KBZ Online Banking ဖြင့် KBZ Online Banking Account အချင်းချင်း (Transfer Other) ငွေလွှဲခြင်း ပြုလုပ်သူများအတွက် အထူးအစီအစဥ်၏ စည်းမျဥ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ KBZ Online Banking Transfer Other (KBZ-KBZ) Campaign သည် ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ ဖြစ်ပါသည်။

၂။ KBZ Online Banking Transfer Other (KBZ-KBZ) Campaign ၏ ရည်ရွယ်ချက်မှာ ဤ Campaign ကာလအတွင်း KBZ Online Banking မှတဆင့် KBZ Online Banking account အချင်းချင်း ငွေလွှဲလေ့ရှိသော Customer များ အတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ၃၀,၀၀၀ ကျပ် မှ ၅၀၀,၀၀၀ ကျပ် အထိ ငွေသားလက်ဆောင်များ ကံစမ်းနိုင်မည့် အခွင့်အရေးရရှိနိုင်ရန် ပြုလုပ်ပေးခြင်း  ဖြစ်ပါသည်။ 

၃။ ဤ Campaign ကာလအတွင်း KBZ Online Banking မှတစ်ဆင့် KBZ Online Banking account အချင်းချင်း အနည်းဆုံး ၁,၀၀၀,၀၀၀ ကျပ်နှင့် အများဆုံး ၅၀,၀၀၀,၀၀၀ကျပ်အတွင်း ငွေလွှဲသူသော Customer များအားလုံး ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ကံထူးခွင့်ရရှိမည် ဖြစ်ပါသည်။ ဤ Campaign ကာလအတွင်း KBZ Online Banking မှတစ်ဆင့် KBZ Online Banking account အချင်းချင်း အနည်းဆုံး ၁,၀၀၀,၀၀၀ ကျပ်မှ အများဆုံး ၅၀,၀၀၀,၀၀၀ကျပ်အတွင်း ငွေလွှဲမှုပြုလုပ်သော Customer များသည် ‘Lucky Draw’ အခွင့်အရေး ၁ ကြိမ်ရရှိနိုင်မည်ဖြစ်သည်။ 

၄။ ဤ Campaign ကာလအတွင်း KBZ Online Banking မှတဆင့် အနည်းဆုံး ၁,၀၀၀,၀၀၀ ကျပ်နှင့် အများဆုံး ၅၀,၀၀၀,၀၀၀ကျပ်အတွင်း ငွေလွှဲသူများအားလုံးပါဝင်နိုင်မည်ဖြစ်ပြီး ငွေသားဆုကြီး ၁၁ဆုကို ကံထူးနိုင်မည်ဖြစ်ပါသည်။ ဤ Campaign ကာလအတွင်း KBZ Online Banking မှတဆင့် ငွေလွှဲခြင်း အား အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။ 

ငွေသားဆုငွေ ပမာဏများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ငွေသားဆုများ (MMK)အရေအတွက်
500,000 MMK1
300,000 MMK1
100,000 MMK2
50,000 MMK2
30,000 MMK5

၅။ ဤ Campaign မှ   ငွေသားဆုငွေကံထူးရရှိသည့် ကံထူးသူများကို ကမ္ဘောဇဘဏ် ၏ Social Media Channel (အပြာရောင်အမှတ်ခြစ်ပါသော) များ နှင့် ကမ္ဘောဇဘဏ်  Website တို့မှ တဆင့် ၂၀၂၄ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်သည်။ ဆုရရှိသည့် ကံထူးသူကို ကြေညာရန် အလို့ငှာ ကံထူးသူ၏ အမည်နှင့် ဖုန်းနံပါတ် ( ဖုန်းနံပါတ် အပြည့်အစုံမဟုတ်ပါ) တို့အား ကမ္ဘောဇဘဏ် မှ အသုံးပြုနိုင်သည်ကို ကံထူးသူများမှ သိရှိပြီး သဘောတူပါသည်။ ဆုရရှိသည့် ကံထူးရှင်များအား ကြေညာပြီးသည့်နောက် သတ်မှတ်ရုံးဖွင့်ရက် (၅) ရက်အတွင်း ဆုငွေများကို ကံထူးသူများ၏ ကံထူးသည့် KBZ Online Banking Account သို့ ထည့်သွင်းပေးသွားပါမည်။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bank မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်နှင့် ကံထူးသူများကို ကြေညာပေးသည့်နေ့ရက်သည် အပြောင်းအလဲရှိနိုင်ပါသည်။ 

၆။ ဆုငွေများကို ကံထူးသူများ၏သက်ဆိုင်ရာ KBZ Online Banking Account ထဲသို့ထည့်သွင်းပေးပြီးနောက် SMS မှတဆင့်လည်း အကြောင်းကြား ပေးသွားပါမည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ်  Customerများ အနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။ ကမ္ဘောဇဘဏ်  ဝန်ထမ်းများသည် ဤ Campaign တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့် KBZ Bank Account အချက်အလက်များနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက် အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကို မဆို ကမ္ဘောဇဘဏ်  က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်  Customer များ နှင့် ကမ္ဘောဇဘဏ်  တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်  ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ ကမ္ဘောဇဘဏ်  သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့် ပတ်သက်သော အကျိုးခံစား ခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင် ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၂။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၃။ ကမ္ဘောဇဘဏ်  ငွေလွှဲဝန်ဆောင်မှု၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။ 

၁၄။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။

၁၅။ ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်  အနေဖြင့်  ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ်  မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ်  မှပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်  အနေဖြင့် ကမ္ဘောဇဘဏ်  Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေတာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာ ဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။ 

၁၇။ ဤ Campaign နှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက KBZ Bank Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။