ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့်အသစ် Referral Campaign ကာလ သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ထိဖြစ်ပါသည်။
Uncategorized
ငွေစာရင်းအကောင့် အသစ် Lucky Draw အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ
၁။ ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့် အသစ် Lucky Draw Campaign ကာလ သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့ထိဖြစ်ပါသည်။ ၂။ ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့် အသစ် Lucky Draw Campaign ၏ ရည်ရွယ်ချက်မှာ ကံစမ်းမဲ ကာလအတွင်း ငွေစာရင်းအကောင့် အသစ်ဖွင့်သည့် Customer များအတွက် ကံစမ်းနိုင်ရန် ရည်ရွယ်ပါသည်။ ၃။ ငွေစာရင်းအကောင့်အသစ် (ခေါ်ယူအပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း) တစ်ဦးချင်းအကောင့် ဖွင့်ပါက Lucky Draw စာရင်းဝင်ရန် အကောင့်တစ်ကောင့်လျှင် ကံစမ်းခွင့်လက်မှတ် ၁စောင်ရရှိမည်ဖြစ်ပါသည်။ ငွေစာရင်းအကောင့်အသစ်( ခေါ်ယူအပ်ငွေစာရင်း (သို့) စာရင်းရှင်အပ်ငွေစာရင်း) Business ငွေစာရင်းအကောင့်အသစ် ဖွင့်ပါက...
COVID-19 အတွက် လိုအပ်သော ကျန်းမာရေးပစ္စည်းများအတွက် ဒီဂျစ်တယ်ငွေပေးချေမှုနှင့် ငွေလွှဲဝန်ဆောင်မှုများ
Customer များအနေဖြင့် ဆိုင်များ၊ ၀န်ဆောင်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများစွာသည် အထိအတွေ့မရှိသောငွေပေးချေမှု ပြုလုပ်နိုင်ရန်အတွက် KBZ ဒီဂျစ်တယ်ငွေပေးချေမှုများဖြစ်သည့် KBZ mBanking, iBanking သို့မဟုတ် KBZPay တို့နှင့် ငွေလက်ခံလျက်ရှိပါသည်။ လူကြီးမင်းနှင့် လူကြီးမင်း၏မိသားစု ကျန်းမာရေးအတွက် KBZ သို့မဟုတ် KBZPay မှတစ်ဆင့် ဒီဂျစ်တယ်ငွေပေးချေမှုကိုလက်ခံသော ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးပစ္စည်းအရောင်းဆိုင်များအားစာရင်းပြုစုထားပါသည်။ အိမ်ထဲမှာနေပါ။ လုံခြုံစွာနေပါ။ ကုမ္ပဏီနာမည် ရရှိနိုင်သောဝန်ဆောင်မှုများ ငွေပေးချေနိုင်သော ပုံစံ ဖုန်းနံပါတ် Mast Myanmar Technology Co.,Ltd Covid Test Kit Import – Laboratory Equipment & Supplies Bank Transfer 09 450047847 09 450047848 Pun Hlaing Hospitals...
Western Union Inbound Remittance ဝန်ဆောင်မှုရရှိနိုင်သော ဘဏ်ခွဲများစာရင်း
Bank CodeBranch NameRegionAddress
61Bahosi BranchYangonAddress: 770/774, Bogyoke Aung San Rd., Lucky Condo,Lanmadaw, Yangon , Myanmar
51HPA-ANKAYINNo 88/4,88/5,Corner of Zaytan Street and Thazin Street,2Qtr,Hpaan
404KAWKAREIKKAYINNo.43, BOGYOKE STR,,6 QTR, KAWKAREIK , KAYIN STATE
137DAIK-UBAGONo.(411/B), Myotwin Rd, No.5 Thantadar Qtr, Daik-U Tsp, Bago.
47DAWEITANINTHARYINo-14,Neitvan St,Myoe Twin Qtr,Dawei Tsp, Tanintharyi
148WAWBAGONo.15, Minn Rd, Chan Mya Thar Si Qtr, Waw Tsp, Bago.
32TAUNGOOBAGONo.362, Kaytumade St, 19 Qtr, Corner of YGN-MDY Main Rd & Yeikthar Rd, Taungoo.
83MAWLAMYAING-2MONBLOCK.(75), U-PAING NO.(128/KHA),(128/GAKYI), KYAUK MEE THWAY YONE ST,ZAY KYO - KWIN QTR, MAWLAMYAING TSP
10PAKOKKUMAGWAYNO (6) Independent ST, (8) QTR, Pakokku TSP,MAGWE
385TAUNGDWINGYIMAGWAYNO(101), MAGWAY STREET, SHWE KYAR INN (2) QTR, ,TAUNG TWIN GYI
11KAWTHAUNGTANINTHARYI205/A BOGYOKE ROAD, BAYINTNAUNG QR, KAWTHAUNG TOWNSHIP ,TANINTHARYI.
175THONESAEBAGOUPAING NO.234,YANGON-PYAY ROAD,,WEST-LATPANKHONE QUARTER,THONESAE CITY
86GYOBINGAUKBAGONO(1) ,YANGON-PYAY ROAD,1-YA/PYINTAUNGTWIN ,BAGO
84NAYPYITAW 2NAYPYITAWNo(259-A),Yar Za Htar Ni ST,Ywar kauk QTR,Paung laung-2,Naypyitaw
12MYEIK-1TANINTHARYINO(13/B),PYI TAW THAR STR,SEIK NGE QR,MYEIK
107BAGO-2BAGONO.354, THANATPIN ST, SHINSAWPIN QTR, BAGO.
65PYINMANANAYPYITAWNO-74, BO TAUK HTEIN STREET, MINGALAR QTR,PYIMANA.
34NAYPYITAWNAYPYITAWBANK WARD(1),KHAING TONE STREET, OTTARATHIRI, NPT
181MYAWADDY-2KAYINNO.86, BAYINTNAUNG ROAD,,4 QUARTER, MYAWADDY, KAYIN STATE
90MUDONMONNO-67,MAW-THAN ROAD, MYO MA(1), MUDON
24MAGWEMAGWAYNo.464/465, PYITAWTHAR STREET,,YAN MYO AUNG WARD,MAGWE
52MYAWADDYKAYINNO.(48-C), BAYINTNAUNG MAIN RD,,(3) QTR, MYAWADDY, KAYIN.
131TATKONNAYPYITAWU Paing No.(98),(19/Thuriya),Aungzaya QTR,YGN-MDY Main Rd,Tatkon Naypyitaw
79HTAUK KYANTYANGONNo(51-A),Pyay Road,Natyaetwin Quarter,Htaukkyant Juntion,Mingalardon Township
362KYAUK TAWRAKHINENO-PA TA(161),U AUNGZANWAI ST,,PYITAWTHAR QTR,KYAUK TAW TSP.
17SITTWERAKHINENO.10, LAMAGYI RD,SOUTH RUPA QTR,SITTWE
57KYUN TAW LANYANGONNo.1,KBZ Building,Junction Square Complex Compound,Kamayut Township,Yangon.
178MYAUNGMYAAYEYARWADYNo-14,Conner of U Ba Cho St & 5 St, 2- ward, Myaungmya Tsp
319MUNAUNGRAKHINEUPY NO-189/2,NO-4,U OATTAMA ST,,MYOEMA QTR,MUNAUNG TSP,RAKHINE STATE
401MINBYARAKHINEU KYAW OO ST,ZAY HAUNG PAING QTR,MINBYA
33PATHEINAYEYARWADYNo(232) Maharbadula Rd,3Qtr Pathein Tsp;
223ZALUNAYEYARWADYNo(612) Ahdar St, Nyaung Pin Zay Qtr Zalun Tsp;
18HINTHADAAYEYARWADYNo(49),Natmaw St,North U Yin Ward,Hinthada TSp
138KYAUKPHYURAKHINENO(65), ZAY STREET, MIDDLE QTR,,KYAUK PHYU TOWNSHIP,RAKHINE STATE
69SOUTH OKKALAPAYANGONNo.586,Thanthumar Street,7 Quarter,Southokkalapa Township,Yangon
119MAUBINAYEYARWADYNo.38, Conner of Min Road & 5-St,5-Ward, Maubin Tsp;
82THANDWERAKHINENO.49,CORNER OF BAYINTNAUNG ST,THIT SAR 3 QTR,,THANDWE
132PYAPONAYEYARWADYNo(64/D2) Bogyoke Aung San Rd, 5 Qtr, Pyapon Tsp;
288TOUNGUPRAKHINENO-195,COR OF BOGYOKE STR AND MAHARMYAING STR,,(3/KANPAING)QTR,FLELD NO(11-KANPAING),TOUNGUP TSP
309NYAUNGDONAYEYARWADYNo(270)Lanmadaw St, 5 Qtr, Nyaungdon Tsp;
167KYAIKLATAYEYARWADYNo 106, 8*9 U Sandar Road, 4 Qtr Kyaik Lat Tsp;
295DANUBYUAYEYARWADYNo(29)Conner of Payar Rd & Khaymar Rd, 5 Qtr, Danubyu Tsp;
80BOGALEAYEYARWADYNo(28) Manawhayi St,3 Qtr, Bogale Tsp;
149MAWGYUNAYEYARWADYNo(178) , (B/2+B/3) Kannar Rd, 6 Qtr, Mawgyun Tsp;
111PATHEIN-2AYEYARWADYNo-8 Zaychaung St, 4 Qtr, Pathein Tsp;
360LABUTTAAYEYARWADYNo(118), Merchant St, 5 Qtr, Labutta Tsp;
346HAKHACHINNo(27),Zay Thit Quarter,Ma Tu Pi -Hakha Road,Hakha
165FALAMCHINNo(62),VanKau Street,12 Ba Hlaing,Bo Gyoke Street,Ba Hlaing Qtr,Falam
330TEDIMCHINHNO(B)53,Lwal Bwar Quarter,Kam House Street,Tedim
13PHARKANTKACHINNO.(NGA/13), NO.1ST MAIN RD,NGAPYAWTAW QTR, PHARKANT TSP, KACHIN.
19MYITKYINAKACHINNO(18),CORNER OF BU TAR YONE RD & KHA YAY PIN ST,MYOT MA QR, MYITKYINA TOWNSHIP.
1TAUNGGYISHANNo154, Bogyoke Aung San Road, Lanmadaw Qtr, Taunggyi
406KUTKAISHANNo.(Ka/203), Byuhar Road, (1)Qtr, Kutkai.
100TACHILEIK2SHANNo(3,4,13,20,29), Bogyoke Aung San RD, Mae Khong QTR, Tachileik
211HOPONGSHANNo-157,Bo Gyoke Road, West Qtr,Hopong Shan State (South)
345SHAN TAUNG-SIGHT KHAUNGSHANYapalat-68, Kyauktalone Road, Aungzayya Qtr, Hsig Khaung , Shan State( South)
113NAMSANGSHAN3/10,Main Road,3QTR,Namsang
6TACHILEIKSHAN1/2 ,Cherry St ,Tar Lot QTR ,Tachileik
297AYETHARYAR (2)SHANNO(4), AKWAT(15), AYETHARYAR INDUSTRIAL ZONE ROAD, (4)QTR,AYETHARYAR, SHAN STATE (SOUTH)
373TAUNGGYI BRANCH (4)SHANNO-48,EAST CIRCULAR ROAD,THIT TAW QTR,TAUNGGYI ,SHAN
321SHWE NYAUNGSHANNo (436-A), District-10/1, Main Road, Danatheitdi Qtr,Shwe Nyaung Township.
8LASHIOSHANNo(Ga/12/1),Coner of Thazin St & Bogyoke St, Lashio
371TACHILEIK (3)SHANROOM (A-6/A-7),NO.28/29,PAR SAT BUS STATION ,HAUNG LATE ,TACHILEIK
53TAUNGGYI (2)SHAN10/A, Haw Kone Ward, Myoma Market West Road, Taunggyi.
114AYETHARYARSHANNO-51/54,BLOCK-48,QTR-5,ATY
199TAUNG GYI 3SHAN2/329,YAE HTWET OO ST,PHAYAR PHYU QTR,TAUNGGYI
336MONGHPYAKSHANNO-(106),PYI HTAUNG SU STREET,ZAY TAN QTR,MONG HPYAK
88KALAWSHAN5,QTR,MIN STREET,KALAW
97LASHIO -(2)SHANQR12/MN-7/26 ,THEINNI STREET,
117NAMKHANSHANKANAMA-60(KHA),KAUNG NAUNG MO (5) QTR,PYIHTAUNGSU RD,U-PAING NO(9),NAMKHAM
106KYAUKMESHANNo-31,U Paing No-(103*104),Thirimingalar st,Zay Qtr,Kyaukme.
158THIPAWSHANNo139,Thayaphe St,Patain Myout Qtr,Thipaw Tsp.
344HEHOSHANNO.88,PYI HTAUNG SU MAIN ROAD,EAST QTR,HEHO TSP
334PINDAYASHANNO(YA/122),SHWE OO MIN PAGODA ST,SHAN QTR,PINDAYA
390TAUNGGYI (5)SHANNO(294/B),WEST CIRCULAR ST,CHAN MYA THAR [...]
မြန်မာတစ်နိုင်ငံလုံးရှိ ငွေထုတ်ယူနိုင်သော ကမ္ဘောဇဘဏ်ခွဲများ
Branch NameAddress
8 - MileNo(95-A), 8-Mile Business Center, Level -1, Unit (A), KyaikWine
Pagoda Rd, Mayangone Tsp, Ygn.
ParamiNo-39, Parami Road, (8)Qtr, Yankin Tps, Yagon.
Min DamaBuilding No(A-3), Shwe KaBar Advance Housing Project,
MinDaMa St, (3) Qtr, Mayangone Tsp, Ygn.
NAYPYITAW - 1No.1, Bank Ward, Oaktaya Thiri, Naypyitaw.
NAYPYITAW - 5No. (S-261,S-262.S-268,S-269)၊ Yaza Thingha Rode,
Thapyaykone Quarter, ZabuThiri Township, Naypyitaw.
Mandalay - 43No(4), Corner of Theikpan st and 61st, Myothit Qr(1),
Chanmyatharsi Tsp, Mandalay
Mandalay - 3NO(131/A), Corner of 78st and 34st,
Shwe Chi Htoe (East), Chanayetharsan Tsp, Mandalay.
Mandalay - 4No.23/a, (78)st, Khin Saw Mu Corner, North Chanmyatharsi Ward,
Mahar Aungmyay Tsp, Mandalay
TAUNGGYI - 1NO.154,BOGYOKE AUNG SAN ROAD, LANMADAW QTR, TAUNGGYI
TAUNGGYI - 4NO-48, EAST MYOE PAT ST, THITTAW QTR, TAUNGGYI
AUNGBANNO-47, PYI HTAUNG SU MAIN Road, 4 QTR, AUNGBAN
TACHILEIK- 2No(3,4,13,20,29), Bogyoke Aung San Road,
Mae Khaung Quarter, TARCHILAKE Township
KYAING TONG - 2NO(14), KYAING LANN(1) ST, (2) QTR, KYAING TONG TSP.
lOIKAW - 1NO.(10/1), KANDARYAWADE RD, MINN SU QTR., LOIKAW
LASHIO - 2No (7/26), Theinni Rd, 12 Qtr, Lashio
MUSE - 1HA-1/ 1, CORNER OF PYIHTAUNGSU AND KHWARNYO ST, HOMON QTR, MUSE
MYAWADDYNo.C-48, Bayintnaung Rd, 4Qtr, Myawaddy
DAIK-UNo.5, Myot Win St, ThanTaDar Qtr, Daik-U, BGO.
MAGWENo(464-465), PyiThawThar St, YanMyoAung Yet, Magway
အပ်ငွေစာရင်းအသစ်များဖြစ်သည့် ငွေစာရင်းအကောင့်အသစ်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်အသစ်-စာရင်းရှင်အပ်ငွေစာရင်းများနှင့် ပတ်သက်သည့်မေးလေ့မေးထရှိသောမေးခွန်းများ
၁။ ငွေစာရင်းအကောင့်- ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အသစ်များ နှင့်ပတ်သက်သည့် အသေး စိတ် အချက်အလက်များမှာအဘယ်နည်း။
“ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း” ဆိုသည်မှာ ငွေအပ်နှံသူသည် ငွေသားသာလျှင် (အထူးကိစ္စရပ်) အပ်နှံနိုင် ပြီး အကန့်အသတ်မရှိဘဲ ပြန်လည်ထုတ်ယူခြင်း၊ လွှဲပြောင်းခြင်းပြုလုပ်နိုင်သည့် အထူး သတ်မှတ်ထားသော ဘဏ်စာရင်းဖြစ်ပါသည်။ အတိုးနှုန်းနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်က အခါ အားလျော်စွာ သတ်မှတ်ထားသော အနည်းဆုံးထားရှိရမည့် လက်ကျန်ပမာဏသတ်မှတ်ချက်ကို လိုက်နာ လျက် နေ့စဉ်လက်ကျန်ပေါ်တွင် တွက်ချက်ပေးသွားမည် ဖြစ်ပါသည်။ “ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း” ဆိုသည်မှာ ငွေအပ်နှံသူသည် ငွေသားသာလျှင် (အထူးကိစ္စရပ်) အပ်နှံ နိုင်ပြီး အကန့်အသတ်မရှိဘဲ ပြန်လည်ထုတ်ယူခြင်း၊ လွှဲပြောင်းခြင်းပြုလုပ်နိုင်သည့် အထူး သတ်မှတ်ထားသောဘဏ်စာရင်းဖြစ်ပါသည်။ ထိုသို့သောငွေ စာရင်းမျိုးအတွက် မည်သည့် အတိုးကိုမျှ ပေးမည်မဟုတ်ပါ။ သို့ရာတွင် ထိုသို့သောငွေစာရင်းမျိုးအတွက် cheque book ဝန်ဆောင်မှုရမည် ဖြစ်ပါ သည်။
၂။ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အကောင့် များအား မည်သူတို့ ဖွင့် လှစ်နိုင်ပါသနည်း။
ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အသစ်များကို ဖွင့်လှစ် နိုင်သူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
• စီးပွားရေးလုပ်ငန်းများ (DICA နှင့် NON-DICA နှစ်မျိုးလုံး)
• အဖွဲ့အစည်းများ (NGO, INGO, တက္ကသိုလ်များ, စသည်)
• တစ်ဦးချင်း – မြန်မာနိုင်ငံသားများနှင့် နိုင်ငံအတွင်းအခြေစိုက်နေထိုင်သည့် နိုင်ငံခြားသားများ (ဗီဇာသက်တမ်းရှိရမည်) နှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ
၃။ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း ကို အဘယ့်ကြောင့် ဖွင့် လှစ်သင့်သနည်း။ အထူးအကျိုးအမြတ် မည်သို့ခံစားရမည်နည်း။
ဗဟိုဘဏ်ညွှန်ကြားချက်အရ ငွေသားပမာဏအမြောက်အများကို စီမံခန့်ခွဲလည်ပတ်ဆောင်ရွက်နေရသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့အတွက် ဦးတည်ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး Customer များ အနေဖြင့် OTC ငွေသားထုတ်ယူမှုကန့်သတ်ချက်မရှိဘဲ အလွယ်တကူ ငွေသားထုတ် ယူနိုင်မည့် အာမခံချက်ပေးရန်ဖြစ်ပါသည်။ အဆိုပါ ငွေစာရင်းအကောင့် အပ်ငွေစာရင်းအသစ်များတွင် ရရှိနိုင်မည့် အခမဲ့ဝန်ဆောင်မှုများကိုလည်း ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် (Product Information Note) တွင် ကြည့်ရှုနိုင်ပါ သည်။
၄။ လက်ရှိ ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှပ်အပ်ငွေစာရင်းအကောင့် များတွင် အထူးအကျိုးခံစားခွင့်များ ရရှိနိုင်ပါသလား။
မရရှိနိုင်ပါ။ ဗဟိုဘဏ်၏ညွှန်ကြားချက်အရ OTC ကန့်သတ်ချက်မရှိဘဲ ငွေသားထုတ်ယူခြင်းသည် ငွေစာရင်းအကောင့် အတွင်းသို့ ထည့်သွင်းထားသည့် ငွေသား အတွက်သာလျှင်ဖြစ်ပါသည်။ လက်ရှိ ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင်အပ်ငွေစာရင်း account များ၏ လက်ကျန်ငွေများမှာ စာရင်းပြောင်းနည်းဖြင့် ထည့်သွင်းထား ခြင်းများဖြစ်နိုင်သောကြောင့် လက်ရှိ ခေါ်ယူအပ်ငွေစာရင်း နှင့် စာရင်းရှင့်အပ်ငွေစာရင်း account များတွင် အထူးအကျိုးခံစားခွင့်များ မရရှိနိုင်ပါ။
၅။ ငွေစာရင်းအကောင့်- ငွေစုဘဏ်အပ်ငွေစာရင်း အဘယ်ကြောင့်မထားရှိပါသနည်း။
ဗဟိုဘဏ်ညွှန်ကြားချက်အရ ငွေသားပမာဏအမြောက်အများကို စီမံခန့်ခွဲ လည်ပတ်ဆောင်ရွက်နေရသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ တို့အတွက် ဦးတည်ဆောင်ရွက်ပေး ခြင်းဖြစ်ပြီး Customer များ အနေဖြင့် OTC ငွေသားထုတ်ယူမှုကန့်သတ်ချက်မရှိဘဲ အလွယ်တကူ ငွေသားထုတ်ယူနိုင်မည့် အာမခံချက်ပေးရန် ဖြစ်ပါသည်။
Customerများအနေဖြင့် ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့် -စာရင်းရှင်အပ်ငွေစာရင်းများ ငွေသား ပိုမိုအပ်နှံလာသောကြောင့် Retail Customer များအပါအဝင် Customer များအားလုံးအတွက် အကျိုး အမြတ်ဖြစ်ထွန်းစေမည်ဖြစ်ပြီး တစ်ချိန်တည်းတွင်ပင် OTC ငွေသားထုတ်ယူမှုဆိုင်ရာ ကန့်သတ်ချက် များကို ပယ်ဖျက်ပေးရာတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။
၆။ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းအသစ် မည်မျှဖွင့်လှစ်နိုင် မည်နည်း။
ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း များကို အရေအတွက်ကန့်သတ်ချက် မရှိ ဖွင့်လှစ်နိုင်ပါသည်။ အနည်းဆုံးလက်ကျန်လိုအပ်ချက်ကိုမူ လိုက်နာရမည်ဖြစ်ပါသည်။ Customer များ အနေဖြင့် ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းတို့ကို အချင်းချင်းချိတ်ဆက် အသုံးပြုနိုင်ပါသဖြင့် အဆိုပါအပ်ငွေစာရင်းအသစ်နှစ်မျိုးစလုံးအား ဖွင့်လှစ်ရန်အကြံပြုအပ်ပါသည်။
၇။ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း/ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အပ်ငွေစာရင်းအသစ်များကို မည်သည့်ဘဏ်ခွဲတွင် ဖွင့်လှစ်နိုင်ပါသနည်း။
ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း /ငွေစာရင်းအကောင့် -စာရင်းရှင်အပ်ငွေစာရင်း အသစ်များကို နိုင်ငံတစ်ဝန်း ရှိ ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် ဖွင့်လှစ်နိုင်ပါသည်။
၈။ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အသစ်များသို့ မည်သည့်ဘဏ်ခွဲများတွင် ငွေသားအပ်နှံနိုင်မည်နည်း။
နိုင်ငံတစ်ဝန်းရှိ မည်သည့်ကမ္ဘောဇဘဏ်ခွဲတွင်မဆို ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အတွင်းသို့ ငွေသားအပ်နှံနိုင်ပါသည်။
၉။ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း မှ မည်သည့်ဘဏ်ခွဲများတွင် ငွေသား ထုတ်ယူနိုင်မည်နည်း။
သတ်မှတ်ထားသော ဘဏ်ခွဲများတွင် ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းအသစ်များမှ ငွေသားထုတ်ယူခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ငွေသားထုတ်ယူနိုင် သည့် ဘဏ်ခွဲများအရေအတွက်ကိုလည်း တိုးမြှင့်ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ငွေသားထုတ်ယူရာတွင် ပိုမိုအဆင်ပြေစေရန် ဘဏ်မှပေးအပ်ခဲ့သော ဖုန်းနံပါတ်ကိုဖြစ်စေ သို့မဟုတ် Relationship Manager မှ တဆင့်ဖြစ်စေ ဆက်သွယ်ရမည် ဖြစ်ပါသည်။
၁၀။ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း မှ ငွေထုတ်ယူမှု ပမာဏနှင့်အရေ အ တွက် ကန့်သတ်ချက်ရှိပါသလား။
မရှိပါ။ Account မှထုတ်ယူနိုင်သည့် ပမာဏတွင်ကန့်သတ်ချက်မရှိပါ။ အပ်ငွေစာရင်း အမျိုးအစားအ လိုက် သတ်မှတ်ထားသော အနည်းဆုံးလက်ကျန်ငွေ ထားရှိရန်ဟူသည့် စည်းကမ်းချက်ကို လိုက်နာလျက် အပ်နှံထားသည့်ငွေကိုထုတ်ယူနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ငွေသားထုတ်ယူရာတွင် ပိုမိုအဆင်ပြေစေရန် ဘဏ်မှပေးအပ်ခဲ့သော ဖုန်းနံပါတ်ကိုဖြစ်စေ သို့မဟုတ် Relationship Manager မှ တဆင့်ဖြစ်စေ ဆက်သွယ်ရမည် ဖြစ်ပါသည်။
၁၁။ ဘဏ်ခွဲတွင်ဖြစ်စေ၊ i/mBanking ဖြင့် ဖြစ်စေ လက်ရှိပုံမှန် Account များမှ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း (သို့မဟုတ်) ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း သို့ ငွေလွှဲနိုင်ပါသလား။ <br>
မလွှဲနိုင်ပါ။
၁၂။ ဘဏ်ခွဲတွင်ဖြစ်စေ၊ i/mBanking ဖြင့် ဖြစ်စေ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း မှ လက်ရှိ Account များ အတွင်းသို့ ငွေလွှဲနိုင်ပါသလား။ မည်သို့လွှဲနိုင်မည်နည်း။ <strong>(New Cash Account to Normal Account Transfer)</strong>
လွှဲနိုင်ပါသည်။ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းမှ လက်ရှိ Account များ အတွင်းသို့ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်ဖြစ်စေ၊ i/mBanking မှတဆင့်ဖြစ်စေ ငွေလွှဲနိုင်ပါ သည်။
၁၃။ ဘဏ်ခွဲတွင်ဖြစ်စေ၊ i/mBanking ဖြင့် ဖြစ်စေ ငွေစာရင်းအကောင့် အချင်းချင်း ငွေလွှဲနိုင်ပါသလား။ <strong>(New Cash Accounts to New Cash Accounts Transfer)</strong>
လွှဲနိုင်ပါသည်။ ငွေစာရင်းအကောင့် အချင်းချင်း မည်သည့်ဘဏ်ခွဲတွင်ဖြစ်စေ၊ i/m Banking မှတဆင့် ဖြစ်စေ ငွေလွှဲနိုင်ပါသည်။
၁၄။ Customer၏ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့် -စာရင်းရှင်အပ်ငွေစာရင်း အချင်းချင်းချိတ်ဆက် အသုံးပြုနိုင်ပါသလား။
ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
၁၅။ Customer ၏ ငွေစာရင်းအကောင့် များနှင့် ပုံမှန်အပ်ငွေစာရင်းများ အချင်းချင်းချိတ်ဆက် အသုံးပြုနိုင် ပါသလား။
ချိတ်ဆက်အသုံးမပြုနိုင်ပါ။
၁၆။ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း အတွက် အတိုးနှုန်းမှာ မည်မျှဖြစ်ပါသနည်း။
ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း အတွက် အတိုးနှုန်းကို (၁.၇.၂၀၂၁) မှစ၍ တစ်နှစ်လျှင် ၆ % သို့ တိုးမြှင့်သတ်မှတ်ထားပါသည်။
၁၇။ လက်ရှိ ပုံမှန် ခေါ်ယူအပ်ငွေစာရင်း အတွက် အတိုးနှုန်းအပြောင်းအလဲရှိပါသလား။
မရှိပါ။ လက်ရှိ ပုံမှန် ခေါ်ယူအပ်ငွေစာရင်း အတွက် အတိုးနှုန်းမှာ တစ်နှစ်လျှင် ၂ % ဖြစ်ပါသည်။
၁၈။ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းများအား မည်သည့် ဘဏ်ခွဲတွင်မဆို စာရင်းပိတ်သိမ်းနိုင်ပါသလား။
စာရင်းပိတ်သိမ်းရန်အတွက် ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်းများ ဖွင့်လှစ်ထားသည့် မူလဘဏ်ခွဲသို့ သွားရောက်ရမည်ဖြစ်ပါသည်။
၁၉။ ငွေစာရင်းအကောင့် အပ်ငွေစာရင်းများနှင့် KBZPay အား ချိတ်ဆက်အသုံးပြုနိုင်ပါသလား။
ချိတ်ဆက်အသုံးမပြုနိုင်ပါ။
၂၀။ ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်ရန်အတွက် ကနဦး အပ်နှံငွေနှင့် အနည်းဆုံးလက်ကျန်ငွေ ပမာဏမှာ မည်မျှဖြစ်ပါသနည်း။
ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေ စာရင်းဖွင့်လှစ်ရန်အတွက် ကနဦးအပ်နှံငွေနှင့် အနည်းဆုံးလက်ကျန်ငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Account TypeInitial DepositMinimum BalanceEffective Date
Cash Account-Current (individual/joint)MMK 10,000 MMK 10,000 15th June 2021
Cash Account-Current (Corporate)MMK 1,000,000MMK 1,000,00010th May 2021
Cash Account-Call (individual/joint)MMK 100,000MMK 100,00015th June 2021
Cash Account-Call (Corporate)MMK 1,000,000MMK 1,000,00010th May 2021
၂၁။ ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အတွက် Debit Card [...]
KBZ ဘဏ် ငွေစာရင်းအကောင့် အသစ်- ခေါ်ယူအပ်ငွေစာရင်း အထွေထွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) ၏ ငွေစာရင်းအကောင့်- ခေါ်ယူအပ်ငွေစာရင်းအတွက် စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ အဓိပ္ပာယ်သတ်မှတ်ချက်များ ‘ဘဏ်’ ဆိုသည်မှာ ကမ္ဘောဇဘဏ်လီမိတက် (ဘဏ်) ကို ဆိုလိုသည်။ ‘ငွေအပ်နှံသူ’ ဆိုသည်မှာ ဘဏ်တွင် ငွေစာရင်းအကောင့် အသစ် – ခေါ်ယူအပ်ငွေစာရင်း သည့် KBZ ဘဏ် ငွေအပ်နှံသူ တစ်ဦးကို ဆိုလိုသည်။ ‘ငွေစာရင်းအကောင့်- ခေါ်ယူအပ်ငွေစာရင်း’ ဆိုသည်မှာ သီးသန့်ငွေစာရင်းအမျိုးအစားဖြစ်ပြီး ငွေအပ်နှံသူက ငွေသားကိုသာ အပ်နှံထည့်သွင်းနိုင်ပြီး ထိုငွေစာရင်းမှ ငွေထုတ်ခြင်း (သို့မဟုတ်) စာရင်းပြောင်းလဲခြင်းတို့ကို ကန့်သတ်မှုမရှိဘဲ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် တည်နေရာအခြေအနေ၊ ငွေပမာဏ နှင့် ငွေထုတ်ယူရန် အကြောင်းကြားသည့် အချိန်ကာလတို့ အပေါ်တွင် မူတည်၍ အပ်နှံငွေသား ထုတ်ယူခြင်းတွင်...
KBZ ဘဏ် ငွေစာရင်းအကောင့်အသစ်-စာရင်းရှင်အပ်ငွေစာရင်းများ အထွေထွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) ၏ ငွေစာရင်းအကောင့်အသစ်-စာရင်းရှင်အပ်ငွေစာရင်း များအတွက် စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ အဓိပ္ပာယ်သတ်မှတ်ချက်များ ‘ဘဏ်’ ဆိုသည်မှာ ကမ္ဘောဇဘဏ်လီမိတက် (ဘဏ်)ကို ဆိုလိုသည်။ ‘ငွေအပ်နှံသူ’ ဆိုသည်မှာ ဘဏ်တွင် ငွေစာရင်းအကောင့်အသစ်-စာရင်းရှင်အပ်ငွေစာရင်း ရှိသည့် KBZ ဘဏ်ငွေအပ်နှံသူ တစ်ဦးကို ဆိုလိုသည်။ ‘ချက်’ ဆိုသည်မှာ ဘဏ်မှ ငွေထုတ်ပေးရန် ငွေအပ်နှံသူ၏ အမိန့်လွှာကိုဆိုလိုသည်။ ‘ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း’ ဆိုသည်မှာ သီးသန့်ငွေစာရင်းအမျိုးအစားဖြစ်ပြီး ငွေအပ်နှံသူက ငွေသားကိုသာ အပ်နှံထည့်သွင်းနိုင်ပြီး ထိုငွေစာရင်းမှ ငွေထုတ်ခြင်း (သို့မဟုတ်) စာရင်းပြောင်းလဲ ခြင်းတို့ကို ကန့်သတ်မှုမရှိဘဲ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် တည်နေရာအခြေအနေ၊ ငွေပမာဏနှင့် ငွေထုတ်ယူရန် အကြောင်းကြားသည့် အချိန်ကာလတို့အပေါ်တွင် မူတည်၍ အပ်နှံငွေသားကို ထုတ် ယူခြင်းတွင်...