“KBZ Online Banking အသုံးပြုသူများအတွက် အထူးအစီအစဥ်” စည်းမျဥ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ
၁။ KBZ Online Banking အသုံးပြုသူများအတွက် Campaign ကာလသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့အထိ သတ်မှတ်ထားပါသည်။ ၂။ ဤ Campaign ၏ ရည်ရွယ်ချက်မှာ ကမ္ဘောဇဘဏ်မှ ရွေးချယ်ခံရသော Online Banking အသုံးပြုသူ Customer များအား ဤ Campaign ကာလအတွင်း KBZ Online Banking မှတစ်ဆင့် အောက်ပါ အပိုဒ် (၃) တွင် ဖော်ပြ သတ်မှတ်ထားသည့် transaction များ ပြုလုပ်ခြင်းဖြင့် ငါးသိန်း (၅၀၀,၀၀၀) ကျပ် ပြန်အမ်းငွေလက်ဆောင်...