KBZ Online Banking ဖြင့် KBZ Online Banking Account အချင်းချင်း (Transfer Other) ငွေလွှဲခြင်း ပြုလုပ်သူများအတွက် အထူးအစီအစဥ်၏ မေးလေ့မေးထရှိသော မေးခွန်းများ

အစီအစဥ်အား KBZ Online Banking ထဲရှိ Transfer Other (KBZ-KBZ) လုပ်ဆောင်ချက်ဖြင့် ၁၀ သိန်း နှင့် သိန်း ၅၀၀ ကြား ငွေလွှဲသူအားလုံး ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

အစီအစဥ်ကာလသည် ၂၅.၀၃.၂၀၂၄ မှ ၂၉.၀၃.၃၀၂၄ အထိ (၅)ရက်တိတိ ကြာမြင့်မှာဖြစ်ပါသည်။

KBZ Online Banking မှတစ်ဆင့် KBZ Online Banking account အချင်းချင်း အနည်းဆုံး ၁,၀၀၀,၀၀၀ ကျပ် နှင့် အများဆုံး ၅၀,၀၀၀,၀၀၀ကျပ်အတွင်း ငွေလွှဲသူသော Customer များအားလုံး ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ကံထူးခွင့်ရရှိမည် ဖြစ်ပါသည်။

အစီအစဥ်တွင် အောက်ပါ ‌ငွေသားဆုများ ကံထူးနိုင်မည်ဖြစ်ပါသည်။ 

ငွေသားဆုများ (MMK)အရေအတွက်
500,000 MMK1
300,000 MMK1
100,000 MMK2
50,000 MMK2
30,000 MMK5

ငွေလွှဲလုပ်ဆောင်ချက် အကြိမ်ရေ အရေအတွက် ကန့်သတ်ထားတာ မရှိပါ။

ကံထူးသူများကို KBZ Bank Social Media Channel (အပြာရောင်အမှတ်ခြစ်ပါသော) များ နှင့် KBZ Bank Website တို့မှ တဆင့် ၂၀၂၄ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်သည်။ ထို့နောက် ကံထူးသူများကို SMS မှတစ်ဆင့် အသိပေးအကြောင်းကြားသွားပါမည်။ ထို SMS တွင် ဤcampaign တွင် ပါဝင်သည့်အတွက် ဆုငွေ များ ကံထူးသွားကြောင်း အသိပေးသွားမည်ဖြစ်ပြီး Customer များထံမှ လျှို့ဝှက်နံပါတ်တောင်းခံခြင်းကို မည်သည့်အခါမှ မပြုလုပ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ လူကြီးမင်းတို့အနေဖြင့်လည်း OTP နှင့် PIN အား မည်သူ့ကိုမှ မျှဝေခြင်းမပြုရန် အသိပေးလိုပါတယ်။

ကံထူးသူများအား ကြေညာပြီးနောက် ကံထူးရှင်၏ ကံထူးသွားသော ကမ္ဘောဇဘဏ်အကောင့်ထဲသို့ သတ်မှတ်ရုံးဖွင့်ရက် (၅) ရက်အတွင်း တိုက်ရိုက် ထည့်ပေးမည် ဖြစ်ပါသည်။  ဘဏ်အကောင့်ထဲသို့ထည့်ပြီးပါက SMS ပို့ပေးပါမည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

သတိပြုရန်။ KBZ Bank သည် ယခု အစီအစဉ်​၏ တစိတ်တဒေသဖြစ်သည့် အသုံးပြုသူတို့​၏ အကောင့်အချက်အလက်များ ၊ OTP သို့မဟုတ် စကားဝှက်များ ကို အသုံးပြုသူများထံမှ မည်သည့်အခါမျှ ဖုန်းဆက်ခေါ်ယူ မေးမြန်းတောင်းယူမည် မဟုတ်ပါ။ ထိုကဲ့သို့သော သတင်းအချက် အလက်များကို တစ်စုံတစ်ယောက်မှ ဖုန်းဆက်မေးမြန်းလာပြီဆိုပါက ထိုသူတို့​၏ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း မပြုခြင်းဖြင့် လိမ်လည်မှုများကို ရှောင်ရှားပါ။