“မြန်မာ့နှစ်ကူးသင်္ကြန်မှာ ပြည်ပငွေလွှဲလက်ခံရင်း ရွှေသားဆုလက်ဆောင်များ ကံထူးနိုင်ခွင့် ” Campaign နှင့်သက်ဆိုင်သောစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ
၁။ “မြန်မာ့နှစ်ကူးသင်္ကြန်မှာ ပြည်ပငွေလွှဲလက်ခံရင်း ရွှေသားဆုလက်ဆောင်များ ကံထူးနိုင်ခွင့်” Campaign ကာလသည် ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ မှ ၂၀၂၅ ခုနှစ် ဧပြီလ (၃၀) ရက်နေ့ အထိကျင်းပမည် ဖြစ်ပါသည်။ ၂။ ဤ Campaign ၏ ရည်ရွယ်ချက်မှာ JadePay သုံးစွဲသူ ကမ္ဘောဇဘဏ် Customer များကို မြန်မာနှစ်သစ်ကူးသင်္ကြန်အထိမ်းအမှတ် ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ရွှေသားဆုများကံစမ်းနိုင်မည့် အခွင့်အရေးရရှိနိုင်ရန် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ ၃။ ဤ Campaign၏ သတ်မှတ်ကာလအတွင်း ကမ္ဘောဇဘဏ်တွင် JadePay ဖြင့် KBZPay Wallet Account သို့မဟုတ် ကမ္ဘောဇဘဏ်စာရင်းများထဲသို့ ထိုင်းနိုင်ငံ မှ...

