GME မှတဆင့် ကမ္ဘောဇဘဏ်စာရင်းများနှင့် KBZPay အကောင့်များထဲသို့ တောင်ကိုရီးယားနိုင်ငံမှ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပါပြီ။
တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသော ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများအနေနှင့် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ GME မှတဆင့် ပြည်တွင်းရှိ ကမ္ဘောဇဘဏ်စာရင်းများနှင့် KBZPay အကောင့်များထဲသို့ အချိန်နဲ့တပြေးညီ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ရပါတယ်။
အချိန်တိုအတွင်း ငွေလွှဲပို့နိုင်မည်ဖြစ်ပြီး ငွေလွှဲလက်ခံသူများအနေဖြင့် နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများ၊ ATM များ၊ KBZPay စင်တာများ နှင့် KBZPay အေးဂျင့်များထံတွင် ငွေလွှဲများကို လွယ်ကူမြန်ဆန်စွာ ထုတ်ယူနိုင်မှာလည်းဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက ကမ္ဘောဇဘဏ်၏ International Remittance Website တွင် ကြည့်ရှုနိုင်ပြီး ကမ္ဘောဇဘဏ် Call Center: 09951018555 (8555) သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။