၁။ “KBZ ကတ်များဖြင့် Blazon ဆိုင်ခွဲများမှာ ဈေးဝယ်ပြီး ငွေကျပ် ၁၀ သိန်းအထိ ကံစမ်းလိုက်ပါ။” အစီအစဥ်ကာလကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ (၁) ရက်နေ့ မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ (၃၁) ရက်နေ့ အထိ (၂)လတိုင်တိုင် ကျင်းပသွားမည်ဖြစ်ပါသည်။
၂။ ဤအစီအစဥ်တွင် ပါဝင်ရန် အသုံးပြုနိုင်သော KBZ Bank Debit Cards နှင့် Credit Cards များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
| Debit Cards | Credit Cards |
| 1. MPU-UnionPay Asia Prestige Diamond Debit Card | 1. Visa Credit Cards (Classic, Platinum) |
| 2. MPU Debit Card | 2. MPU-UnionPay Credit Cards (Classic, Platinum) |
| 3. MPU Teen Debit Card | 3. MPU Credit Cards (Classic, Gold, Platinum) |
| 4. MPU Business Debit Card |
၃။ ဤအစီအစဥ်ကာလအတွင်း အထက်ဖော်ပြပါ KBZ Bank Debit ကတ် နှင့် Credit ကတ် ကိုင်ဆောင်သူများသည် Blazon Group လက်အောက်ရှိ ရွေးချယ်ထားသည့် Outlet ဆိုင်များတွင် သတ်မှတ်ထားသော ငွေပမာဏအား KBZ POS အသုံးပြု၍ ငွေပေးချေမှုပြုလုပ်ခြင်းဖြင့် ဤ Campaign တွင် ပါဝင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။
၄။ ဤ Campaign တွင် ပါဝင်သည့် Blazon Group လက်အောက်ရှိ ရွေးချယ်ထားသည့် Outlet
ဆိုင်များနှင့် လိပ်စာများကို ဤ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၅။ ဤအစီအစဥ်ကာလအတွင်း KBZ Bank Debit ကတ် နှင့် Credit ကတ် ကိုင်ဆောင်သူများသည် အထက်ဖော်ပြပါ Link တွင်ပါရှိသည့် Blazon Group ၏ Outlet ဆိုင်များတွင် ဘောင်ချာတစ်စောင်လျှင် အနည်းဆုံးငွေကျပ် နှစ်သိန်း (၂၀၀,၀၀၀) ကျပ် နှင့်အထက် KBZ POS စက်များတွင် ငွေပေးချေမှု ပြုလုပ်ပြီး Lucky Draw အနေဖြင့် ငွေသားဆုများနှင့် Gift Voucher များအား ကံထူးခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။
၆။ ဤအစီအစဥ်တွင် ပါဝင်သော Lucky Draw ငွေသားဆုများနှင့် Gift Voucher များမှာ
အောက်ပါအတိုင်း ဖြစ်ပါသည်။
- ပထမဆု – ဆယ်သိန်း (၁,၀၀၀,၀၀၀) ကျပ် (၁)ဆု
- ဒုတိယဆု – ငါးသိန်း (၅၀၀,၀၀၀) ကျပ် (၁)ဆု
- တတိယဆု – သုံးသိန်း (၃၀၀,၀၀၀) ကျပ် (၁)ဆု
- နှစ်သိမ့်ဆု – တစ်သိန်း (၁၀၀,၀၀၀) ကျပ် (၅)ဆု စသည့်ငွေသားဆုများနှင့်
– ငါးသောင်း (၅၀,၀၀၀) ကျပ် တန်ဖိုးရှိ Gift Voucher (၁၀)ဆု တို့ဖြစ်ပါသည်။
၇။ ငွေသားဆုများကို ကံထူးသည့် ကံထူးရှင်သည် KBZ Bank Debit Card ကိုင်ဆောင်သူဖြစ်ပါက KBZ Bank Debit Card နှင့်ချိတ်ဆက်ထားသော သက်ဆိုင်ရာ ဘဏ်အကောင့်ထဲသို့လည်းကောင်း ၊ KBZ Bank Credit Card ကိုင်ဆောင်သူဖြစ်ပါက KBZ Bank Credit Card အကောင့်ထဲသို့ လည်းကောင်း ငွေသားဆုများကို အစီအစဥ်ကာလ ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇) ရက်အတွင်းတွင် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ကံထူးရှင်များ၏ ငွေသားဆုများအား ထည့်သွင်းပြီးပါက ကံထူးရှင်များ ထံသို့ KBZမှ SMS ပေးပို့အကြောင်းကြားသွားမည် ဖြစ်ပါ သည်။ ကံထူးသူများ၏ Credit Card သည် Active ဖြစ်နေပြီး Non-Delinquent User ဖြစ်နေမှသာလျှင် Lucky Draw ဆုများကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။
၈။ ငါးသောင်း (၅၀,၀၀၀) ကျပ် တန်ဖိုးရှိ Gift Voucher အား ကံထူးသွားသော ကံထူးရှင်များသည် တိုက်အမှတ် (MS-4)၊ ဒုတိယထပ်၊ ကန်တော်ကြီးရိပ်မွန်၊ အထက်မန္တလေးလမ်း၊ မဂ်လာတောင်ညွန့် မြို့နယ်တွင် ဆုကြေညာပြီးသည့်ရက်မှစ၍ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့အထိ (အစိုးရရုံးပိတ်ရက်များမပါဝင်ပါ) နောက်ဆုံးထား၍ Gift Voucher များကို ရုံးချိန်အတွင်း လာရောက် ထုတ်ယူရပါမည်။ Gift Voucher ကံထူးရှင်များသည် သတ်မှတ်ထားသောရက်ထက် ကျော်လွန်ပြီးသည့်နောက်ပိုင်းတွင် Gift Voucher များ ကို လာရောက်ထုတ်ယူခွင့်ရှိမည်မဟုတ်ပါ။ သတ်မှတ်ကာလအတွင်း လာရောက် ထုတ်ယူခြင်းမရှိသော Gift Voucher များကို KBZ Bank ဘက်မှတာဝန်ယူမည် မဟုတ်ပါ။
၉။ Gift Voucher အား ကံထူးသူကတ်ပိုင်ရှင် ကိုယ်တိုင် မှတ်ပုံတင် မူရင်းဖြင့် လာရောက်ထုတ်ယူရ မည်ဖြစ်ပြီး ကိုယ်စားထုတ်ယူခွင့်မပြုပါ။ Gift Voucher များကို ရရှိသူသည် မိမိရရှိသည့် Gift Voucher အား ထုတ်ယူစဉ်တွင် သေချာစစ်ဆေး ပြီးမှသာ လက်ခံရယူရမည်မှာ Gift Voucher ရရှိသူ၏ တာဝန်ဖြစ်ပါသည်။ Gift Voucher ရရှိသူမှ ထုတ်ယူပြီးသော Gift Voucher များနှင့် ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ Bank မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
၁၀။ Gift Voucher ကံထူးရှင်များသည် Gift Voucher အားပြန်လည် အသုံးပြုရာတွင် Blazon Group မှ သတ်မှတ်ထားသော Gift Voucher ၏ နောက်ကျောဘက်တွင်ပါရှိသည့် စည်းမျဥ်းစည်းကမ်းများ အတိုင်း ပြန်လည်အသုံးပြုရမည်ဖြစ်ပါသည်။ Gift Voucher တစ်ခု၏သက်တမ်းမှာ ဇန်နဝါရီလ (၁)ရက် ၂၀၂၆ ခုနှစ် မှ ဖေဖော်ဝါရီလ (၂၈) ရက် ၂၀၂၆ ခုနှစ် အထိဖြစ်ပါသည်။ သက်တမ်း ကျော်လွန် သွားသည့် Gift Voucher များအတွက် KBZ Bank မှ တာဝန်ယူဖြေရှင်းပေးသွားမည်မဟုတ်ပါ။
၁၁။ ဤအစီအစဉ်မှ ကံထူးရရှိသော Gift Voucher များအား ငွေကြေးဖြင့်လဲလှယ်ပေးမည်မဟုတ်ဘဲ ကံထူးသူဘက်မှလည်း ထိုကဲ့သို့လဲလှယ်ပေးရန် တောင်းဆိုပိုင်ခွင့် မရှိပါ။
၁၂။ Lucky Draw ကံထူးရှင်များကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော) နှင့် Official Website များတွင် အစီအစဥ် ကာလပြီးဆုံးပြီး ရုံးဖွင့်ရက် (၇)ရက်အတွင်း ကြေညာ ပေးမည် ဖြစ်ပါသည်။ ၄င်းကံထူးရှင်များကို Social Media များနှင့် Website များတွင် ကြေညာ ရန်အလို့ငှာ မိမိ၏အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို သိရှိပြီး သဘောတူပါသည်။
၁၃။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင် ကံထူးရှင်များကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော)နှင့် Official Website များတွင် ကြေညာမည့်အချိန်နှင့် ငွေသားဆုငွေများအား သက်ဆိုင်ရာ ဘဏ်အကောင့်ထဲသို့ ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။
၁၄။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။
၁၅။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZ Bank Debit Cards နှင့် KBZ Bank Credit Cards ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံး သွားမည် ဖြစ်ပါသည်။ Gift Voucher များကိုကံထူးသည့် KBZ Bank Debit Cards နှင့် KBZ Bank Credit Cards ကိုင်ဆောင်သူများ အနေဖြင့် အပိုဒ် (၁၀) ပါ သတ်မှတ်ချက်နှင့်အညီ Gift Voucher သက်တမ်းကျန်ရှိသည်အတိုင်း အသုံးပြုခွင့်ရမည်ဖြစ်ပါသည်။
၁၆။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့် ရှိသည်။
၁၇။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZ Bank ကတ်ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank ကတ်ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
၁၈။ KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) အစီအစဥ်အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၉။ KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank ကတ်ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၂၀။ KBZ Bank နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Blazon Group ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။
၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၂။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
၂၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့်ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင်အတည်ယူမည် ဖြစ်သည်။