Finance Awards 2019 ဆုပေးပွဲ အခမ်းအနားတွင် ဂုဏ်ပြုဆုများစွာ ဆွတ်ခူးရရှိ
စင်ကာပူ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ – မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည် စင်ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်သည့် Asian Banking and Finance (ABF) ဆုပေးပွဲ အခမ်းအနား၌ ဘဏ်လုပ်ငန်းနယ်ပယ်အတွင်း အကောင်းဆုံးသော စွမ်းဆောင်ချက် များစွာအတွက် ဂုဏ်ပြုချီးမြှင့်ခံခဲ့ပါသည်။ ကမ္ဘောဇဘဏ်သည် (၁၄) ကြိမ်မြောက် ရွေးချယ်ပေးအပ်သော တစ်နှစ် တာအတွင်း အကောင်းဆုံး ABF Retail Banking Awards များတွင် အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေးကဏ္ဍ ပေါ်ပေါက်လာရေး ရှေ့ဆောင်လှုပ်ရှားမှုများအတွက် ဂုဏ်ပြုချီးမြှင့်သည့် Financial Inclusion Initiative of the Year – Myanmar...
သတင်းထုတ်ပြန်ချက် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် Asiamoney မှ ပေးအပ်သည့် ၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်း အကောင်းဆုံး ပြည်တွင်းဘဏ်ဆုနှင့် အကောင်းဆုံး ဒစ်ဂျစ်တယ်ဘဏ်ဆုကို ကမ္ဘောဇဘဏ်မှ ဆွတ်ခူးရရှိ
ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၁ ရက် — မြန်မာ့အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည် Asiamoney မှ ရွေးချယ်ပေးအပ်သည့် ၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်း အကောင်းဆုံး ဘဏ်လုပ်ငန်းဆိုင်ရာ ဆုများအနက် ‘အကောင်းဆုံး ပြည်တွင်းဘဏ်’ ဆုနှင့် ‘အကောင်းဆုံး ဒစ်ဂျစ်တယ်ဘဏ်’ ဆုများကို ဆွတ်ခူးရရှိခဲ့ပြီး ဆုသစ်များနှင့် အတူ မြန်မာ့နှစ်သစ်ကို ကြိုဆိုနိုင်ခဲ့ပြီ ဖြစ်ပါသည်။ နှစ်ပေါင်း (၃၀) တိုင် အာရှဒေသတစ်လွှားရှိ ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းဆိုင်ရာ ဈေးကွက်များအကြောင်း ရေးသားဖော်ပြ လျက်ရှိသည့် Asiamoney က မြန်မာနိုင်ငံအတွင်း အကောင်းဆုံး ပြည်တွင်းဘဏ်အဖြစ် ကမ္ဘောဇဘဏ်အား ရွေးချယ်ခဲ့သည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခုကဲသို့ နှစ်စဉ် ဆုပေးပွဲအစီအစဉ် စတင်ခဲ့သည့် ၂၀၁၇ ခုနှစ်...
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းအား နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆု ပေးအပ်ချီးမြှင့်
နိုင်ငံတော်သမ္မတအိမ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်၌ ဇန်နဝါရီလ (၂၄) ရက်နေ့ (ယနေ့) ကျင်းပခဲ့သော ၂၀၁၇ – ၂၀၁၈ စည်းကြပ်နှစ်အတွက် အခွန်အများဆုံး ပေးဆောင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းအား ၂၀၁၁ -၂၀၁၂ စည်းကြပ်နှစ်မှ ၂၀၁၇ – ၂၀၁၈ စည်းကြပ်နှစ်အထိ တစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၇)နှစ်ဆက်တိုက် ဝင်ငွေခွန်အများဆုံးထမ်းဆောင်မှုအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့သော ကမ္ဘောဇဘဏ်အား နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ရာ ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းမှ လက်ခံရယူခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊...
မြန်မာနိုင်ငံ၏ ဦးဆောင်ပုဂ္ဂလိကဘဏ်ကြီးဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်မှ Mr. Mike DeNoma ကို Special Advisor to the Chairman ခန့်အပ်
ဦးအောင်ကျော်မျိုး၊ ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့် တို့အား Deputy CEO များအဖြစ် တိုးမြှင့် ခန့်အပ် မြန်မာနိုင်ငံ၏ ဦးဆောင် ပုဂ္ဂလိကဘဏ်ကြီးဖြစ်သော ကမ္ဘောဇဘဏ်လီမိတက်အနေဖြင့် Mr. Mike DeNomaကို Special Advisor to the Chairman ရာထူးဖြင့် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါသည်။ အမေရိကန်ဖွား Mr. Mike DeNoma သည် မြောက်အမေရိက၊ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပစသည့် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းကြီးများတွင် ထိပ်တန်းရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ Mr. Mike DeNoma သည် ကမ္ဘာ့အကြီးဆုံးဘဏ်ကြီးတစ်ခုဖြစ်သော Standard Chartered Bank Consumer Banking ၏ ကမ္ဘာလုံးဆိုင်ရာအမှုဆောင်အရာရှိချုပ် (Global CEO)၊ Standard Chartered...