“KBZ Christmas & NEW YEAR Campaign” အစီအစဥ်၏ စည်းမျဥ်းနှင့်စည်းကမ်း သတ်မှတ်ချက်များ

(၁)       ကမ္ဘောဇဘဏ်သည် “Christmas & New Year Campaign အစီအစဥ်ကာလကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့ မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့ အထိသတ်မှတ်ထားပါသည်။

(၂)        ဤအစီအစဥ်ကာလအတွင်း Credit Card (MPU ,UPI, VISA ) စတင်ဖွင့်လှစ် အသုံးပြုလိုသည့် Customer များသည် ကဒ်တန်ဖိုး အခမဲ့ဖြင့် ဖွင့်လှစ်အသုံးပြုခွင့် ရရှိမည် ဖြစ်သည်။

(၃)       ဤ အစီအစဥ်ကာလအတွင်း Customer များသည် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊နေပြည်တော် နှင့် မော်လမြိုင်မြို့ရှိ သတ်မှတ်ထားသည့် ကမ္ဘောဇဘဏ်ခွဲ (၁၀) ဘဏ်တွင် အသစ်ဖွင့်လှစ်သော ဘဏ်အပ်ငွေစာရင်း မည်သည့် အမျိုးအစားကိုမဆို ငွေအပ်နှံပါက သတ်မှတ် အပ်ငွေပမာဏအလိုက်ဖြစ်စေ၊ KBZ Credit Card (MPU ,UPI, VISA) အသစ်လျှောက်ထားလျှင် ဖြစ်စေ ကမ္ဘောဇဘဏ်မှပေးသော အမှတ်တရ အထူးလက်ဆောင်များကိုလည်း ထပ်ဆောင်းရရှိမည် ဖြစ်သည်။ အစီအစဥ် ကာလအတွက် ကမ္ဘောဇဘဏ်မှ ပေးအပ်မည့် အမှတ်တရ အထူးလက်ဆောင်များသည်  အရေအတွက်ကန့်သတ်ချက်ရှိသောကြောင့် ကန့်သတ်ချက် ကျော်လွန်ပြီးနောက်  Customer အနေဖြင့်  အထူးလက်ဆောင်အား ရရှိနိုင်မည်မဟုတ်ပါ။

(၄)       ဤအစီအစဥ်အတွက်သတ်မှတ်ရွေးချယ်ထားသော ဘဏ်ခွဲများမှာအောက်ပါအတိုင်းဖြစ်သည်။

စော်ဘွားကြီးကုန်း (၁) ဘဏ်ခွဲမြေက်ဥက္ကလာပ ဘဏ်ခွဲစမ်းချောင်း (ဗားကရာ ဘဏ်ခွဲ)မန္တလေး(၆) ပြည်ကြီးတံခွန်ဘဏ်ခွဲမန္တလေး (၂၉) လေးမျက်နှာ ဘဏ်ခွဲ
မန္တလေး(၃၆) IBD ဘဏ်ခွဲမော်လမြိုင် (၄) ဘဏ်ခွဲနေပြည်တော် (၅) ဘဏ်ခွဲတောင်ကြီး (၃) ဘဏ်ခွဲတောင်ကြီး (၄) ဘဏ်ခွဲ

အထက်ပါဇယားရှိ သတ်မှတ်ရွေးချယ်ထားသော ဘဏ်ခွဲ (၁၀) ဘဏ်တွင် ပထမဦးဆုံး  လာရောက်၍ အသစ်ဖွင့်လှစ်သော ဘဏ်အပ်ငွေစာရင်း မည်သည့် အမျိုးအစားကိုမဆို ငွေအပ်နှံသည့်၊ Customer (၁၀၀၀) ဦးကို  ဘဏ်ခွဲတစ်ခုလျှင် Customer (၁၀၀) ဦးနှုန်းအားဖြင့်  လက်ဆောင်ပစ္စည်းများကို သတ်မှတ်ထားသည့်အပ်နှံငွေပမာဏအလိုက်  အမှတ်တရအထူးလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါသည်။ လက်ဆောင်ပေးရန် သတ်မှတ်ထားသည့် အပ်နှံငွေပမာဏများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

သတ်မှတ်အပ်နှံငွေပမာဏမေတ္တာလက်ဆောင်များ
ကျပ်သိန်း (၁၀၀) အောက်Notebook+ Recycle bag +Pen
ကျပ်သိန်း (၁၀၀) မှ (၅၀၀) အထိUmbrella+ Recycle bag
ကျပ်သိန်း (၅၀၀) မှ (၁,၀၀၀) အထိJacket + Recycle bag
ကျပ်သိန်း (၁,၀၀၀) နှင့် အထက်Gold Pack (or) Silver Pack + Recycle bag

ဤအစီအစဥ်ကာလအတွင်း သတ်မှတ်ရွေးချယ်ထားသော ဘဏ်ခွဲ (၁၀) ဘဏ်တွင် ပထမဦးဆုံး ကနဦး လာရောက်၍ Credit Card (MPU ,UPI, VISA ) စတင်ဖွင့်လှစ် အသုံးပြုသည့် Customer (၃၀၀) ဦးကို  ဘဏ်ခွဲတစ်ခုလျှင် Customer (၃၀) ဦးနှုန်းဖြင့်   အောက်ပါဇယားရှိ အမှတ်တရအထူးလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါသည်။

Credit Card အမျိုးအစားမေတ္တာလက်ဆောင်များ
Classic CardNotebook+ Tote bag +Pen
Platinum & Gold CardNotebook+ Mini Jute bag +Pen

(၅)       ဤအစီအစဉ်အရ Customer အနေဖြင့် ရရှိထားသော လက်ဆောင်များကို ကမ္ဘောဇဘဏ် မှ မည်သည့်အခါတွင်မျှ ငွေကြေးဖြင့်လဲလှယ်ပေးမည်မဟုတ်ဘဲ Customerမှလည်း ထိုကဲ့သို့လဲလှယ်ပေးရန် တောင်းဆိုပိုင်ခွင့် မရှိပါ။

(၆)       Customer များအနေဖြင့် မိမိရရှိသော လက်ဆောင်များကို မိမိငွေစာရင်းအသစ်ဖွင့်လှစ်ထားသောအပိုဒ် (၄၃)    တွင်ဖော်ပြထားသည့် ဘဏ်ခွဲတွင်သာ ထုတ်ယူရမည်ဖြစ်ပါသည်။

(၇)       လက်ဆောင်ပစ္စည်းများကိုမထုတ်ယူမှီ အမျိုးအစားနှင့် အရေအတွက်အား သေချာစွာ စစ်ဆေးရန်မှာ      Customer ၏ တာဝန်သာဖြစ်ပါသည်။ ကမ္ဘောဇဘဏ်မှ မည်သည့်အခါတွင်မျှ လက်ဆောင်ပစ္စည်းများကို ပြန်လည်၍ လဲလှယ်ပေးမည်မဟုတ်ပါ။

(၈)       ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသည့် မေတ္တာလက်ဆောင်ပစ္စည်းအရေအတွက်ထက် ကျော်လွန်ပြီး နောက် ငွေစာရင်းအသစ်ဖွင့်လှစ်သည့် Customer များနှင့် Credit Card အသစ်ဖွင့်သည့် Customer များအနေဖြင့် အဆိုပါ မေတ္တာလက်ဆောင်များ ရရှိနိုင်တော့မည်မဟုတ်ကြောင်း သိရှိနားလည်ပါသည်။

(၉)       ယခုအစီအစဉ်အတွင်းသာလျှင် သတ်မှတ်ချက်နှင့်ကိုက်ညီသော Customer များအနေဖြင့် မေတ္တာလက်ဆောင်များအား ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်သည်။

(၁၀)     ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ယခု အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊ OTP (သို့မဟုတ်) PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

(၁၁)     ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ်က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

(၁၂)      ဤအစီအစဥ်ကာလနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

(၁၃)     ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့်စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) အစီအစဉ်အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေ အနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

(၁၄)     ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် ကမ္ဘောဇဘဏ် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

(၁၅)     ကမ္ဘောဇဘဏ် နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် ဆုလက်ဆောင်များ အသီးသီးတွင် သတ်မှတ်ပါရှိသော စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

(၁၆)     ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

(၁၇)     ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

(၁၈)     ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပါယ်  သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။