အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ “အားလုံးအတွက် စကားဝိုင်း” Webinar
ကမ္ဘောဇဘဏ်သည် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ကို ဂုဏ်ပြုသောအားဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း နှင့် ပူးပေါင်းကာ “အားလုံးအတွက် စကားဝိုင်း” Webinar ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘောဇဘဏ်အနေဖြင့် အားလုံးပါဝင်နိုင်ပြီး တန်းတူညီမျှမှုရှိသော လုပ်ငန်းခွင် ဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိပါသည်။ ဤရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် မသန်စွမ်းမှုဆိုင်ရာ ဗဟုသုတများ နှင့် လက်တွေ့ကျသည့် ပြုပြင်ပြောင်းလဲမှုများကိုသိရှိမှသာ မိမိနှင့် မသန်စွမ်းလုပ်ဖော်ကိုင်ဖက်များကြား ပိုမိုနားလည်ပြီး လေးစားမှုရှိသော လုပ်ငန်းခွင်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ အစီအစဉ်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပေါ်လာပုံ၊ အားလုံးပါဝင်သော လုပ်ငန်းခွင်ဖြစ်လာစေရန် ဝန်ထမ်းတစ်ဦးချင်းစီမှ ဆောင်ရွက်နိုင်သည့် ပြောင်းလဲမှုများကို ရွှေမင်းသားဖောင်ဒေးရှင်းမှ Founder ဆရာဦးမြတ်သူဝင်း ၊ကမ္ဘောဇဘဏ်...




