International Finance Awards 2023 တွင် ဆုနှစ်ဆု ဆွတ်ခူးခဲ့ခြင်း (ဖေဖော်ဝါရီ၊ ၂၀၂၄)

International Finance မှ ပေးအပ်ခဲ့သော “” Best Mobile Banking App – Myanmar 2023” နှင့် “ Best Cash Management Bank – Myanmar 2023” ဆုနှစ်ခုကို ကမ္ဘောဇဘဏ်မှ ရရှိခဲ့ပါသည်။ International Finance သည် International Finance Publications Limited မှ ထုတ်ဝေသော ပရီမီယံစီးပွားရေးနှင့် ဘဏ္ဍာရေးမဂ္ဂဇင်း ဖြစ်ပြီး ၂၀၂၃ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း ဘဏ်လုပ်ငန်း၊ နည်းပညာ၊ ကျန်းမာရေး၊ ကူးသန်းသွားလာရေး စသော နယ်ပယ်အသီးသီးတွင် ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်နေသော အဖွဲ့အစည်းများကို ရွေးချယ်ပြီး International Finance Awards ကို ချီးမြှင့်ပေးနေသော အဖွဲ့လည်းဖြစ်ပါသည်။

KBZ Bank Receives Two Awards at International Finance Awards 2023 (February, 2024)
KBZ Bank Receives Two Awards at International Finance Awards 2023 (February, 2024)

ကမ္ဘောဇဘဏ်မှ ရရှိခဲ့သော “ Best Mobile Banking App – Myanmar 2023”သည် KBZ Mobile Banking (mBanking) ၏ ငွေလွှဲပြောင်းမှု၊ ငွေပေးချေမှု၊ ကုန်ပစ္စည်းဝယ်ယူမှု၊ ကတ်မဲ့ ATM ငွေထုတ်မှုများအပါအဝင် ပြိုင်ဘက်ကင်းသော ဝန်ဆောင်မှုများကို ‌ဆောင်ရွက်ပေးနေမှု၊ အသုံးပြုသူ (၁.၁) သန်းကျော်ရှိခြင်းစသော စွမ်းဆောင်မှုများအတွက် ရရှိခဲ့ခြင်းဖြစ်ပါသည်။ “ Best Cash Management Bank – Myanmar 2023” ဆုသည် ကမ္ဘောဇဘဏ်၏ ဆန်းသစ်တီထွင်မှု၊ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်မှုနှင့် သုံးစွဲသူဗဟိုပြုမှုတွေပေါ်မူတည်၍ ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ ဤဆုများသည်  ကမ္ဘောဇဘဏ်၏ မြန်မာနိုင်ငံတဝှမ်း လူတိုင်း ရာနှုန်းပြည့် ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ကို အကောင်အထည်ဖော်ရန်အတွက် ပြင်းပြသောဆန္ဒကို မီးမောင်းထိုးပြနေသော ဆုများ ဖြစ်ပါသည်။ ကဏ္ဍအသီးသီးမှ ကျရာတာဝန်ကို အားကြိုးမာန်တက် ဆောင်ရွက်ပေးနေသော ကမ္ဘောဇဘဏ်မှ ဝန်ထမ်း တစ်ဦးချင်းစီနှင့် ထူးချွန်သော Senior Management အဖွဲ့ဝင်များ၏ ဦးဆောင်မှုများကြောင့်သော ဤဆုများကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည့်အတွက် အားလုံးအတွက် ဂုဏ်ယူစရာမှတ်တိုင်တစ်ခုလည်း ဖြစ်ပါသည်။

International Finance Awards 2023 ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲကို ထိုင်းနိုင်ငံ၊ Waldorf Astoria Bangkok တွင် ဇန်နဝါရီလ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး ကမ္ဘောဇဘဏ်မှ Mr. Devanandan Batumalai (Managing Director)၊ ကိုမြတ်ထွန်း (Head of Business Units, Transaction Banking) နှင့် ကိုကျော်ကျော်စိုး (Head of Cash Management) တို့ တက်ရောက်ခဲ့ပါသည်။ ဤပွဲတွင် နယ်ပယ်အသီးသီးမှ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း networking လုပ်ခြင်းနှင့် ကဏ္ဍအသီးသီးတွင် ဆုရရှိခဲ့သူများကို အသိအမှတ်ပြု ဆုချီးမြှင့်ပေးသော အစီအစဉ်များ ပါဝင်ပါသည်။