“လျှော့စျေးနဲ့စျေးဝယ် ဟုန်ပေါင်းလည်းယူမယ်” အစီအစဉ်၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ

၁။     အစီအစဥ်ကာလသည် ၂၀၂၄ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့ မှ  ၂၀၂၄ ခုနှစ် ဖေဖော်၀ါရီလ ၁၅ ရက်နေ့  အထိဖြစ်သည်။

၂။ ဤအစီအစဥ်တွင် KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် ငွေပေးချေသည့် ကတ်ကိုင်ဆောင်သူများအားလုံး ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။ အစီအစဥ်တွင် ပါဝင်ရန်အတွက်-

၃၊၁။ ဤအစီအစဥ်ကာလအတွင်း  ကတ်ကိုင်ဆောင်သူများအနေဖြင့် အပိုဒ် (၄) တွင် သတ်မှတ်ထား သော Merchant ဆိုင်များတွင် ဝယ်ယူပြီး KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် အဆိုပါ Merchant ဆိုင်၏ KBZ POS စက်များတွင်   မည်သည့်ပမာဏကိုမဆို အောင်မြင်စွာငွေပေးချေမှုများ ပြုလုပ်ခြင်းဖြင့်  ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။ 

၃၊၂။ KBZ Bank Debit Card နှင့် KBZ Bank Credit Card (VISA, MPU-UnionPay & MPU) များဖြင့် ငွေပေးချေတိုင်း ငွေသားဆုများ ပြန်လည်ကံစမ်းခွင့်ရရှိနိုင်မှာဖြစ်ပြီး မြန်မြန်ဝယ်ယူ၍ များများကံစမ်းခွင့်များအား ရယူနိုင်မည် ဖြစ်ပါသည်။

၄။    ကတ်ကိုင်ဆောင်သူများအနေဖြင့် ဤအစီအစဥ်တွင် ပါဝင်နိုင်ရန်အတွက် အောက်ပါဇယားတွင် ဖော်ပြထား သော Merchant ဆိုင်များတွင် ဝယ်ယူပြီး KBZ Bank Debit Card နှင့် KBZ Bank Credit Card (VISA, MPU-UnionPay & MPU) များဖြင့် အောင်မြင်စွာငွေပေးချေမှု ပြုလုပ်ရမည်ဖြစ်ပါသည်။ 

NoNameOffer
1UNCLE TETSU (SANCHAUNG)Spend any amount, and Uncle Tetsu will permit you to make a spinning wheel (one time).
Spinning Wheel Prizes’s items- 1,000 MMK- 5,000 MMK- 10,000 MMK- Coffee- Egg Tart- Cream Brulee- Any Cheese Roll- Cool Drink Item
2UNCLE TETSU (LANMADAW)
3UNCLE TETSU (TIME CITY)
4AQUILA BBQ AND RESTAURANT (GROUND)– Spend any amount – 1 Seik Laphat Htaung- Spend 200,000 MMK – 1 Mixed Fruit- Spend 200,000 MMK & Heineken 2 Towels – 1 Limited Hoodie or Ice Color Bag
5AQUILA BBQ AND RESTAURANT (1ST FLOOR)
6G.O.A.T BAR & RESTAURANT
7PRIME GRILL10% Discount
8BABY & ME MYANMAR (SHOP-2)
9BABY & ME MYANMAR (SHOP-3)
10BABY & ME MYANMAR (SHOP-4)
11BABY & ME (MYANMAR PLAZA)
12IMMI BRANDED FASHION
13IMMI BRANDED FASHION
14IMMI BRANDED FASHION ( TIME CITY )
15TIMBERLAND JUNCTION CITY– Up to 50% Discount Limited Gift Voucher- Spend 200,000 MMK – 20,000 Gift Voucher (limited to 5 pcs)- Spend 100,000 MMK – 10,000 Gift Voucher (limited to 10 pcs) Promo period: till 29th February 2024
16TIMBERLAND JUNCTION SQUARE– Up to 50% Discount Limited Gift Voucher- Spend 200,000 MMK – 20,000 Gift Voucher (limited to 5 pcs)- Spend 100,000 MMK – 10,000 Gift Voucher (limited to 10 pcs) Promo period: till 29th February 2024
17MIX JUNCTION CITY– Up to 50% DiscountLimited Gift Voucher- Spend 100,000 MMK – 10,000 Gift Voucher (limited to 10 pcs)- Spend 50,000 MMK – 5,000 Gift Voucher (limited to 20 pcs)Promo period: till 29th February 2024
18MANDALAY SA SHOP
19MYANMAR OUTLETS
20PAPILLON – JUNCTION SQUARE
21PAPILLON – JUNCTION MAWTIN
22PAPILLON – SAN YEIK NYEIN (GMP)
23PAPILLON – NORTH POINT OCEAN
24PAPILLON – CITY MALL (ST-J)
25PAPILLON – CAPITAL YANGON
26PAPILLON (SHWE PIN LON)
27PAPILLON – TERMINAL MALL
28PAPILLON – JUNCTION NAYPYITAW
29PAPILLON – OCEAN MAWLAMYINE
30PAPILLON – OCEAN MINGALAR MANDALAY
31RIPPLES – MYANMAR PLAZA
32RIPPLES – JUNCTION CITY
33RIPPLES – JUNCTION SQUARE
34RIPPLES – SAN YEIK NYEIN (GMP)
35RIPPLES – NORTH POINT OCEAN
36RIPPLES – CITY MALL (ST-J)
37RIPPLES – CAPITAL YANGON
38RIPPLES – TERMINAL MALL
39RIPPLES (SHWE PIN LON)
40RIPPLES (JUNCTION SQUARE SENSE)
41RIPPLES(JUNCTION CITY SENSE)
42RIPPLES(TAMWE OCEAN SENSE)
43RIPPLES – TERMINAL MALL – SENSE
44RIPPLES – OCEAN MINGALAR MANDALAY
45RIPPLES – OCEAN MAWLAMYING
46RIPPLES – JUNCTION NAYPYITAW
47RIPPLES – OCEAN MAWLAMYING SENSE
48SOON – MYANMAR PLAZA
49SOON – JUNCTION CITY
50SOON – JUNCTION SQUARE
51SOON – SAN YEIK NYEIN (GMP)
52SOON – NORTH POINT OCEAN
53SOON – CITY MALL (ST-J)
54SOON – CAPITAL YANGON
55SOON – TERMINAL MALL
56SOON – JUNCTION 8
57SOON – KABARAYE GAMONE PWINT
58SOON – OCEAN MAWLAMYINE
59SOON – OCEAN MINGALAR MANDALAY
60ARMANI EXCHANGE (JUNCTION CITY)
61ARMANI EXCHANGE – MYANMAR PLAZA
62ARMANI EXCHANGE(SULE SQUARE)
63EMPORIA ARMANI (SULE SQUARE)
64NTH DEGREEWeekdays Promotion- Monday: Beer Free Flow program at a very reasonable price- Tuesday: Open Mic program- Wednesday: Wine by the Glass (Buy 2 Get 1)- Thursday: Beef Skewer and Chicken Skewer Giveaway with every purchase of whiskey- Friday and Saturday: Band program
Other Promotion- Surprise Chef Special Packages

၅။     ဤအစီအစဥ်တွင် ပါဝင်ခွင့်ရရှိသူများအနေဖြင့် အောက်ပါ ‌ဟုန်ပေါင်း(အန်ပေါင်း) များအား  ကံထူးခွင့် ရရှိ နိုင်မည် ဖြစ်ပါသည်။ 

  • မုန့်ဖိုး ငွေကျပ် ၂၀,၀၀၀ ဆု – (၂၀) ဆု 
  • မုန့်ဖိုး ငွေကျပ် ၁၀,၀၀၀ ဆု – (၃၀) ဆု 
  • မုန့်ဖိုး ငွေကျပ်  ၅,၀၀၀ ဆု – (၅၀) ဆု 

၆။ ငွေသားဆုကံထူးသူများကို KBZ Bank Official Facebook Page  (အပြာရောင်အမှန်ခြစ်ပါသော)နှင့်  Official Website များတွင် ကြေညာပေးမည် ဖြစ်ပါသည်။ ဆုရရှိသည့် ကံထူးရှင်များကို Social Media များ နှင့် Website များ တွင် ကြေညာရန်အလို့ငှာ  လက်ဆောင်ကံထူးသူများ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။ 

၇။​     ထို့နောက် KBZ Bank မှ  ကံထူးသူများကို SMS ပေးပို့၍အကြောင်းကြားသွားမည်ဖြစ်ပြီး ထို SMS တွင် ကံထူးသူသည် မည်သည့် ငွေသားဆုလက်ဆောင် ရရှိသည်ဆိုသည်ကို အသိပေး သွားမည်ဖြစ်သည်။

၈။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေးအချက် အလက်များ၊  OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက် အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။ ငွေသားဆုများကို ကံထူးသူ၏ KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) Card နှင် ချိတ်ဆက်ထားသော ဘဏ်အကောင့်ထဲသို့သာ ဆုရရှိသည့် ကံထူးရှင်များကို Social Media များ နှင့် Official Website များ တွင် ကြေညာသည့်နေ့ရက်မှစ၍ သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ထည့်ပေးမည် ဖြစ်ပါသည်။  ဘဏ်အကောင့်ထဲသို့ငွေသား ဆုများထည့်သွင်းပြီးပါက ကံထူးသူထံသို့ SMS ပေးပို့အကြောင်းကြား ပေးသွားပါမည်။ အစိုးရ ရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bankမှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ကံထူးရှင် များအား ကြေညာမည့်အချိန်နှင့် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။ 

၁၀။ ကံထူးသူများသည် ၎င်းတို့၏ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ငွေသား အဖြစ် လဲလှယ်ခြင်းအား ခွင့်မပြုပါ။ 

၁၁။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ကတ်ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည် နှင့်တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၂။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။  ဤအစီအစဉ်နှင့်ပတ်သက်၍ KBZ Bank ကတ်ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank ကတ်ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၄။   KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေ အရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၅။   KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZ Bank ကတ်ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူ ပါသည်။

၁၆။   KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Merchant ဆိုင်များ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၁၇။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။   KBZ Bankသည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ Bank အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bankမှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။