“နှစ်သစ်မှာ ဆုငွေ ကံစမ်းမယ် KBZ Credit Card တွေနဲ့ကွယ်” Campaign ကာလသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ အထိ (၂) လတိုင်တိုင် ကျင်းပသွားမည် ဖြစ်ပါသည်။
၂။ ဤ Campaign တွင်ပါဝင်ရန် KBZ Bank Credit Card (VISA, UnionPay & MPU) များဖြင့် KBZ POS စက်တွင် ငွေပေးချေသည့် ကတ်ကိုင်ဆောင်သူဖြစ်ရန်လိုအပ်ပါသည်။
၃။ ဤ Campaign ကာလအတွင်း KBZ Bank Credit Card (VISA, UnionPay & MPU) ကိုင်ဆောင်သူများ အနေဖြင့် KBZ POS စက်များတွင် ပြေစာတစ်စောင်လျှင် ငွေပမာဏ တစ်သိန်းခွဲ (၁၅၀,၀၀၀) ကျပ် နှင့် အထက် အောင်မြင်စွာ ငွေပေးချေမှုပြုလုပ်ခြင်းဖြင့် ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည် ဖြစ်ပြီး အများဆုံးငွေသားဆု တစ်ဆယ့်ငါးသိန်း (၁,၅၀၀,၀၀၀)ကျပ် အထိ ကံထူးနိုင်မည့် အခွင့်အရေးအား ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။
၄။ ဤ Campaignတွင် ပါဝင်ခွင့်ရရှိသူများအနေဖြင့် အောက်ပါ ငွေသားဆုများအား ကံထူးခွင့်ရရှိ နိုင်မည် ဖြစ်ပါသည်။
- Grand Prize ဆုကြီး – တစ်ဆယ့်ငါးသိန်း (၁,၅၀၀,၀၀၀) ကျပ် – (၁)ဆု
- နှစ်သိမ့်ဆု – တစ်သိန်း (၁၀၀,၀၀၀) ကျပ် – (၁၀)ဆု
၅။ ဤ Campaign ကာလအတွင်း KBZ Bank Credit Card ကိုင်ဆောင်သူများသည် KBZ POS စက်များတွင် ပြေစာ တစ်စောင်လျှင် သတ်မှတ်ထားသော ငွေပမာဏ တစ်သိန်းခွဲ (၁၅၀,၀၀၀) ကျပ်နှင့်အထက်အား ငွေပမာဏ များများ သုံးစွဲလေလေ (သို့မဟုတ်) ငွေပေးချေမှု အကြိမ်အရေအတွက် များများ ပြုလုပ်လေလေ အမြင့်ဆုံး ငွေသားဆု တစ်ဆယ့်ငါးသိန်း (၁,၅၀၀,၀၀၀)ကျပ် ကံထူးနိုင်မည့် အခွင့်အရေးများများ ပိုမိုရရှိလေ ဖြစ်ပါသည်။
၆။ ကံထူးရှင်များကို ရွေးချယ်ရာတွင် ၎င်းတို့၏ KBZ Bank Credit Cardများကို ပိတ်သိမ်းရန် လျှောက်လွှာတင်ထားသူများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ ကံထူးသူများ၏ Credit Card သည် System Active ဖြစ်နေပြီး ကံထူးသူသည် Non-Delinquent User ဖြစ်မှသာလျှင် ငွေသားဆုများအား ရရှိခံစားနိုင်မည်ဖြစ်ပါသည်။
၇။ ငွေသားဆုများကို Campaign ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇)ရက်အတွင်း ကံထူးရှင်များ၏ KBZ Bank Credit Card ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ကံထူးရှင်များ၏ ငွေသားဆုများအား ထည့်သွင်းပြီးပါက ကံထူးရှင်များထံသို့ KBZ Bank မှ SMS ပေးပို့အကြောင်းကြား သွားမည် ဖြစ်ပါသည်။
၈။ ငွေသားဆုကံထူးသူများကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော) နှင့် KBZ Bank Official Website များတွင် Campaign ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၇)ရက်အတွင်း ကြေညာပေးမည် ဖြစ်ပါသည်။ ဆုရရှိသည့် ကံထူးရှင်များကို Facebook Page နှင့် Official Website များတွင် ကြေညာရန်အလို့ငှာ ကံထူးသူများ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။
၉။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင် ကံထူးရှင်များကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော)နှင့် Official Website များတွင် ကြေညာမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။
၁၀။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။
၁၁။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZ Bank Credit Card (VISA, UnionPay & MPU) ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကိုရရှိနိုင် မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများ လည်း ကုန်ဆုံး သွားမည်ဖြစ်ပါသည်။
၁၂။ ဤ Campaign အတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၃။ ဤ Campaign နှင့်ပတ်သက်၍ KBZ Bank Credit Card ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank Credit Card ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်း ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
၁၄။ KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) Campaign အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၅။ KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank Credit Card ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၆။ KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။
၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၈။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့်ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင်အမှန်ယူမည်ဖြစ်သည်။