ကမ္ဘောဇဘဏ်က Asian Banking & Finance Awards 2019 ဆုပေးပွဲ အခမ်းအနားတွင် ဂုဏ်ပြုဆုများစွာ ဆွတ်ခူးရရှိ

စင်ကာပူ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ – မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည် စင်ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်သည့် Asian Banking and Finance (ABF) ဆုပေးပွဲ အခမ်းအနား၌ ဘဏ်လုပ်ငန်းနယ်ပယ်အတွင်း အကောင်းဆုံးသော စွမ်းဆောင်ချက် များစွာအတွက် ဂုဏ်ပြုချီးမြှင့်ခံခဲ့ပါသည်။ ကမ္ဘောဇဘဏ်သည် (၁၄) ကြိမ်မြောက် ရွေးချယ်ပေးအပ်သော တစ်နှစ် တာအတွင်း အကောင်းဆုံး ABF Retail Banking Awards များတွင် အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေးကဏ္ဍ ပေါ်ပေါက်လာရေး ရှေ့ဆောင်လှုပ်ရှားမှုများအတွက် ဂုဏ်ပြုချီးမြှင့်သည့် Financial Inclusion Initiative of the Year – Myanmar ဆုအပြင် မိုဘိုင်းဘဏ်စနစ် တိုးတက်ကောင်းမွန်ရေး ရှေ့ဆောင်လှုပ်ရှားမှုများအတွက် Mobile Banking Initiative of the Year ဆုများဖြင့် ထပ်ဆင့်ဂုဏ်ပြုခံခဲ့ရသည်။ တစ်ချိန်တည်းမှာပင် (၈) ကြိမ်မြောက် ပေးအပ်သည့် ABF Wholesale Banking Awards ဆုများတွင်လည်း တစ်နှစ်တာအတွင်း အကောင်းဆုံး ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှု ပေးအပ်လျက်ရှိသော ပြည်တွင်းဘဏ်အနေဖြင့် Myanmar Domestic Trade Finance Bank of the Year ဆုကြီးကိုလည်း ကမ္ဘောဇဘဏ်က ဆွတ်ခူးရရှိခဲ့ပါသည်။

အာရှထိပ်တန်း ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်းတစ်ခုဖြစ်သော Asian Banking and Finance က အာရှဒေသ အတွင်းရှိ wholesale နှင့် retail ဘဏ်လုပ်ငန်းနယ်ပယ်များတွင် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် လုပ်ဆောင်ချက်များနှင့် ဆန်းသစ်မှုရှိသော မဟာဗျုဟာများကို စောင့်ကြည့်လေ့လာပြီး နှစ်စဉ် ဆုပေါင်းများစွာ အသိအမှတ်ပြု ပေးအပ်လျက်ရှိသည်။ ABF Awards 2019 ဆုပေးပွဲ အခမ်းအနားတွင် ကမ္ဘောဇဘဏ်အား KBZPay မိတ်ဆက်ခြင်းဖြင့် ကြီးမားသည့် ချိတ်ဆက်ပေါင်းစည်းမှုများ ဖန်တီးပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေးကဏ္ဍ ပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်ချက်များနှင့် ကုန်သွယ်ရေးဆိုင်ရာ ငွေကြေး ထောက်ပံ့ခြင်း ဝန်ဆောင်မှုအသစ် လေးခုကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပြီး ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများ အတွက် အကောင်းဆုံး ရလဒ်များ ဆောင်ကျဉ်းပေးနိုင်ခဲ့သော စွမ်းဆောင်ချက်များကို အသိအမှတ်ပြုသည့် အနေဖြင့် ဂုဏ်ပြုဆု သုံးဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘောဇဘဏ်ကိုယ်စား ABF ဆုများ လက်ခံရယူခဲ့သည့် KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကို က “ကမ္ဘာ့အဆင့်မီ ဘဏ်ဝန်ဆောင်မှုပေးဖို့ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဘဏ်လုပ်ငန်း လုပ်ကိုင်သူတွေ ကြားမှာ ကမ္ဘောဇဘဏ်က နှစ်စဉ်နှစ်တိုင်း အခုလို အသိအမှတ်ပြု ချီးမြှင့်ခံရတဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ အခု ကျွန်တော်တို့ လက်ခံရရှိတဲ့ဆုတွေဟာ မိုဘိုင်းဦးစားပေး စီးပွားရေးစနစ်တစ်ခု အရှိန်အဟုန်နဲ့ ဖြစ်ပေါ် လာနေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဒစ်ဂျစ်တယ်နဲ့ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လုံခြုံမှုရှိရှိ ထိတွေ့ အသုံးပြုနိုင်အောင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်မိတ်ဆက်ပေးခဲ့ရုံတင်မက ဒစ်ဂျစ်တယ်နဲ့ငွေကြေးဆိုင်ရာ အကြောင်းအရာတွေကို သေသေချာချာ နားလည်တတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကြောင့် လက်ခံရရှိခဲ့တာပါ။ ကျွန်တော်တို့ ဘဏ်ဝန်ဆောင်မှု အသုံးပြုသူတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကူညီပံ့ပိုးပေးနေတဲ့ ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှုအသစ်တွေနဲ့အတူ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘဝအခြေအနေတွေ ပိုပြီး တိုးတက်ကောင်းမွန်လာအောင် ဈေးကွက်ဦးဆောင်တဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ၊ အတွေ့အကြုံတွေနဲ့ ဆက်ပြီး မိတ်ဆက်ပေးသွားပါမယ်” ဟု ပြောသည်။

ယခုနှစ်အတွက် ABF ဆုများ အကဲဖြတ်ရွေးချယ်သည့်အဖွဲ့တွင် Deloitte ၊ Ernst & Young နှင့် PwC ကဲ့သို့သော ကမ္ဘာ့အကြီးဆုံး စာရင်းအင်းနှင့် အကြံပေးလုပ်ငန်းစုအချို့မှ ဘဏ်လုပ်ငန်းနယ်ပယ်အတွင်း ဦးဆောင် လုပ်ကိုင်နေသူများ ပါဝင်ပါသည်။ ဆုချီးမြှင့်ရန် လျာထားခံရသူများအား အကဲဖြတ်လေ့လာရာတွင် ထူးခြားသည့် တီထွင်ဆန်းသစ်မှု၊ ထိရောက်သည့် အကျိုးရလဒ်နှင့် အင်တိုက်အားတိုက် လုပ်ဆောင်မှု စသည့်အချက်များအပေါ် အဓိကထား စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

တစ်နှစ်တာအတွင်း အကောင်းဆုံး မြန်မာနိုင်ငံတွင် အားလုံးအသုံးပြုနိုင်သည့် ငွေကြေးဝန်ဆောင်မှုရရှိရေး ရှေ့ဆောင်လှုပ်ရှားမှုဆု

ဤဆုသည် ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံတွင် KBZPay အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့ခြင်းနှင့် နယ်ပယ်ဒေသ အသီးသီးက သန်းပေါင်းများစွာသော ပြည်သူလူထုအတွက် ဘဏ်ခွဲပြင်ပအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး မရှိမဖြစ် လိုအပ်သော ငွေကြေးဝန်ဆောင်မှု ပေးအပ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည့် ကမ္ဘောဇဘဏ်ဝန်ထမ်း (၁၈,၀၀၀) ၏ အားထုတ်မှုများကို ဂုဏ်ပြုချီးမြှင့်သည့် ဆုဖြစ်ပါသည်။ KBZPay သည် မိုဘိုင်းဦးစားပေး စီးပွားရေးစနစ် အကူး အပြောင်းကာလ၏ အဓိကအခန်းကဏ္ဍတွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအကြား နေ့စဉ် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များ ပြုလုပ်ရာတွင် မြန်ဆန်စိတ်ချရသည့် နည်းလမ်းတစ်ခုကို အဆင်ပြေချောမွေ့ စွာ အသုံးပြုနိုင်ရန် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် စတင်မိတ်ဆက်ခဲ့ပြီး တစ်နှစ် မပြည့်သေးခင်မှာပင် ကမ္ဘောဇဘဏ် ဝန်ထမ်းပေါင်း (၁၈,၀၀၀) သည် မြန်မာနိုင်ငံရှိ နေရာဒေသ အနှံအပြားတွင် အသုံးပြုသူ (၂) သန်းကျော်၊ ကိုယ်စားလှယ်နှင့် ဈေးဆိုင်ပိုင်ရှင်ပေါင်း (၁၀၀,၀၀၀) ကျော်တို့အား KBZPay အသုံးပြုနိုင်အောင် စာရင်းသွင်းဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဒစ်ဂျစ်တယ်စနစ်ဖြင့် KYC အတည်ပြုခြင်းအထိ အပြည့်အဝ ဆောင်ရွက်ကာ ချိတ်ဆက်ပေါင်းစည်းပေးနိုင်ခဲ့သည်။

တစ်နှစ်တာအတွင်း အကောင်းဆုံး မိုဘိုင်းဘဏ်စနစ် တိုးတက်ကောင်းမွန်ရေး ရှေ့ဆောင်လှုပ်ရှားမှုဆု

၂၀၁၈ ခုနှစ်တွင် ကမ္ဘောဇဘဏ်သည် software token အတည်ပြုခြင်းစနစ်မှ လက်ဗွေရာ (သို့မဟုတ်) မျက်နှာသွင်ပြင်ကို အသုံးပြု၍ ကိုယ်ပိုင်အမှတ်လက္ခဏာ မှတ်သားနိုင်ခြင်းစနစ် (iPhone Xs နှင့် နောက်ဆုံးပေါ် မိုဘိုင်းဖုန်းမော်ဒယ်များအတွက်) အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ပုံမှန်သုံးနေကျ SMS မှတစ်ဆင့် ကိန်းဂဏန်းများ ပေးပို့ အတည်ပြုရသည့် စနစ်အစား အဆင့်နှစ်ဆင့်ဖြင့် စစ်ဆေးအတည်ပြုနိုင်သော Auto OTP စနစ်ကို ပြောင်းလဲခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးဘဏ် ဖြစ်လာခဲ့သည်။ အဆိုပါ နည်းပညာ အဆင့်မြှင့်တင်မှုများကြောင့် KBZPay နှင့် mBanking အက်ပလီကေးရှင်းများတွင် အသုံးပြုသူများအတွက် ပိုမို လုံခြုံစိတ်ချရပြီး အဆင်ပြေ ချောမွေ့သော မိုဘိုင်းဝန်ဆောင်မှု အတွေ့အကြုံတစ်ခုအဖြစ် သိသိသာသာ တိုးမြှင့်ဝန်ဆောင်ပေးနိုင်ခဲ့သည်။ ယခုအခါ အသုံးပြုသူ များမှာ မိမိတို့၏ ID နှင့် PIN နံပါတ်များကို ကိုယ်တိုင်ရိုက်ထည့်ရန် မလိုတော့ဘဲ လိုအပ်သည့် အတည်ပြုစစ်ဆေး ခြင်းများ အားလုံးကို ဘဏ်စနစ်မှ လုပ်ဆောင်ပေးသွားမည် ဖြစ်သည့်အတွက် ဘဏ်အနေဖြင့်လည်း လုံံခြုံရေး အတွက် ပေးပို့စစ်ဆေးရသော များပြားသည့် SMS ကုန်ကျစရိတ်များအား ပေးဆောင်စရာ မလိုတော့ပါ။

ကမ္ဘောဇဘဏ်သည် အသုံးပြုသူ၏ ID နှင့် PIN နံပါတ်များကို စာရွက်စာတမ်းဖြင့် ထုတ်ပေးရသည့်စနစ်မှ အသုံးပြုသူ၏ ID ကို အီးမေးလ်ဖြင့်လည်းကောင်း၊ PIN နံပါတ်ကို SMS ဖြင့်လည်းကောင်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ပေးပို့ သည့်စနစ်အား ပြောင်းလဲအသုံးပြုခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးဘဏ်လည်း ဖြစ်ပါသည်။ ထို့အပြင် mobile banking စာရင်းပေးသွင်းခြင်းကိုလည်း မျက်နှာသွင်ပြင် မှတ်သားနိုင်ခြင်းနှင့် နည်းပညာစနစ်ဖြင့် အတည်ပြုနိုင်ခြင်း တို့အပြင် အသုံးပြုသူအသစ်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် လွယ်ကူစွာ KYC အတည်ပြုနိုင်သော လုပ်ဆောင်ချက် များဖြင့် mBanking app မှတစ်ဆင့် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဇဘဏ်က mBanking app ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အသုံးပြုနိုင်ရန် ဖန်တီးပေးခဲ့ပြီး mobile banking အက်ပလီကေးရှင်းများမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို သန်းပေါင်းများစွာသော ပြည်သူများ ပိုမို ရယူအသုံးချနိုင်ရန် ပံ့ပိုးကူညီပေးခဲ့သည်။

တစ်နှစ်တာအတွင်း မြန်မာနိုင်ငံတွင် အကောင်းဆုံး ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှု ပေးအပ်နေသည့် ပြည်တွင်းဘဏ်ဆု

တီထွင်ဆန်းသစ်မှု ဦးဆောင်သူတစ်ဦးနှင့် နောက်ဆုံးပေါ် နည်းပညာများအား လျင်မြန်စွာ ရယူဖန်တီးပေး နိုင်သူ တစ်ဦးအနေဖြင့် ၂၀၁၈ ခုနှစ်တွင် သွင်းကုန်၊ ပို့ကုန် ပစ္စည်းများအား တင်ပို့ရောင်းချမှု မပြုလုပ်မီနှင့် ပြုလုပ်ပြီး အချိန်များတွင် ငွေကြေးထောက်ပံ့မှု လိုအပ်သော စီးပွားရေးလုပ်ငန်းရှင်များကို ပံ့ပိုးကူညီနိုင်ရန် ကုန်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုအသစ် လေးမျိုးကို စတင် မိတ်ဆက်ပေးခဲ့ပါသည်။ အဆိုပါ ဝန်ဆောင်မှုထုတ်ကုန်သစ်များမှာ –

တင်ပို့ရောင်းချမှု မပြုလုပ်မီ ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှု

  • ကုန်ထုတ်လုပ်မှုချေးငွေ – အဆိုပါ ချေးငွေသည် ကမ္ဘောဇဘဏ်က ငွေချေးသူအတွက် ကုန်ပစ္စည်းများ ဝယ်ယူစုဆောင်းရာတွင် (သို့မဟုတ်) တင်ပို့မရောင်းချမီ ကုန်ကြမ်းမှ ကုန်ချောအဖြစ်သို့ ပြောင်းလဲထုတ်လုပ် ရာတွင် ပေါင်းကူးပေးနိုင်သော ချေးငွေအဖြစ် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ ချေးငွေများကို ကုန်ပစ္စည်း စတင် ရောင်းချချိန်တွင် ပြန်လည်ပေးအပ်ရမည် ဖြစ်ပါသည်။

တင်ပို့ရောင်းချမှု မပြုလုပ်မီနှင့် ပြုလုပ်ပြီး ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှု

  • ဘဏ်တစ်ခုနှင့် တစ်ခုအကြား အာမခံ စာရွက်စာတမ်းဖြင့် ရယူသည့်ချေးငွေ (BBLC) – ဤချေးငွေသည် ရောင်းသူနှင့် ဝယ်ယူအကြား ကြားခံညှိနှိုင်းပေးသူတစ်ဦးအဖြစ် ငွေကြေးဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ကမ္ဘောဇဘဏ်က ပေးအပ်ထားသော ဝန်ဆောင်မှု ဖြစ်ပါသည်။ အဆိုပါ ချေးငွေဖြင့် ဝေးလံသော နေရာ ဒေသများမှ လုပ်ငန်းတစ်ခုနှင့် တစ်ခုအကြား တင်ပို့ရောင်းချမှု ပြုလုပ်လိုသူများနှင့် အခြားလုပ်ငန်းတစ်ခုအား ယုံကြည်စွာ လက်တွဲ လုပ်ကိုင်ရန် အာမခံနိုင်သည့် ကြားခံတစ်ခုခု လိုအပ်နေသည်များကို ဖြေရှင်းပေးနိုင်ပြီး ကုန်သွယ်မှုများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးပါသည်။

တင်ပို့ရောင်းချမှု ပြုလုပ်အပြီး ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှု

  • ငွေတောင်းခံစာအတွက် ငွေကြေးထောက်ပံ့မှု (အရောင်း) – ကမ္ဘောဇဘဏ်က ရောင်းချသူများ (ငွေချေးသူ) အတွက် ဝယ်သူက ကုန်ပစ္စည်းဝယ်ယူထားသည့် ပြေစာအား တင်ပြခြင်းဖြင့် ကြိုတင်ငွေထုတ်ပေးနိုင်သည့် ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှု ပေးအပ်လျက် ရှိပါသည်။ ဝယ်သူက ကုန်ပစ္စည်းလက်ခံရရှိချိန်မှသာ ဘဏ်သို့ ငွေပေးချေရမည် ဖြစ်ပါသည်။
  • ယုံကြည်ရသော ငွေလက်ခံပြေစာအတွက် ငွေကြေးထောက်ပံ့မှု (TR) – ကမ္ဘောဇဘဏ်က အာမခံ စာရွက် စာတမ်းဖြင့် တင်သွင်းထားသည့် ကုန်ပစ္စည်းများကို ရယူလိုသည့် ဝယ်သူအတွက် ငွေကြေးထောက်ပံ့မှု ပြု လုပ်ပေးရန် ကာလတို တင်သွင်းကုန်ချေးငွေတစ်ခု ပေးအပ်လျက်ရှိပါသည်။ TR ချေးငွေ အစီအစဉ်တွင် ဘဏ်က တင်သွင်းကုန်ပစ္စည်း အချက်အလက်များကို ထိန်းသိမ်းထားမည်ဖြစ်သော်လည်း ဝယ်သူအား အဆိုပါ ကုန်ပစ္စည်းအား ယုံကြည်မှုဖြင့် ပေးအပ်ထားမည်ဖြစ်သောကြောင့် ဘဏ်သို့ TR ချေးငွေ ပြန်ဆပ် ရမည့် နောက်ဆုံးရက်မတိုင်မီ ပြန်လည်ရောင်းချပြီး ပေးချေနိုင်ပါသည်။ ငွေတောင်းခံစာအတွက် ငွေကြေးထောက်ပံ့မှု (အရောင်း) – ကမ္ဘောဇဘဏ်က ရောင်းချသူများ (ငွေချေးသူ) အတွက် ဝယ်သူက ကုန်ပစ္စည်းဝယ်ယူထားသည့် ပြေစာအား တင်ပြခြင်းဖြင့် ကြိုတင်ငွေထုတ်ပေးနိုင်သည့် ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှု ပေးအပ်လျက် ရှိပါသည်။ ဝယ်သူက ကုန်ပစ္စည်းလက်ခံရရှိချိန်မှသာ ဘဏ်သို့ ငွေပေးချေရမည် ဖြစ်ပါသည်။