ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူများ ဘဏ်မလိုဘဲ အသုံးပြုသူအချင်းချင်း ငွေရှင်း၊ ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ် ပြုလုပ်နိုင်သော ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်အသစ် KBZPay ဖြင့် မိတ်ဆက်

လွန်ခဲ့သည့် သုံးလခန့်မှစတင်၍ ကမ္ဘောဇဘဏ်၏ မိုဘိုင်းလ်ပိုက်ဆံအိတ် အသုံးပြုရန် စာရင်းပေးသွင်းသူများ ရှိနေပြီဖြစ်ပြီး လူထုနှင့် တိုက်ရိုက်တွေ့ဆုံနိုင်သည့် ပွဲများပြုလုပ်ကာ ဒစ်ဂျစ်တယ် ငွေကြေးစီမံခန့်ခွဲမှု စနစ်အသစ်ဖြင့် ချိတ်ဆက်ပေးခဲ့ပါသည်။

ရန်ကုန်၊ မြန်မာ၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ၂၀၁၈ ခုနှစ် – မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် KBZPay ဝန်ဆောင်မှုကို လူထုစိတ်ဝင်စားမှုရရှိပြီး စာရင်းပေးသွင်း အသုံးပြုမှု များပြားလာရန် လူအများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်သည့် လှုပ်ရှားမှုများ ကျင်းပပြုလုပ်၍ မိတ်ဆက်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ထိပ်တန်း ဘဏ်တစ်ခုဖြစ်သည်နှင့်အညီ ဘဏ်ခွဲမရှိသည့် နေရာဒေသများတွင် နေထိုင်သော ပြည်သူများထံ ဘဏ်လုပ်ငန်း ဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှု ဝန်ဆောင်မှုများကို ပိုမို လက်လှမ်းမီစေရန် တစ်ဆင့်ချင်း ဆောင်ရွက်လျက် ရှိပါသည်။ KBZPay မှတစ်ဆင့် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူများအတွက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်စီးပွားရေး စနစ်တစ်ခု ပေါ်ပေါက်လာစေပြီး လူနေမှုဘဝ တိုးတက်ကောင်းမွန်စေရန် ဖန်တီးလုပ်ဆောင်ပေးနိုင်တော့မည် ဖြစ်ပါသည်။

KBZPay ဆိုသည်မှာ မိုဘိုင်းဖုန်းအတွင်း အက်ပလီကေးရှင်းတစ်ခု ပုံစံဖြင့် ထည့်သွင်းထားနိုင်သော ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် သို့မဟုတ် ငွေအိတ်တစ်ခု ဖြစ်ပါသည်။ အသုံးပြုသူများမှာ KBZPay တွင် ငွေထည့်သွင်း ကိုင်ဆောင်နိုင်ရုံသာမက ငွေစက္ကူအသုံးပြုရန်မလိုဘဲ တစ်ဦးနှင့်တစ်ဦး ငွေပေးပို့၊ လက်ခံနိုင်ပြီး တရားဝင် ကိုယ်စားလှယ်များမှတစ်ဆင့် ငွေသား ပြန်လည်ထုတ်ယူ၊ ထည့်သွင်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ နိုင်ငံတစ်ဝှမ်း မည်သည့်နေရာမှမဆို ဒေါင်းလုဒ်ပြုလုပ် ထည့်သွင်းနိုင်ပြီဖြစ်သော KBZPay သည် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပိုမို လုံခြုံရိုးရှင်းလွယ်ကူစွာဖြင့် ဝန်ဆောင်မှုပေးနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။

KBZPay အသုံးပြုသူများ ရရှိနိုင်သော အောက်ပါအကျိုးကျေးဇူးများကြောင့် လက်ရှိအချိန်တွင် ငွေစက္ကူ အဓိကထား အသုံးပြုနေရသည့် လူမှုပတ်ဝန်းကျင်အတွက် ကြုံတွေ့နေရသော အခက်အခဲများကို လျော့နည်းစေမည် ဖြစ်သည်။

  • ကမ္ဘောဇဘဏ် ဘဏ်ခွဲများနှင့် တရားဝင် ကိုယ်စားလှယ်များမှတစ်ဆင့် မိုဘိုင်းပိုက်ဆံအိတ်အတွင်း ငွေသား ထည့်သွင်း၊ ထုတ်ယူမှုများ အလွယ်တကူ ပြုလုပ်နိုင်ခြင်း
  • မိသားစု၊ သူငယ်ချင်း သို့မဟုတ် မြန်မာနိုင်ငံအတွင်းရှိ KBZPay အသုံးပြုသူ မည်သူနှင့်မဆို လက်ဖြင့် တို့ထိလိုက်ရုံဖြင့် ငွေသားမလိုဘဲ ငွေလွှဲနိုင်မည်ဖြစ်သောကြောင့် ငွေပို့၊ ငွေလက်ခံခြင်းများကို ချက်ချင်း ပြုလုပ်နိုင်ပါသည်။
  • ဘေလ်ပေးဆောင်ခြင်း လုပ်ဆောင်ချက်များအတွက် Quickpay အသုံးနိုင်ခြင်း
  • မိမိ လက်ထဲတွင် ၂၄ နာရီပတ်လုံးရှိနေမည့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သောကြောင့် လက်ကျန်ငွေကို အချိန်မရွေး စစ်ဆေးနိုင်ခြင်
  • မည်သည့် ငွေပမာဏဖြစ်စေ အတိအကျ ပေးချေနိုင်သောကြောင့် ငွေအကြွေ ပြဿနာကို ဖြေရှင်းပေးခြင်
  • မိမိ ခွင့်ပြုချက်မရဘဲ မည်သူတစ်ဦးတစ်ယောက်မှ ငွေလွှဲ၊ ငွေထုတ် မပြုလုပ်နိုင်သောကြောင့် ခိုးယူ၊ လိမ်ညာ ခံရမှု လျှော့ချပေးနိုင်ခြင်း
  • အသုံးပြုသူများနှင့် စီးပွားရေးလုပ်ငန်းများ နှစ်ဘက်လုံးတွင် ငွေသားမလိုဘဲ ငွေလွှဲပြောင်း၊ လက်ခံ နိုင်သောကြောင့် ငွေစက္ကူများ ရေတွက်သိမ်းဆည်းရခြင်း လျော့နည်းသွားပြီး အချိန်ကုန် သက်သာနိုင်ခြင်း
  • KBZPay အက်ပလီကေးရှင်း အသုံးပြု၍ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုတစ်ခု ပြုလုပ်လိုက်တိုင်း အသေးစိတ် အချက်လက်များဖြစ်သော နေ့ရက်၊ အချိန်၊ အမည် စသည်တို့ကို ကြည့်ရှုနိုင်မည်ဖြစ်သောကြောင့် ငွေကြေးဆိုင်ရာ အငြင်းပွားမှုများကို ပိုမို ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း

KBZPay စတင် မိတ်ဆက်ခဲ့သည့် လွန်ခဲ့သော သုံးလမှစတင်၍ ကမ္ဘောဇဘဏ်အနေဖြင့် စနစ်တကျ အသုံးပြုနိုင်မှု အခြေအနေကို စမ်းသပ်ခြင်း၊ ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးအပ်နိုင်ရန် အသုံးပြုသူများထံမှ အကြံပြုချက်များကို လက်ခံခြင်း၊ မြန်မာနိုင်ငံ၏ အကောင်းဆုံး ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုအဖြစ် တိုးတက်ပြောင်းလဲလာစေရန် အဓိကထား ဆောင်ရွက်ခြင်းတို့ ပြုလုပ်လျက်ရှိပါသည်။

မကြာသေးမီက လူအများပါဝင်နိုင်သည့် “KBZPay Day” ပွဲတစ်ခုကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာပလာဇာရှိ ပရိုမိုးရှင်း ဧရိယာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကမ္ဘောဇဘဏ်မှ ထောင်ပေါင်းများစွာသော လူအများအား KBZPay ဖြင့် မိတ်ဆက်ပေးနိုင်ခဲ့ပြီး အသုံးပြုသူအသစ်များအတွက် စာရင်းသွင်းပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ အဆိုပါ အစီအစဉ် မှတစ်ဆင့် ငွေသားမဲ့ ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များ၏ အဆင်ပြေချောမွေ့ပုံကို လူပေါင်းများစွာ လက်တွေ့ အသုံးချ သိရှိနိုင်ခဲ့ကြသည်။ ထို့အပြင် Huawei နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) တို့ဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး အထူးကံစမ်းမဲ အစီအစဉ်များလည်း ပြုလုပ်ခဲ့ပါသည်။

ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် Mike DeNoma က “နိုင်ငံရဲ့ လူဦးရေ (၉၀) ရာခိုင်နှုန်းမှာ မိုဘိုင်းဖုန်း တစ်လုံးစီ ရှိနေကြပေမယ့် ဘဏ်အကောင့်တစ်ခုစီမရှိကြသေး ပါဘူး။ KBZPay အသုံးပြုပြီး မြန်မာနိုင်ငံ အနှံ့အပြားက ပြည်သူတွေထံ သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် ငွေကြေးစီမံ ခန့်ခွဲနိုင်တဲ့ စွမ်းဆောင်ရည်ကို သူတို့လက်ထဲရောက်အောင် ပို့ဆောင်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ Market Research အရ (၈၀) % ဟာ ငွေအကြွေ အလုံအလောက် မရှိတဲ့အတွက် ကျသင့်ငွေကို အတိအကျ ပေးချေဖို့ထက် အတိုးအလျော့လုပ်ပြီး ပေးနေရတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုထားပါတယ်။” ဟု ပြောသည်။

KBZPay အကောင့်ဖွင့်လှစ်ရန် စာရင်းပေးသွင်းခြင်း

လူတစ်ဦးတွင် ဘဏ်အကောင့်တစ်ခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ MPT ၊ Telenor ၊ Ooredoo နှင့် MyTel မိုဘိုင်း ဖုန်းနံပါတ် အသုံးပြုထားသော စမတ်ဖုန်းတစ်လုံး ရှိရုံဖြင့် KBZPay အကောင့်ကို အခမဲ့ စာရင်းသွင်း ဖွင့်လှစ်နိုင်သည်။ ပထမဦးစွာ KBZPay အက်ပလီကေးရှင်းကို Google Play Store သို့မဟုတ် Apple App Store သို့မဟုတ် www.kbzpay.com တွင် ဒေါင်းလုဒ်ပြုလုပ်ရမည် ဖြစ်သည်။

KBZPay ၏ ပုံမှန်ဝန်ဆောင်မှုအချို့ကို ရယူအသုံးပြုနိုင်ရန် အသုံးပြုသူများအနေဖြင့် နှစ်မိနစ်ခန့် အချိန်ပေး၍ အကောင့်တစ်ခု ဖွင့်လှစ်ရမည် ဖြစ်ပါသည်။ ယေဘုယျ အချက်အလက်များဖြစ်သော မွေးနေ့၊ နိုင်ငံသားမှတ်ပုံတင် အမှတ်၊ ဖုန်းနံပတ် စသည်တို့ကို ဖြည့်စွက်၍ အကောင့်အသုံးပြုရန် စကားဝှက်တစ်ခု ထည့်သွင်းပေးရမည် ဖြစ်သည်။

KBZPay ၏ ငွေသွင်း၊ ငွေထုတ်ခြင်းကဲ့သို့ ဝန်ဆောင်မှုများ အားလုံးကို ဆောင်ရွက်နိုင်ရန်အတွက် အသုံးပြုသူများ အနေဖြင့် မိမိတို့နှင့် အနီးဆုံး ကမ္ဘောဇဘဏ် ဘဏ်ခွဲသို့မဟုတ် ကိုယ်စားလှယ်ထံတွင် နိုင်ငံသား မှတ်ပုံတင်ကတ်ဖြင့် သေချာစွာစစ်ဆေးပြီး စာရင်းပေးသွင်းမှသာ စတင်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ကမ္ဘောဇဘဏ် ဝန်ထမ်းများအားလုံးမှာ အချိန်မရွေး၊ နေရာမရွေး ပထမအဆင့်မှ ဒုတိယအဆင့် စာရင်းပေးသွင်းခြင်းအထိ ပြီးမြောက်စေရန် ကူညီဆောင်ရွက်ပေးနိုင်ပါသည်။ အသုံးပြုသူများမှာ KPZPay အက်ပလီကေးရှင်းအား ကမ္ဘောဇဘဏ်အကောင့်ဖြင့် ချိတ်ဆက်၍ မိမိတို့၏ မိုဘိုင်းပိုက်ဆံအိတ်အတွင်း အလွယ်တကူ ငွေဖြည့်နိုင်မည် ဖြစ်ပါသည်။

KBZPay တရားဝင်ကိုယ်စားလှယ်အဖြစ် စာရင်းပေးသွင်းရန် သို့မဟုတ် ပူးပေါင်းလုပ်ကိုင်ရန် ကမ္ဘောဇဘဏ် အား +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ သို့မဟုတ် [email protected] မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

KBZPay အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက https://www.kbzpay.com တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

ကမ္ဘောဇဘဏ်အကြောင်း

ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း (၅၀၀) ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကပိုင် ဘဏ်ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် အခြေစိုက်သည့် ကမ္ဘောဇဘဏ်သည် နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန်အတွက် အိမ်နီးချင်းဈေးကွက်များတွင် ရုံးခွဲများ ဖွင့်လှစ်နိုင်သည့် ပထမဆုံးသော မြန်မာဘဏ်လည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လူမှုဘဝအရည်အသွေးကို ဘဏ်လုပ်ငန်းမှတစ်ဆင့် တိုးမြှင့်ရန်ဟူသော ရည်မှန်းချက် နှင့်အတူ ကမ္ဘောဇဘဏ်သည် လက်ရှိတွင် မြန်မာနိုင်ငံ၏ retail နှင့် commercial ဘဏ်လုပ်ငန်းတွင် ဈေးကွက်၏ ၄၀% ကို ရယူထားပါသည်။ ကမ္ဘောဇဘဏ်သည် တီထွင်ဆန်းသစ်မှု ဆိုင်ရာ အခွင့်အလမ်းများ၊ မြန်မာပြည်သူလူထု၏ လိုအပ်ချက်နှင့် နိုင်ငံ၏ တမူထူးခြားသည့် စီးပွားရေးပုံစံ အခင်းအကျင်းကို ကောင်းစွာ သဘောပေါက် နားလည်သည့်အားလျော်စွာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍကို၊ အထူးသဖြင့် ဒစ်ဂျစ်တယ် နည်းပညာကဏ္ဍများတွင် ရှေ့ပြေး ဦးဆောင်လျက် ရှိပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ပိုမိုလွတ်လပ် ကျယ်ပြန့်လာသည်နှင့်အမျှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည့် စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်းများရှိလာမည့်အတွက် ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ အရှိန်အဟုန်နှင့် တိုးတက်ဖြစ်ထွန်းနေသည့် မြို့ကြီးများ၊ စွန့်ဦးတီထွင်သူများ၊ ဒေသတွင်း လူမှုအသိုက်အဝန်းများကို အရေးပါ၍ အချက်အချာ ကျသည့် ပေါင်းကူးတံတားအဖြစ် ပံ့ပိုးပေးလျက် ရှိပါသည်။

www.kbzbank.com

ထပ်မံ မေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် –

Chilli Agency

မမြမြသူ
ဖုန်း – ၀၉ ၉၇၃၂ ၆၇၅၇၉
မေးလ် [email protected]

မနှင်းနုလွင်
ဖုန်း – ၀၉ ၄၅၂၂၃ ၃၃၀၅
မေးလ် [email protected]