ကမ္ဘောဇဘဏ်မှ “Let’s them Dream” သင်တန်းနှင့် အသိပညာမျှဝေခြင်း အစီအစဉ်အတွက် အထောက်အပံ့ပေးခြင်း (မတ်လ၊ ၂၀၂၄ခုနှစ်)

ယနေ့ မတ်လ ၂၁ ရက်နေ့သည် ကမ္ဘာ့ဒေါင်းဆင်ဒရုန်းနေ့ ဖြစ်ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “ပုံသေယူဆ သတ်မှတ်ခြင်းတွေ အဆုံးသတ်ကြပါစို့” ဟူ၍ဖြစ်ပါသည်။ ပုံသေယူဆသတ်မှတ်ခြင်းများသည် ကျားမရေးရာပြဿနာများတွင်သာမက နေ့စဉ်ဘဝ၏ ကဏ္ဍများစွာတွင်ပါ တည်ရှိနေကာ စိန်ခေါ်မှုများရှိသည့် လူတစ်ဦးချင်းစီအတွက် လူ့အဖွဲ့အစည်းတွင် အားလုံးပါဝင်နိုင်ရန် သို့မဟုတ် အလုပ်အကိုင် အခွင့်အလမ်းများအတွက် စိန်ခေါ်မှုဖြစ်စေသည်။ 

ကမ္ဘာ့ဒေါင်းဆင်ဒရုန်းနေ့အတွက် ရည်ရွယ်ကာ ၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ရှိ Myanmar Polyland Academy တွင်Myanmar Down Syndrome Association (MDSA) မှ စီစဉ်ကျင်းပသော “Let’s them Dream” သင်တန်းနှင့် အသိပညာမျှဝေခြင်း အစီအစဉ်အတွက် ကမ္ဘောဇဘဏ်မှ ဂုဏ်ယူစွာ ပံ့ပိုးကူညီခဲ့ပါသည်။ ယခုကဲ့သို့ လက်တွေ့ကျသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းညွှန်မှုနှင့် လူထုအသိပညာပေး အစီအစဉ်များမှတဆင့် ဒေါင်းဆင်ဒရုန်းရှိသူ တစ်ဦးချင်းစီကို ခွန်အားဖြစ်စေရန် ရည်ရွယ် ပါသည်။

လူ့အဖွဲ့အစည်းတွင် အားလုံးပါဝင်နိုင်မှုနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းအပေါ် အလေးထားသောအားဖြင့် ကမ္ဘောဇဘဏ်သည် ဒေါင်းဆင်ဒရုန်းရှိသူများ ကိုယ်တိုင်ရပ်တည်နိုင်ရန် အသိပညာနှင့် ပေါင်းစည်းမှုကို မြှင့်တင်ရာတွင် MDSA ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ဤကဲ့သို့ အဓိပ္ပာယ်ပြည့်ဝသော ပွဲအခမ်းအနား ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီနိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်လျက် စုံလင်ကွဲပြားမှုများကို တန်ဖိုးထားကာ လူမှုအသိုင်းအဝိုင်းတွင် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်စေရန်အတွက် အလားတူ ပူးပေါင်းဆောင်ရွက်မှုမျိုးကို ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်ပါသည်။