ကမ္ဘောဇဘဏ်သည် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ကို ဂုဏ်ပြုသောအားဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း နှင့် ပူးပေါင်းကာ “အားလုံးအတွက် စကားဝိုင်း” Webinar ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ကမ္ဘောဇဘဏ်အနေဖြင့် အားလုံးပါဝင်နိုင်ပြီး တန်းတူညီမျှမှုရှိသော လုပ်ငန်းခွင် ဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိပါသည်။ ဤရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် မသန်စွမ်းမှုဆိုင်ရာ ဗဟုသုတများ နှင့် လက်တွေ့ကျသည့် ပြုပြင်ပြောင်းလဲမှုများကိုသိရှိမှသာ မိမိနှင့် မသန်စွမ်းလုပ်ဖော်ကိုင်ဖက်များကြား ပိုမိုနားလည်ပြီး လေးစားမှုရှိသော လုပ်ငန်းခွင်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
အစီအစဉ်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပေါ်လာပုံ၊ အားလုံးပါဝင်သော လုပ်ငန်းခွင်ဖြစ်လာစေရန် ဝန်ထမ်းတစ်ဦးချင်းစီမှ ဆောင်ရွက်နိုင်သည့် ပြောင်းလဲမှုများကို ရွှေမင်းသားဖောင်ဒေးရှင်းမှ Founder ဆရာဦးမြတ်သူဝင်း ၊ကမ္ဘောဇဘဏ် လူသားအရင်းအမြစ်ဌာနမှ ဦးသီဟ နှင့်အတူ မသန်စွမ်းဝန်ထမ်းများဖြစ်သည့် ဒေါ်မေသူဇင် ၊ ဒေါ်နှင်းယုမေ နှင့် ဦးထွန်းဝင်းအောင်တို့က အတွေ့အကြုံ ဗဟုသုတများ မျှဝေခဲ့ပါသည်။
ကမ္ဘောဇဘဏ်သည် တန်းတူညီမျှမှုရှိသော အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိရာ၊ လက်ရှိတွင် မသန်စွမ်းဝန်ထမ်း (၁၃) ဦးကို ခန့်အပ်ထားပြီး ဝန်ထမ်းများ၏ လုပ်ငန်းခွင် အရည်အချင်း တိုးတက်မှုအတွက်Training Programများ၊ ဝန်ထမ်းများ၏စွမ်းဆောင်ရည်နှင့် ကြိုးစားအားထုတ်မှုများအတိုင်း တိုးတက်မှုအခွင့်အလမ်းများ ရရှိစေရန် စီစဥ်ဆောင်ရွက်လျက်ရှိသည့်အပြင် မသန်စွမ်းဝန်ထမ်းများကို ကူညီရန်အတွက် သီးသန့် HR Business Partnerတစ်ဦးကိုလည်း ခန့်အပ် ထားရှိပေးထားပါသည်။
အားလုံးပါဝင်နိုင်ပြီး တန်းတူညီမျှမှုရှိသောလုပ်ငန်းခွင်ကို ဖန်တီးနိုင်ရန် ကျင်းပခဲ့သော ဤအစီအစဉ်တွင် ပါဝင်ဆွေးနွေးပေးကြသူများနှင့် ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါသည်။
Webinar Link : Click Here