ကမ္ဘောဇဘဏ်၏ Premium Banking Center ကို မန္တလေးမြို့တွင်ဖွင့်လှစ်

မန္တလေးမြို့နှင့် အထက်မြန်မာပြည်အခြေစိုက် ကမ္ဘောဇဘဏ်၏ Client ကြီးများအား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူအဆင်ပြေစွာ ပေးအပ်နိုင်ရန်ရည်ရွယ်၍ ကမ္ဘောဇဘဏ်၏ Premium Banking Center ကို ၂၀၂၄ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် မန္တလေးမြို့၌ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဇဘဏ်၏ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ အထူးဖိတ်ကြားထားသော ဂုဏ်သရေရှိ လူကြီးမင်းများ တက်ရောက်ချီးမြှင့်ခဲ့ကာ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံမိတ်ဆက်ခဲ့ကြပါသည်။

Premium Banking Client များအနေဖြင့်  Premium Banking Center တွင် Relationship Manager များနှင့်တွေ့ဆုံကာ အထူးသီးသန့်ဖြစ်သည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များကို မိမိတို့၏ လိုအပ်ချက်အလိုက် တိုင်ပင်ဆွေးနွေးကာ ရယူနိုင်ပြီ ဖြစ်ပါသည်။

ယခုဖွင့်လှစ်လိုက်သည့် KBZ Premium Banking Center သည် ကမ္ဘောဇဘဏ်၊ (၁၉) လမ်း၊ (၆၅) လမ်းနှင့် (၆၆) လမ်းကြား၊ ဒေါနဘွားရပ်၊  အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့တွင် တည်ရှိပြီး တတိယမြောက် ဖွင့်လှစ်လိုက်သော Center ဖြစ်ပါသည်။ ရန်ကုန်မြို့ 7 Mile Condominium နှင့် The Central Boulevard ရှိ KBZ Premium Banking Center (၂) ခုကိုလည်း ရန်ကုန်မြို့ရှိ Premium Banking Client များ အဆင်ပြေလွယ်ကူစွာ ဝန်ဆောင်မှုများရယူနိုင်ရန် ဖွင့်လှစ်ထားရှိပါသည်။

Premium Banking Center (7 Mile) : အမှတ် (၂၉)၊ ပထမထပ်၊ 7-Mile Condominium၊ ဦးကျော်လှလမ်းနှင့် သလ္လာဝတီလမ်းကြား၊ (၇)ရပ်ကွက်၊ (၇)မိုင်ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

Premium Banking Center (The Central) : ဆိုင်ခန်းအမှတ် ၃၈၊ မြေညီထပ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။


KBZ Premium Banking ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် အထူးအခွင့်အရေးများအကြောင်းကို https://premiumbanking.kbzbank.com/en/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။