နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းအား နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆု ပေးအပ်ချီးမြှင့်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းအား နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆု ပေးအပ်ချီးမြှင့်

နိုင်ငံတော်သမ္မတအိမ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်၌ ဇန်နဝါရီလ (၂၄) ရက်နေ့ (ယနေ့) ကျင်းပခဲ့သော ၂၀၁၇ – ၂၀၁၈ စည်းကြပ်နှစ်အတွက် အခွန်အများဆုံး ပေးဆောင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းအား ၂၀၁၁ -၂၀၁၂ စည်းကြပ်နှစ်မှ ၂၀၁၇ – ၂၀၁၈ စည်းကြပ်နှစ်အထိ တစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၇)နှစ်ဆက်တိုက် ဝင်ငွေခွန်အများဆုံးထမ်းဆောင်မှုအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့သော ကမ္ဘောဇဘဏ်အား နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ရာ ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းမှ လက်ခံရယူခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်း အပါအဝင် ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်တွင် နိုင်ငံတော် အခွန်ဘဏ္ဍာအတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံး ထမ်းဆောင်ခဲ့သော ပြည်တွင်းနှင့် ပြည်ပလုပ်ငန်းရှင်(၄၆)ဦးနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ကမ္ဘောဇဘဏ်လီမိတက်သည် အခွန်ဘဏ္ဍာတာဝန်ကို မြန်မာတစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၇)နှစ်ဆက် ကျေပွန်စွာသယ်ပိုးထမ်းဆောင် ခဲ့ပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တစ်ထောင့်တစ်နေရာမှ နေ့မအား၊ ညမနား အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။

ထို့အပြင် ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်များဖြစ်သော ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့်တို့ ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ဖောင်ဒေးရှင်း စတင်တည်ထောင်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ယနေ့အထိ ကဏ္ဍအသီးသီးတွင် လူမျိုးဘာသာမရွေး၊ နေရာဒေသမရွေးဘဲ နိုင်ငံတော်နှင့် ပြည်သူအတွက် စုစုပေါင်းကျပ်ငွေ (၁၅၂) ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။