ကုန်စည်စီးဆင်းမှု/သိုလှောင်မှုစီမံခန့်ခွဲခြင်းနှင့် အကြံပြုချက်

KBZ ဘဏ်မှ လူကြီးမင်းတို့၏ ပြည်တွင်းနှင့်နိုင်ငံတကာ ကုန်စည်စီးဆင်းမှု/သိုလှောင်မှုဆိုင်ရာဖြစ်စဉ်တွင် လုပ်ငန်းလည်ပတ်ငွေ တိုးတက်ကောင်းမွန်မှုရှိစေရန်အတွက် ကူညီပေးရန် အသင့်ရှိနေပါသည်။ ထောက်ပံ့ရေးကွင်းဆက်ချေးငွေပံ့ပိုးချင်းဆိုင်ရာစုံလင်သောဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသေးစိတ်ကြည့်ရှုနိုင်ရန်ဖိတ်ခေါ်ပါသည်။

ဝန်ဆောင်မှုအကြောင်းအရာ

  • ကုန်ပို့လွှာအတွက်ငွေကြေးထောက်ပံ့ခြင်း – အဝယ် ဆိုသည်မှာ ငွေပေးကတိစာချုပ်အရ ကုန်ပစ္စည်းများဝယ်ယူရန်အတွက် ဝယ်သူ (ငွေချေးယူသူ) အားရေတိုအားဖြင့်ဘဏ္ဍာရေးအထောက်အကူပေးခြင်းဖြစ်သည်။ ဤဝန်ဆောင်မှုသည် ကုန်တင်ပို့ခြင်းမရှိသေးမီနှင့်ကုန်တင်ပို့ပြီးနောက်ပိုင်း နှစ်ခုလုံးအတွက်အကျုံးဝင်သည်။
  • လုပ်ငန်းကြီးများအနေဖြင့် ကုန်ပို့လွှာအတွက်ငွေကြေးထောက်ပံ့ခြင်း – အဝယ် အတွက် လျှောက်ထားရပါမည်။

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • ငွေချေးယူသူ၏ဘဏ္ဍာရေးလိုအပ်ချက် နှင့်ကိုက်ညီမှုရှိခြင်း
  • စောလျင်စွာပေးချေမှုပြုလုပ်ထားသည့်အတွက် ရောင်းသူနှင့် ဈေးနှုန်းညှိနှိုင်းပြီး အကျိုးအမြတ်ရနိုင်ခြင်း
  • ကုန်ပစ္စည်းပေးသွင်းသူထံသို့အမြန်ပေးချေမှုပြုလုပ်ထားသည့်အတွက် ဝယ်သူ-ပေးသွင်းသူအကြားဆက်ဆံရေးခိုင်မာလာစေခြင်း

လိုအပ်သောစာရွက်စာတမ်းများ

၁။ ကုန်ပို့လွှာအတွက်ငွေကြေးထောက်ပံ့ခြင်း – အဝယ်လျှောက်လွှာပုံစံ

၂။ အရောင်းစာချုပ်နှင့် သို့မဟုတ် ကြိုတင်ကြွေးမြီအာမခံထားသည့်ကုန်ပို့လွှာ

၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပေးထားသည့် သွင်းကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏ letter head ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲလုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ

၄။ ကုန်တင်ပို့ပြီးနောက် သင်္ဘောတင်အထောက်အထားလက်မှတ်မိတ္တူများ

ဝန်ဆောင်မှုအကြောင်းအရာ

  • ကုန်ပို့လွှာအတွက်ငွေကြေးထောက်ပံ့ခြင်း – အရောင်းဆိုသည်မှာ ဝယ်လက်က ရက်စေ့ရောက်သည့်နေ့တွင် ပေးချေမှုမလုပ်မီ ငွေပေးကတိစာချုပ် သက်တမ်း အရ ကုန်ပစ္စည်းရောင်းချမှု အား ရောင်းသူ/ကုန်တင်ပို့သူ က ၎င်းလက်ခံနိုင်သော စာရင်းတွင် လက်ခံရရှိနိုင်စေပြီး ၎င်းတို့အားဘဏ္ဍာရေးအရအထောက်အကူဖြစ်ရန် ရေတိုဝန်ဆောင်မှုပေးခြင်းဖြစ်သည်။
  • လုပ်ငန်းကြီးများအနေဖြင့် ကုန်ပို့လွှာအတွက်ငွေကြေးထောက်ပံ့ခြင်း – အရောင်းဝန်ဆောင်မှုအတွက်လျှောက်ထားရပါမည်။

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • လုပ်ငန်းအတွင်းငွေဖြစ်လွယ်မှု တိုးတက်လာစေရန် ကုန်တင်ပို့ပြီးနောက် ကုန်ပို့သူအနေဖြင့် ကြိုတင်ငွေရရှိနိုင်ခြင်း
  • ကုန်တင်ပို့ပြီးနောက် ငွေကြေးအထောက်အပံ့ကိုရယူနိုင်ခွင့်ရှိခြင်း
  • အရောင်းအတွက် နိုင်ငံခြားငွေ နှင့်ပြည်တွင်းသုံးငွေနှစ်မျိုးလုံးကိုရယူနိုင်ခြင်း

Documents Required

၁။ ကုန်ပို့လွှာအတွက်ငွေကြေးထောက်ပံ့ခြင်း – အရောင်း လျှောက်လွှာပုံစံ

၂။ ကုန်ပို့လွှာမိတ္တူ

၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်မူရင်း သို့မဟုတ် ကုမ္ပဏီ၏ letter head ဖြင့် လိုင်စင်ထုတ်ပေးရခြင်းမရှိသေးဘဲလုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည့်စာ

ကုန်စည်စီးဆင်းမှု/သိုလှောင်မှုဆိုင်ရာဘဏ္ဍာရေးအထောက်အကူပေးရေးဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက်ပြီး KBZ ဘဏ်၏ Trade Specialist များနှင့်ညှိနှိုင်းတိုင်ပင်နိုင်ပါသည်။

Contact Us Today

[email protected]

Call Us Now

+95 1 2307169, +959 455832464