KBZ Credit Card ကိုင်ဆောင်သူလူကြီးမင်းများအနေနဲ့ သက်တမ်းတိုးဖို့လိုအပ်တဲ့အခါ အချိန်ထပ်မံပေးစရာမလိုဘဲ ဘဏ်ခွဲများအထိသွားစရာမလိုအပ်ကြောင်း သတင်းကောင်းပေးချင်ပါတယ်။
သက်တမ်းတိုးရမယ့်နေရာကတော့ KBZ Self-service Banking Portal မှတဆင့် Credit Card Renewal Form မှာ မိမိတို့ရဲ့ Card Information နဲ့ အချက်အလက်များကို ဖြည့်စွက်ပြီး လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
ဒီလို KBZ Self-service Banking Portal ကနေသက်တမ်းတိုးလိုက်တဲ့အခါ
✦ ယခင်ကလို ဖောင်တွေအများကြီးမှာ ရေးမှတ်ပြီး အဆင့်ဆင့်သက်တမ်းတိုးစရာမလိုဘဲ အွန်လိုင်းကနေ လိုအပ်တဲ့အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပြီးတင်နိုင်ခြင်း
✦ နီးစပ်ရာဘဏ်များသို့ သွားစရာမလိုဘဲ အွန်လိုင်းမှတဆင့် ၂၄ နာရီ မိမိအားလပ်ရာအချိန်မှာ သက်တမ်းတိုးနိုင်ခြင်း
✦ ကမ္ဘောဇဘဏ်သို့ ကတ်လာထုတ်ရာမှာလည်း မှတ်ပုံတင်ကတ် (NRC) တစ်မျိုးတည်းသာယူဆောင်ရန်လိုအပ်ခြင်း
✦ ၃ နှစ်တစ်ခါ သက်တမ်းတိုးဖို့လိုအပ်ချိန်မှာလည်း KBZ Call Center မှတဆင့် ဖုန်းခေါ်ဆိုပြီး လိုအပ်တဲ့စာရွက်စာတမ်းအထောက်အထားများကို ပြောပြပေးခြင်း တို့ပဲဖြစ်ပါတယ်။
လျှောက်ထားပုံအဆင့်ဆင့်ကို အောက်ပါလင့်ခ်မှတဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ကတ်လျှောက်ထားရန် – https://bit.ly/3LIToGX
လျှောက်ထားပုံအဆင့်ဆင့်ကိုကြည့်ရန် – https://bit.ly/49SS7a7
အသေးစိတ်ထပ်မံသိရှိလိုပါက KBZ Bank Call Center 09-951018555 (8555) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။