Corporate News

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့အား ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာတိုးတက်အကောင်ထည်ဖော်ဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်ချက်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့အား ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာတိုးတက်အကောင်ထည်ဖော်ဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်ချက်

မြန်မာနိုင်ငံဘဏ်များအသင်း၏ အသင်းဝင်ဘဏ်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေး (AML/CFT) ဆိုင်ရာ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ အသင်းဝင်ဘဏ်များအသီးသီးသို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁၃) ရက်နေ့တွင်  ထုတ်ပြန်ချက်တစ်ရပ်ကို ဖြန့်ဝေခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်တွင် AML/CFT ဆိုင်ရာ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊AML/CFT ဆိုင်ရာဆပ်ကော်မတီအား ဖွဲ့စည်းခြင်း၊AML/CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနယ်ပယ်(၃)အကောင်အထည်ဖော်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ချက်များ၊ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) သို့ သတင်းပေးပို့ချက်များပေးပို့ခြင်းနှင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ခြင်း၊AMl/CFT ဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊လူအများအပြားသေကြေစေသော လက်နက် ပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်း စသည့်ကိစ္စရပ်များအား အသင်းဝင်ဘဏ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘဏ် များအသင်းမှ အသိပေးထုတ်ပြန်ခဲ့ပါသည်။ အသေးစိတ်ကြည့်ရှုရန်
အောက်တိုဘာ 17, 2022အောက်တိုဘာ 17, 2022 In Corporate News, News MM
KBZPay မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး အစီအစဉ်များကို တက္ကသိုလ်ကျောင်းများတွင် အထူးအလေးပေး လှုပ်ရှားဆောင်ရွက်နေ

KBZPay မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး အစီအစဉ်များကို တက္ကသိုလ်ကျောင်းများတွင် အထူးအလေးပေး လှုပ်ရှားဆောင်ရွက်နေ

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် - မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအတွက် ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ ပို့ချပေးနိုင်ရန် KBZPay နှင့် တက္ကသိုလ်ကျောင်းများ၏ စုပေါင်းအင်အားတစ်ရပ် ဖြင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲများစွာ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀,၀၀၀) ကျော် တက်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ တက္ကသိုလ်ကျောင်းပေါင်း (၂၉) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ...
မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆန်ဆုံး မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူ အရေအတွက်သန်း (၃၀) အထိ ရှိလာစေရန် ရည်မှန်းထား

မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆန်ဆုံး မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူ အရေအတွက်သန်း (၃၀) အထိ ရှိလာစေရန် ရည်မှန်းထား

နေ့စဉ် ထောင်ပေါင်းများစွာသော ပြည်သူများကို မိုဘိုင်းဦးစားပေး စီးပွားရေးစနစ်ဆီသို့ ခေါ်ဆောင်ပေးလျက်ရှိသည့် မြန်မာနိုင်ငံတစ်ဝန်းမှ ကမ္ဘောဇဘဏ်ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် (၆) လခန့် အချိန်တိုအတွင်း အသုံးပြုသူ အရေအတွက် တစ်သန်း ကျော်လွန်ခဲ့ပြီ ဖြစ်ပါသည်။ ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ ၂၀၁၉ ခုနှစ် - မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် ယခု ရက်သတ္တပတ်အတွင်း တစ်သန်းမြောက်သော KBZPay အသုံးပြုသူ အရေအတွက်ကို ကျော်လွန်ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆုံး မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါသည်။ KBZPay စတင် စမ်းသပ်မိတ်ဆက်ခဲ့သည့် လွန်ခဲ့သော...
KBZPay အသုံးပြုသူများ၏ စမတ်ဖုန်းသည် မိုဘိုင်းပိုက်ဆံအိတ်သာမက ATM ကတ်အဖြစ်ပါ အသုံးပြုနိုင်လာ

KBZPay အသုံးပြုသူများ၏ စမတ်ဖုန်းသည် မိုဘိုင်းပိုက်ဆံအိတ်သာမက ATM ကတ်အဖြစ်ပါ အသုံးပြုနိုင်လာ

KBZPay အသုံးပြုသူများ၏ စမတ်ဖုန်းသည် မိုဘိုင်းပိုက်ဆံအိတ်သာမက ATM ကတ်အဖြစ်ပါ အသုံးပြုနိုင်လာ KBZPay သည် အသုံးပြုသူများအတွက် နိုင်ငံတစ်ဝန်းရှိ မည်သည့် ကမ္ဘောဇဘဏ် ATM စက်များတွင်မဆို ငွေသားချက်ချင်း ထုတ်ယူနိုင်ရန် ဝန်ဆောင်မှုပေးသွားမည့် မြန်မာ၏ ပထမဦးဆုံး မိုဘိုင်းပိုက်ဆံအိတ် ဖြစ်ပါသည်ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက် – KBZPay အသုံးပြုသူများအတွက်မြန်မာနိုင်ငံတစ်ဝန်းရှိ မည်သည့် ကမ္ဘောဇဘဏ် ATM စက် ၁,၅၀၀ တွင်မဆိုငွေသားချက်ချင်းထုတ်ယူနိုင်ရန် ဝန်ဆောင်မှု ပေးသွားမည့် KBZPay မိုဘိုင်းပိုက်ဆံအိတ်၏ စိတ်လှုပ်ရှားဖွယ်ရာ လုပ်ဆောင်ချက်အသစ်တစ်ခုကို ကမ္ဘောဇဘဏ်က စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ကမ္ဘောဇဘဏ်သည် ဘဏ်အကောင့်ရှိမှသာ ATM စက်များမှ...